ေသဒဏ္ခ်ခံထားရတဲ့ ဝင္းနဲ႔ေဇာ္ အတြက္ အသနားခံစာတင္ေရး ထုိင္းေရွ႕ွေနေကာင္စီနဲ႔ ေဆြးေႏြးခဲ့

0
55

ျမန္မာႏုိင္ငံသား အက်ဥ္းသားေတြျဖစ္တဲ့ ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္းထြန္းတုိ႔အတြက္ အသနားခံစာတင္ေရး ထုိင္းေရွ႕ေနေကာင္စီနဲ႔ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာသံအမတ္တို႔ မေန႔ ေအာက္တုိဘာလ ၈ ရက္ေန႔မွာ ျမန္မာသံ႐ံုး ဘန္ေကာက္ၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကပါတယ္။

အဲဒီအစည္းအေဝးမွာ ထုိင္းေရွ႕ေနေကာင္စီက ျပင္ဆင္ထားတဲ့ အသနားခံစာ (မူၾကမ္း) ကုိ လာမယ့္ ေအာက္တုိဘာလ ၁၄ ရက္ေန႔မွာ တင္ျပသြားမွာျဖစ္ၿပီး အဲဒီအသနားခံစာ (မူၾကမ္း) ကုိ ျမန္မာႏုိင္ငံ ဥပေဒအႀကံျပဳအဖြဲ႔က အတည္ျပဳခ်က္ရယူၿပီး ထိုင္းဘုရင္ကုိ ေအာက္တုိဘာလ ၂၁ ရက္ေန႔မွာ တင္သြင္းသြားမွာ ျဖစ္ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးေရးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာသံ႐ုံးအေနနဲ႔လည္း အက်ဥ္းက် ျမန္မာႏိုင္ငံသားႏွစ္ဦးအတြက္ အသနားခံစာ တင္ျပရာမွာ လုိအပ္တဲ့  အေထာက္အထားေတြျဖစ္တဲ့ ေမြးစာရင္း၊ အိမ္ေထာင္စုစာရင္း၊ အရင္ကျပစ္မႈ ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ေတြကုိ ထပ္ဆင့္ေထာက္ခံေရးနဲ႔ ျမန္မာႏိုင္ငံသားျဖစ္ေၾကာင္း ေထာက္ခံခ်က္ေတြ  ထုတ္ေပးေရးတို႔ကို ေဆာင္ရြက္သြားမွာ ျဖစ္တယ္လုိ႔ သတင္းထုတ္ျပန္ထားပါတယ္။

သေဒဏ်ချခံထားရတဲ့ ဝင်းနဲ့ဇော် အတွက် အသနားခံစာတင်ရေး ထိုင်းရှေှ့နေကောင်စီနဲ့ ဆွေးနွေးခဲ့


မြန်မာနိုင်ငံသား အကျဉ်းသားတွေဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းထွန်းတို့အတွက် အသနားခံစာတင်ရေး ထိုင်းရှေ့နေကောင်စီနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်တို့ မနေ့ အောက်တိုဘာလ ၈ ရက်နေ့မှာ မြန်မာသံရုံး ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


အဲဒီအစည်းအဝေးမှာ ထိုင်းရှေ့နေကောင်စီက ပြင်ဆင်ထားတဲ့ အသနားခံစာ (မူကြမ်း) ကို လာမယ့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ တင်ပြသွားမှာဖြစ်ပြီး အဲဒီအသနားခံစာ (မူကြမ်း) ကို မြန်မာနိုင်ငံ ဥပဒေအကြံပြုအဖွဲ့က အတည်ပြုချက်ရယူပြီး ထိုင်းဘုရင်ကို အောက်တိုဘာလ ၂၁ ရက်နေ့မှာ တင်သွင်းသွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


မြန်မာသံရုံးအနေနဲ့လည်း အကျဉ်းကျ မြန်မာနိုင်ငံသားနှစ်ဦးအတွက် အသနားခံစာ တင်ပြရာမှာ လိုအပ်တဲ့ အထောက်အထားတွေဖြစ်တဲ့ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊ အရင်ကပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံချက်တွေကို ထပ်ဆင့်ထောက်ခံရေးနဲ့ မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက်တွေ ထုတ်ပေးရေးတို့ကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။