
0
64




ဟောင်ကောင်နယ်စပ်ကို တရုတ်က တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်

တရုတ်နဲ့ ဟောင်ကောင်တို့ တင်းမာမှု မြင့်တက်နေချိန်မှာ တရုတ်ဟာ ဟောင်ကောင်နဲ့ အနီးစပ်ဆုံးမြို့ကို စစ်တပ် တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ခဲ့ပါတယ်။

ဟောင်ကောင် ဆန္ဒပြမှုတွေအပေါ် တရုတ်က သတိပေးနေချိန်မှာပဲ စစ်တပ် တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ သံချပ်ကာ ကားတွေ၊ စစ်ကားတွေဟာ ဟောင်ကောင်နယ်စပ်ကို သွားရောက်ခဲ့ပြီး နယ်စပ်မှာ စစ်ရေးလေ့ကျင့်နေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လူစားလဲလှယ်သွားမယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။

ဟောင်ကောင်မှာ ဒီမိုကရေစီ ထောက်ခံရေး ဆန္ဒပြမှုတွေ သုံးလကျော်ကြာ ဖြစ်နေပြီး သဘောတူညီမှု မရသေးဘဲ ဆန္ဒပြပွဲကို ဖြိုခွဲရာမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ပါတယ်။