လော့စ်အိန်ဂျယ်လိစ်မှာ ရဲက ၁၄ နှစ်သားလေးကို ပစ်သတ်

0
238

အမေရိကန်ပြည်ထောင်စု၊ လော့အိန်ဂျယ်လိစ်မှာ ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်ဟာ လက်နက်ကိုင်ထားချိန်မှာ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး လော့စ်အိန်ဂျယ်လိစ်အာဏာပိုင်တွေကတော့ သြဂုတ် ၁၁ ရက်နေ့မှာ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။

အခုဖြစ်ရပ်ကြောင့်လည်း အမေရိကန်တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေရဲ့ အသက် အန္တရာယ်ထိလောက်တဲ့အထိ အင်အားသုံးဖြေရှင်းမှုအပေါ်လည်း ပြည်သူတွေက စိုးရိမ်နေကြပါတယ်။
ဒီပစ်ခတ်မှုဟာ သြဂုတ် ၉ ရက်နေ့က လော့စ်အိန်ဂျယ်လိစ်မြို့ထဲပိုင်းတစ်နေရာမှာ ဖြစ်ပွားခဲ့တာပါ။ ဆယ်ကျော်သက်လူငယ်က ရဲတပ်ဖွဲ့ကို အရင်ဆုံး သေနတ်နဲ့ပစ်ခဲ့တာကြောင့် ပြန်ပစ်ခဲ့ရတာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဆယ်ကျော်သက်လူငယ်ဟာ အခင်းဖြစ်ပွားရာနေရာမှာပဲ ကျည်ဆန်မှာပြီး သေဆုံးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း လူငယ်ရဲ့ သေနတ်ကို သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

ဒီလူငယ်ရဲ့အမည်ဟာ ဂျက်စီရိုမီရိုလို့ အမည်ရပြီး အရင်ကလည်း လူဆိုးဂိုဏ်းတွေ သောင်းကျန်းရာမှာ ပါဝင်ခဲ့ဖူးတယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။ ဒီလူငယ်ရဲ့မိခင်ဖြစ်သူ ထရီဇာဒိုမင်ဂတ်ဇ်ကတော့ သူ့သားဟာ “လူကောင်းလေး”တစ်ယောက်ဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ ထွက်ဆိုချက်ကိုလည်း ငြင်းဆိုထားပါတယ်။

“ကျွန်မသား ဘာအကြမ်းဖက်လုပ်ရပ်မှ မလုပ်ခဲ့ပါဘူး” ဒိုမင်ဂတ်ဇ်က ပြောကြားခဲ့ပါတယ်။ ဒီလူငယ်သားအမိဟာ လော့စ်အိန်ဂျယ်လိစ် ပြည်နယ်၊ ကိုရိုနာခရိုင်မှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။ လူငယ်ရဲ့အလောင်းနားမှာ ရရှိခဲ့တဲ့ သေနတ်ကို လက်ဗွေရာနဲ့ ဒီအင်အန်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။