ေလာ့စ္အိန္ဂ်လိစ္မွာ ရဲစခန္းကို ပစ္ခတ္တဲ့ စႏိုက္ပါေသနတ္သမားကို ရွာေဖြေန

0
40

အေမရိကန္ႏိုင္ငံ၊ ေလာ့စ္အိန္ဂ်လိစ္ စီရင္စု ရဲစခန္းကို စႏိုက္ပါ ေသနတ္သမား တစ္ဦးက ပစ္ခတ္ခဲ့လို႔ ရဲအရာရွိတစ္ဦး ဒဏ္ရာရခဲ့ပါတယ္။ ဒါေၾကာင့္ SWAT ရဲအထူးတပ္ဖြဲ႔ကို အနီးနား အေဆာက္အဦေတြဆီ ေစလႊတ္ၿပီး စႏိုက္ပါ ေသနတ္သမားကို ရွာေဖြေနပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိစ္၊ လန္ကက္စတာၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ မေန႔ ၾသဂုတ္လ ၂၁ ရက္ေန႔က ပစ္ခတ္မႈမွာ ရဲစခန္းအျပင္ဘက္မွာ လမ္းေလွ်ာက္ေနတဲ့ ရဲအရာရွိ အိန္ဂ်ယ္ ေရႏိုဆာ (၂၁ ႏွစ္) ဒဏ္ရာရရွိခဲ့ပါတယ္။

ဒါေပမယ့္ က်ည္ကာဝတ္ထားတဲ့အတြက္ က်ည္ဆန္တစ္ခုဟာ ပုခံုးကို ရွပ္မွန္ခဲ့ေၾကာင္း ရဲေျပာခြင့္ရသူ မာဗင္ ခေရာက္ဒါက ေျပာပါတယ္။ ရဲအရာရွိ ေရႏိုဆာ အလြန္ကံေကာင္းၿပီး မၾကာခင္ သက္သာမွာ ျဖစ္ေၾကာင္း၊ ဒါေပမယ့္ အလြန္အႏၱရာယ္မ်ားတဲ့ အေျခအေနျဖစ္ေၾကာင္းလည္း ခေရာက္ဒါက ေျပာပါတယ္။

လော့စ်အိန်ဂျလိစ်မှာ ရဲစခန်းကို ပစ်ခတ်တဲ့ စနိုက်ပါသေနတ်သမားကို ရှာဖွေနေ

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ် စီရင်စု ရဲစခန်းကို စနိုက်ပါ သေနတ်သမား တစ်ဦးက ပစ်ခတ်ခဲ့လို့ ရဲအရာရှိတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့် SWAT ရဲအထူးတပ်ဖွဲ့ကို အနီးနား အဆောက်အဦတွေဆီ စေလွှတ်ပြီး စနိုက်ပါ သေနတ်သမားကို ရှာဖွေနေပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်၊ လန်ကက်စတာမြို့မှာ ဖြစ်ပွားခဲ့တဲ့ မနေ့ သြဂုတ်လ ၂၁ ရက်နေ့က ပစ်ခတ်မှုမှာ ရဲစခန်းအပြင်ဘက်မှာ လမ်းလျှောက်နေတဲ့ ရဲအရာရှိ အိန်ဂျယ် ရေနိုဆာ (၂၁ နှစ်) ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါပေမယ့် ကျည်ကာဝတ်ထားတဲ့အတွက် ကျည်ဆန်တစ်ခုဟာ ပုခုံးကို ရှပ်မှန်ခဲ့ကြောင်း ရဲပြောခွင့်ရသူ မာဗင် ခရောက်ဒါက ပြောပါတယ်။ ရဲအရာရှိ ရေနိုဆာ အလွန်ကံကောင်းပြီး မကြာခင် သက်သာမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် အလွန်အန္တရာယ်များတဲ့ အခြေအနေဖြစ်ကြောင်းလည်း ခရောက်ဒါက ပြောပါတယ်။