
0
33




လောက်ကိုင်နဲ့ ကုန်ကြမ်းမှာ ညမထွက်ရ ၁၄၄ ထုတ်ပြန်


ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လောက်ကိုင်နဲ့ ကုန်ကြမ်းမြို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်အမိန့် ပုဒ်မ ၁၄၄ ကို စက်တင်ဘာလ ၉ ရက်နေ့က ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးက ထုတ်ပြန်ကြေညာထားပါတယ်။


အဲဒီထုတ်ပြန်ချက်မှာ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် အများပြည်သူ လိုက်နာ ကျင့်သုံးဖို့ ရာဇဝတ်ကျင့်ထုံးဥပဒေအရ ထုတ်ပြန်ထားတယ်လို့ ဖော်ပြထားပါတယ်။


အစိုးရနဲ့ AA, TNLA, MMDA တို့ တွေ့ဆုံဆွေးနွေးမှုအပြီး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က အပစ်ရပ်မယ်လို့ ကြေညာခဲ့ပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထိတွေ့တိုက်ပွဲငယ်တွေ ဆက်လက်ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။