ရွှေ့ပြောင်းအလုပ်သမား အစီအစဉ် အမှတ်စဉ် (၇)

0
2181

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ်စီစဉ်တင်ဆက်ပေးသွားမယ့် ရွှေ့ပြောင်းအလုပ်သမား အစီအစဉ်ကနေကြိုဆိုပါတယ်။ ပထမဆုံးအနေနဲ့ ပြည်တွင်းပြည်ပက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 1. ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာနိုင်ငံသား အလုပ်သမားတွေအနေနဲ့ အမိနိုင်ငံကို ပြန်စရာမလိုဘဲ နေထိုင်ခွင့် ဗီဇာ သက်တမ်းတွေ တိုးပေးသွားမယ်လို့ ထိုင်း အစိုးရ၀န်ကြီးများ အစည်းအဝေးက အတည်ပြု ဆုံးဖြတ်လိုက်တဲ့သတင်း 2. သေဒဏ်ချမှတ်ခံထားရတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား လူငယ် ၂ ဦးဖြစ်တဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့အမှုအတွက် အယူခံရက်ကို ကော့စမွီတရားရုံးက တစ်လအချိန်တိုးပေးလိုက်တဲ့အကြောင်း 3. မလေးရှားနိုင်ငံကနေ နိုင်ငံခြားအလုပ်သမားခေါ်ယူမှုဆိုင်းငံကြောင်း ကြေညာလိုက်ပေမယ် မြန်မာနိုင်ငံက အလုပ်အကိုင်အေဂျင်စီတွေမှာ အလုပ်သမား စေလွတ်မှုတွေ ဆက်လက်လုပ်ကိုင်နေတဲ့သတင်း စတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်းတွေနဲ့အတူ၊ အာဆီယံဒေသတွင်း နိုင်ငံတွေက အခြားရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်းတွေနဲ့ ရုပ်သံမှတ်တမ်းအစီအစဉ် တွေကို တင်ဆက် ပေးသွား မှာဖြစ်ပါတယ်။