
0
68




လောက်ကိုင်မြို့နယ် အတွင်း သိန်း သုံးရာနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း မြန်မာကျပ်ငွေ သိန်းသုံးရာနီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း ချဉ်မလင်ကျေးရွာ အနီးမှာ လူနေထိုင်ခြင်းမ ရှိတဲ့ တောင်ယာတဲ အဟောင်းတစ်လုံးထဲမှာ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်ရမိခဲ့တာပါ။

သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေက WY စတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀ဝ၀ ခန့်မှန်းမြန်မာ ကျပ်ငွေ တန်ဖိုး သိန်း သုံးရာနီးပါး ကို တွေ့ရှိသိမ်းဆည်းမိးခဲ့တာပါ။