ေရွးေဟာင္းအေမြအနွစ္ ပ်ဴၿမိဳ႕႐ိုးေပၚ လမ္းတိုးခ်ဲ႔ေနတဲ့အတြက္ ကန္႔ကြက္ (႐ုပ္/သံ)

0
683

ျပည္-ေပါက္ေခါင္း ကားလမ္း ပ်ဴၿမိ႕႐ိုးေပၚတိုးခ်ဲ႕ေနတာကို ေရွးေဟာင္းဦးစီးဌာနက ကန္႔ကြက္လိုက္တဲ႔အတြက္ ရပ္နားလိုက္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ဟန္ထူးေဇာ္က ေပးပို႔ထားပါတယ္။

ပဲခူးတိုင္း ျပည္ျမိဳ႕နယ္က ယူနက္စကို ကမၻာ့အေမြအနွစ္အျဖစ္ အသိအမွတ္ျပဳထားတဲ႔ သေရေခတၱရာ ေရွးေဟာင္းဇုန္ထဲမွာ ပါ၀င္တဲ့ ပ်ဴျမိဳ႕ရိုးေပၚမွာ ကားလမ္းခ်ဲ႕တြင္ေနတာကို ေရွးေဟာင္းဦးစီးဌာနက ကန္႕ကြက္လိုက္ပါတယ္ ။
အဲ့ဒီကားလမ္းဟာ ျပည္-ေပါက္ေခါင္းကားလမ္းျဖစ္ျပီး ကားလမ္း ၁မိုင္နီးပါးကို ပ်ဴျမိဳ႕ရိုးေပၚမွာ ထပ္မံတိုးခ်ဲ႕ေနတဲ႔အတြက္ အခုလိုကန္္႕ကြက္လိုက္တာလို႕ တာ၀န္ရွိသူကေျပာပါတယ္ ။

အင္တာဗ်ဴး ဦးေက်ာ္မ်ိဳး၀င္း ( ဒုတိယညႊန္ၾကားေရးမွဴး)
ေရွးေဟာင္းသုေတသနနွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာန
ပ်ဴျမိဳ႕ေဟာင္းေဒသကို ကမၻာ့အေမြအႏွစ္ ေစာင့္ၾကည္႕ေရးအဖဲြ႕ေတြက ေစာင့္ၾကည္႕ေနၾကျပီး ျမိဳ႕ရိုးပ်က္စီးေအာင္ျပဳလုပ္ေနတဲ႔ အတြက္ ရွးေဟာင္းဦးစီးဌာနက ကန္႔ကြက္လိုက္တာျဖစ္ပါတယ္ ။ ဒါအျပင္ လက္ရွိ တိုးခ်ဲ႔ေနတဲ႔ လမ္းပိုင္းဟာ ၂၀၁၅ ခုနွစ္ကတည္းက တိုးခ်ဲ႕ဖို႔စီစဥ္ေနတာျဖစ္ျပီး ကန္ကြက္ထားတဲ႔ၾကားက အခုလိုလမ္းတိုးခ်ဲ႔ေနၾကတာပါ ။

အင္တာဗ်ဴး ဦးဇင္သိန္း (အတြင္းေရးမွဴး )
သေရေခတၱရာအေမြအႏွစ္ေစာင့္ေရွာက္ေရးအဖဲြ႕

အဲ့ဒီ လမ္းတိုးခ်ဲ႕ေနတာဟာ အေဆာက္လုပ္ေရးဌာနရဲ႕ ဘတ္ဂ်တ္မပါ၀င္ဘဲ တင္ဒါေအာင္ျမင္သူေတြရဲ႕ အကူအညီနဲ႕ျပဳလုပ္ေနတာျဖစ္ေၾကာင္း ျပည္ျမိဳ႕နယ္ ေဆာက္လုပ္ေရးဦးစီးဌာန တာ၀န္ရွိသူ တစ္ဦးကေျပာပါတယ္ ။ ျပည္-ေပါက္ေခါင္းကားလမ္းကို အဂၤလိပ္ေခတ္က ေဖာက္လုပ္ထားျပီး အခုအခါ လမ္းက်ဥ္းေျမွာင္းေနတာေၾကာင့္ မၾကာခဏဆိုသလို ယာဥ္တိုက္မႈေတြ ျဖစ္ေပၚေနတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်-ပေါက်ခေါင်း ကားလမ်း ပျူမြိ့ရိုးပေါ်တိုးချဲ့နေတာကို ရှေးဟောင်းဦးစီးဌာနက ကန့်ကွက်လိုက်တဲ့အတွက် ရပ်နားလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဟန်ထူးဇော်က ပေးပို့ထားပါတယ်။

ပဲခူးတိုင်း ပြည်မြို့နယ်က ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ သရေခေတ္တရာ ရှေးဟောင်းဇုန်ထဲမှာ ပါဝင်တဲ့ ပျူမြို့ရိုးပေါ်မှာ ကားလမ်းချဲ့တွင်နေတာကို ရှေးဟောင်းဦးစီးဌာနက ကန့်ကွက်လိုက်ပါတယ် ။
အဲ့ဒီကားလမ်းဟာ ပြည်-ပေါက်ခေါင်းကားလမ်းဖြစ်ပြီး ကားလမ်း ၁မိုင်နီးပါးကို ပျူမြို့ရိုးပေါ်မှာ ထပ်မံတိုးချဲ့နေတဲ့အတွက် အခုလိုကန့်ကွက်လိုက်တာလို့ တာဝန်ရှိသူကပြောပါတယ် ။

အင်တာဗျူး ဦးကျော်မျိုးဝင်း ( ဒုတိယညွှန်ကြားရေးမှူး)
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန
ပျူမြို့ဟောင်းဒေသကို ကမ္ဘာ့အမွေအနှစ် စောင့်ကြည့်ရေးအဖွဲ့တွေက စောင့်ကြည့်နေကြပြီး မြို့ရိုးပျက်စီးအောင်ပြုလုပ်နေတဲ့ အတွက် ရှးဟောင်းဦးစီးဌာနက ကန့်ကွက်လိုက်တာဖြစ်ပါတယ် ။ ဒါအပြင် လက်ရှိ တိုးချဲ့နေတဲ့ လမ်းပိုင်းဟာ ၂၀၁၅ ခုနှစ်ကတည်းက တိုးချဲ့ဖို့စီစဉ်နေတာဖြစ်ပြီး ကန်ကွက်ထားတဲ့ကြားက အခုလိုလမ်းတိုးချဲ့နေကြတာပါ ။

အင်တာဗျူး ဦးဇင်သိန်း (အတွင်းရေးမှူး )
သရေခေတ္တရာအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့

အဲ့ဒီ လမ်းတိုးချဲ့နေတာဟာ အဆောက်လုပ်ရေးဌာနရဲ့ ဘတ်ဂျတ်မပါဝင်ဘဲ တင်ဒါအောင်မြင်သူတွေရဲ့ အကူအညီနဲ့ပြုလုပ်နေတာဖြစ်ကြောင်း ပြည်မြို့နယ် ဆောက်လုပ်ရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကပြောပါတယ် ။ ပြည်-ပေါက်ခေါင်းကားလမ်းကို အင်္ဂလိပ်ခေတ်က ဖောက်လုပ်ထားပြီး အခုအခါ လမ်းကျဉ်းမြှောင်းနေတာကြောင့် မကြာခဏဆိုသလို ယာဉ်တိုက်မှု့တွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ် ။ (စစ်ပြီး)