ေရႀကီးမႈ ျဖစ္ပြားေနတဲ့ ေရးၿမိဳ႕မွာ အူရီဒူးကုိ အခမဲ့ အသုံးျပဳႏုိင္

0
49

ေရႀကီးမႈေတြ ျဖစ္ပြားေနတဲ့ တနသၤာရီတုိင္းေဒသႀကီး၊ ေရးၿမိဳ႕မွာ အူရီဒူးကို သံုးၿပီး အခမဲ့ ဖုန္းေခၚဆုိခြင့္နဲ႔ SMS ေပးပုိ႔ႏိုင္ေၾကာင္း အူရီဒူးျမန္မာက သတင္းထုတ္ျပန္ထားပါတယ္။

အခုလုိ အခမဲ့ ဝန္ေဆာင္မႈေတြကုိ ၾသဂုတ္လ ၁၈ ရက္ေန႔အထိ အသုံးျပဳနုိင္တာလည္း ျဖစ္ပါတယ္။ လက္ရွိမွာ ေရႀကီး ေျမၿပိဳမႈေတြ ႀကံဳေတြ႕ေနရတဲ့ ေရးၿမိဳ႕နယ္ရွိ ျပည္သူေတြရဲ႕ မိသားစုဝင္ေတြ၊ မိတ္ေဆြအတြက္ ဆက္သြယ္ေရး အဆင္ေျပေစဖုိ႔ အူရီဒူးျမန္မာက အကန္႔အသတ္မရွိ လုပ္ေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံအတြင္းရွိ ျပည္သူလူထုနဲ႔ ေကာင္းမြန္ျပည့္ဝတဲ့ လူေနမႈဘဝ ရရွိေရးကုိ အၿမဲဂ႐ုစုိက္ၿပီး မိမိတုိ႔လုပ္ငန္း လုပ္ေဆာင္ရာမွာ ေဒသေတြမွာရွိတဲ့ ျပည္သူေတြအတြက္ လိုအပ္တဲ့အခ်ိန္တုိင္း ကူညီပ့ံပုိးမႈေတြ လုပ္ေဆာင္ေပးေနတယ္လို႔ အူရီဒူး ျမန္မာရဲ႕ Head of Corporate Communication ျဖစ္သူ ဦးတင့္ႏုိင္က ေျပာပါတယ္။

ရေကြီးမှု ဖြစ်ပွားနေတဲ့ ရေးမြို့မှာ အူရီဒူးကို အခမဲ့ အသုံးပြုနိုင်


ရေကြီးမှုတွေ ဖြစ်ပွားနေတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ရေးမြို့မှာ အူရီဒူးကို သုံးပြီး အခမဲ့ ဖုန်းခေါ်ဆိုခွင့်နဲ့ SMS ပေးပို့နိုင်ကြောင်း အူရီဒူးမြန်မာက သတင်းထုတ်ပြန်ထားပါတယ်။


အခုလို အခမဲ့ ဝန်ဆောင်မှုတွေကို သြဂုတ်လ ၁၈ ရက်နေ့အထိ အသုံးပြုနိုင်တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ရေကြီး မြေပြိုမှုတွေ ကြုံတွေ့နေရတဲ့ ရေးမြို့နယ်ရှိ ပြည်သူတွေရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေအတွက် ဆက်သွယ်ရေး အဆင်ပြေစေဖို့ အူရီဒူးမြန်မာက အကန့်အသတ်မရှိ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုနဲ့ ကောင်းမွန်ပြည့်ဝတဲ့ လူနေမှုဘဝ ရရှိရေးကို အမြဲဂရုစိုက်ပြီး မိမိတို့လုပ်ငန်း လုပ်ဆောင်ရာမှာ ဒေသတွေမှာရှိတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့အချိန်တိုင်း ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ အူရီဒူး မြန်မာရဲ့ Head of Corporate Communication ဖြစ်သူ ဦးတင့်နိုင်က ပြောပါတယ်။