ေသာက္ေရသန္႔ လုပ္ငန္းေတြကို ေရွာင္တခင္စစ္ေဆးၿပီး ယာယီရပ္ဆိုင္း အေရးယူ

0
534

ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္နဲ႔ ေျမာက္ဥကၠလာပၿမိဳ႕နယ္ မွာရွိတဲ့ ေသာက္ေရသန္႔ လုပ္ငန္းေတြကို ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးခဲ့ၿပီး စက္႐ံုတစ္ခ်ိဳ႕ကို ယာယီ ရပ္ဆိုင္း အေရးယူခဲ့ပါတယ္။

ဇြန္လ ၄ ရက္ေန႔က အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနခြဲ – ရန္ကုန္ အဖြဲ႔ဟာ   ၿမိဳ႕နယ္အစားအေသာက္ ေဆးဝါးႀကီးၾကပ္ကြပ္ကဲေရး ေကာ္မတီဝင္ေတြနဲ႔အတူ ​ေတာင္​ဥကၠလာပၿမိဳ႕နယ္​နဲ႔ ​ေျမာက္​ဥကၠလာပၿမိဳ႕နယ္တို႔ရွိ အစားအေသာက္ထုတ္လုပ္ျခင္း ေထာက္ခံခ်က္ရ႐ွိထားတဲ့ ေသာက္ေရသန္႔ လုပ္ငန္းေတြကို  ေ႐ွာင္တခင္ ကြင္းဆင္းစစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

ေသာက္ေရသန္႔ လုပ္ငန္းအခ်ိဳ႕ဟာ စက္႐ုံဖြဲ႔စည္းပံု (Layout) ကိုက္ညီမႈမရွိတာေတြ၊ စက္ရံုအတြင္း၊ အျပင္ သန္႔႐ွင္းမႈ မရွိတာေတြနဲ႔ ေကာင္းမြန္တဲ့ သိုေလွာင္မႈ အေလ့အက်င့္တို႔ မရွိတာေတြေၾကာင့္ ယာယီရပ္ဆုိင္း အေရးယူခဲ့တာပါ။

သောက်ရေသန့် လုပ်ငန်းတွေကို ရှောင်တခင်စစ်ဆေးပြီး ယာယီရပ်ဆိုင်း အရေးယူ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ် မှာရှိတဲ့ သောက်ရေသန့် လုပ်ငန်းတွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး စက်ရုံတစ်ချို့ကို ယာယီ ရပ်ဆိုင်း အရေးယူခဲ့ပါတယ်။

ဇွန်လ ၄ ရက်နေ့က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ – ရန်ကုန် အဖွဲ့ဟာ မြို့နယ်အစားအသောက် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်တွေနဲ့အတူ ​တောင်​ဥက္ကလာပမြို့နယ်​နဲ့ ​မြောက်​ဥက္ကလာပမြို့နယ်တို့ရှိ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ရရှိထားတဲ့ သောက်ရေသန့် လုပ်ငန်းတွေကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

သောက်ရေသန့် လုပ်ငန်းအချို့ဟာ စက်ရုံဖွဲ့စည်းပုံ (Layout) ကိုက်ညီမှုမရှိတာတွေ၊ စက်ရုံအတွင်း၊ အပြင် သန့်ရှင်းမှု မရှိတာတွေနဲ့ ကောင်းမွန်တဲ့ သိုလှောင်မှု အလေ့အကျင့်တို့ မရှိတာတွေကြောင့် ယာယီရပ်ဆိုင်း အရေးယူခဲ့တာပါ။