ေလျပင္း တိုက္ခတ္တာေတြနဲ႔ မိုးႀကီးမယ့္ အႏၱရာယ္ရွိတယ္လို႔ ေဒါက္တာ ထြန္းလြင္ သတိေပး

0
60

ေတာင္တ႐ုတ္ပင္လယ္ရွိ အပူပုိင္းမုန္တိုင္းနဲ႔ ဘဂၤလား ပင္လယ္ေအာ္က ေလဖိအားနည္း ရပ္ဝန္းအရွိန္ေၾကာင့္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ခုနစ္ခုမွာ ေလျပင္းတုိက္ခတ္တာေတြနဲ႔ မိုးႀကီးမယ့္ အႏၲရာယ္္ရွိေၾကာင္း မုိးေလဝသပညာရွင္ ေဒါက္တာ ထြန္းလြင္က ေျပာပါတယ္။

လက္ရွိ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္တခ်ိဳ႕မွာ မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ေရေဘးနဲ႔ ႀကံဳေတြ႔ေနရတဲ့ အခ်ိန္ျဖစ္ၿပီး ထပ္မံ မိုးႀကီးႏိုင္တယ္လို႔ ေဒါက္တာ ထြန္းလြင္က သတိေပးေျပာဆိုတာပါ။

စက္တင္ဘာလ ၃ ရက္ေန႔က ထုတ္ျပန္တဲ့ မိုးေလဝသ သတင္းထုတ္ျပန္ခ်က္မွာ ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္း ရပ္ဝန္းနဲ႔ ဗီယက္နမ္ႏိုင္ငံ ကမ္းေျခကို ျဖတ္ေက်ာ္ဝင္ ေရာက္ေနတဲ့ အပူပိုင္းမုန္တိုင္း ‘ကာဂ်ီကီ’ ရဲ႕ အရွိန္ေၾကာင့္ စက္တင္ဘာ ၃ ရက္ေန႔က စတင္ၿပီး ေနာက္သုံးရက္ အတြင္း ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ တိုင္းေဒသႀကီး၊ ရခိုင္၊ ကရင္နဲ႔ မြန္ျပည္နယ္ေတြမွာ  မိုးႀကီးႏိုင္ၿပီး ေလျပင္း တုိက္ခတ္ႏုိင္ေၾကာင္း မုိ္းေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက သတိေပး ထုတ္ျပန္ထားပါတယ္။

လေပြင်း တိုက်ခတ်တာတွေနဲ့ မိုးကြီးမယ့် အန္တရာယ်ရှိတယ်လို့ ဒေါက်တာ ထွန်းလွင် သတိပေး


တောင်တရုတ်ပင်လယ်ရှိ အပူပိုင်းမုန်တိုင်းနဲ့ ဘင်္ဂလား ပင်လယ်အော်က လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်ခုနစ်ခုမှာ လေပြင်းတိုက်ခတ်တာတွေနဲ့ မိုးကြီးမယ့် အန္တရာယ်ရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။


လက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးနဲ့ ကြုံတွေ့နေရတဲ့ အချိန်ဖြစ်ပြီး ထပ်မံ မိုးကြီးနိုင်တယ်လို့ ဒေါက်တာ ထွန်းလွင်က သတိပေးပြောဆိုတာပါ။


စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်တဲ့ မိုးလေဝသ သတင်းထုတ်ပြန်ချက်မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းနဲ့ ဗီယက်နမ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင် ရောက်နေတဲ့ အပူပိုင်းမုန်တိုင်း ‘ကာဂျီကီ’ ရဲ့ အရှိန်ကြောင့် စက်တင်ဘာ ၃ ရက်နေ့က စတင်ပြီး နောက်သုံးရက် အတွင်း ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ မိုးကြီးနိုင်ပြီး လေပြင်း တိုက်ခတ်နိုင်ကြောင်း မိ်ုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။