ရွှေ့ပြောင်းအလုပ်သမား အစီအစဉ် အမှတ်စဉ် (၆)

0
2170

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ်စီစဉ်တင်ဆက်ပေးသွားမယ့် ရွှေ့ပြောင်းအလုပ်သမား အစီအစဉ်ကနေကြိုဆိုပါတယ်။ ပထမဆုံးအနေနဲ့ ပြည်တွင်းပြည်ပက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 1. ကမ္ဘာကျော်လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး သေဒဏ်ချမှတ် ခံထားရတဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းအမှု အယူခံရက် ထပ်မံတိုးမြှင့်ပေးရေး ထိုင်းရှေ့နေကောင်စီက တောင်းဆိုဖို့ ရှိနေတဲ့သတင်း 2. သက်တမ်းကုန်ဆုံးတော့မယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သက်သေခံ ကဒ်ပြားတွေအရေး ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ ပြုလုပ်မယ့် ထိုင်းဝန်ကြီးများ (ကက်ဘိနက်) အစည်းအဝေးမှာ တင်သွင်းပြီး ခွင့်ပြုချက်ယူသွားဖို့ ရှိနေတဲ့အကြောင်း 3. ထိုင်းနိုင်ငံက ရေလုပ်ငန်းတွေမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို သက်သေခံကဒ်ပြား အသစ်ပြုလုပ်ပေးတာနဲ့ သက်တမ်းတိုးတာ တွေကို ဆောင်ရွက်ပေးနေတဲ့ သတင်း -စတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်းတွေနဲ့အတူ၊ အာဆီယံဒေသတွင်း နိုင်ငံတွေက အခြားရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်းတွေနဲ့ ရုပ်သံမှတ်တမ်းအစီအစဉ် တွေကို တင်ဆက် ပေးသွား မှာဖြစ်ပါတယ်။