
0
34




လေးကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လေတပ်ချင်း တွေ့ဆုံဆွေးနွေး


မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လေတပ်အကြား အပြန်အလှန် ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ရည်ရွယ်ပြီး စတုတ္ထ အကြိမ်မြောက် Air Staff Talks အစည်းအဝေးကို စက်တင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။


မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လေတပ်ချင်း ဆွေးနွေးပွဲကို လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် စိုးအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်တွေ၊ အိန္ဒိယ လေတပ်က Air Vice Marshal ကူးပါး ဗီအမ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။


တတိယအကြိမ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လေတပ်ချင်း ဆွေးနွေးပွဲ ဆုံးဖြတ်ချက်တွေနဲ့ ဆောင်ရွက် ပြီးစီးမှုတွေကို ဖတ်ကြားရှင်းလင်းပြီး စတုတ္ထအကြိမ် အစည်းအဝေး ခေါင်းစဉ်တွေကို နှစ်နိုင်ငံ ကိုယ်စားလှယ်တွေက အသီးသီး ဆွေးနွေးခဲ့ကြပါတယ်။