
0
293




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွေးကောက်ပွဲနိုင်ရင် မဟာသီယာ ကမ္ဘာ့အသက်အကြီးဆုံး ဝန်ကြီးချုပ် ဖြစ်လာနိုင်

မလေးရှားမှာ လာမယ့် သြဂုတ် သြဂုတ်လ ဝန်ကြီးချုပ် ရွေးကောက်ပွဲအတွက် အတိုက်အခံပါတီက ဒေါက်တာ မဟာသီယာ မိုဟာမက်ကို လျာထားလိုက်တာကြောင့် သူသာ ရွေးကောက်ခံရရင် ကမ္ဘာ့အသက်အကြီးဆုံး ဝန်ကြီးချုပ် ဖြစ်လာဖွယ် ရှိပါတယ်။

မနေ့က ဇန်နဝါရီ ၇ ရက်နေ့မှာ ပါကာတန် ဟာရာပန် ပါတိက အသက် ၉၂ နှစ်အရွယ်ရှိ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ တခြား နာမည်ကြီး အတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အန်နဝါ အီဘရာဟင်က ထောင်ကျနေပါတယ်။

အကျင့်ပျက် အဂတိလိုက်စားမှု စွပ်စွဲချက်တွေကို ရင်ဆိုင်နေရတဲ့ လက်ရှိ ဝန်ကြီးချုပ် နာဂျစ် ရာဇက်အဖို့ မဟာသီယာဟာ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်ပါတယ်။