ေဝဖန္ေနတာေတြကို လ်စ္လ်ဴ႐ႈထားဖို႔ ေဒၚေအာင္ဆန္းစုၾကည္ကို သမၼတ ဒူတာေတး အႀကံေပး

0
5417

သူ မူးယစ္ေဆး တိုက္ဖ်က္ေရး စစ္ပြဲတုန္းက လုပ္သလိုပဲ လူ႔အခြင့္အေရး အဖြဲ႔ေတြ ေဝဖန္ေနမႈေတြကို လ်စ္လ်ဴ႐ႈထားဖို႔ ဖိလစ္ပိုင္သမၼတ ႐ိုဒရီဂို ဒူတာေတးက ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို အႀကံေပးလိုက္ပါတယ္။

အိႏၵိယႏိုင္ငံကို ေရာက္ရွိေနၾကတဲ့ သမၼတ ဒူတာေတးက ဒီေန႔ ဇန္နဝါရီ ၂၆ ရက္မွာ ေဒၚေအာင္ဆန္းစုၾကည္ကို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္နဲ႔ စကားေျပာခြင့္ ရခဲ့ေၾကာင္း၊ ေဝဖန္မႈေတြကို စိတ္ထဲမထားဖို႔ ေျပာခဲ့ေၾကာင္း သမၼတ ဒူတာေတးက ထုတ္ေဖာ္ ေျပာၾကားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ကြ်န္ေတာ္တို႔နဲ႔ အတူရွိေၾကာင္း၊ ၿငိမ္းခ်မ္းေရး ႏိုဗဲလ္ဆုရွင္ဆိုထဲ အထဲမွာ ပိတ္မိေနတဲ့အတြက္ ဂ႐ုဏာသက္မိေၾကာင္းလည္း သမၼတ ဒူတာေတးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝေဖန်နေတာတွေကို လျစ်လျူရှုထားဖို့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဒူတာတေး အကြံပေး

သူ မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲတုန်းက လုပ်သလိုပဲ လူ့အခွင့်အရေး အဖွဲ့တွေ ဝေဖန်နေမှုတွေကို လျစ်လျူရှုထားဖို့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးလိုက်ပါတယ်။

အိန္ဒိယနိုင်ငံကို ရောက်ရှိနေကြတဲ့ သမ္မတ ဒူတာတေးက ဒီနေ့ ဇန်နဝါရီ ၂၆ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့် ရခဲ့ကြောင်း၊ ဝေဖန်မှုတွေကို စိတ်ထဲမထားဖို့ ပြောခဲ့ကြောင်း သမ္မတ ဒူတာတေးက ထုတ်ဖော် ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့နဲ့ အတူရှိကြောင်း၊ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်ဆိုထဲ အထဲမှာ ပိတ်မိနေတဲ့အတွက် ဂရုဏာသက်မိကြောင်းလည်း သမ္မတ ဒူတာတေးက ပြောပါတယ်။