
0
146





ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုအတွက် အမေရိကန် စွပ်စွဲချက် ကို အီရန် ပယ်ချ

အိုမန်ရေလက်ကြားမှာ ရေနံတင်သင်္ဘော ၂စီး တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အီရန်မှာ တာဝန်ရှိတယ်လို့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်က ငြင်းပယ်လိုက်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွက် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီအို က အီရန်ကို အပြစ်တင်လိုက်ပြီးနောက် မစ္စတာ ဇာရစ်က သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ အဲဒီလို မှတ်ချက်ပြု ရေးသားလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ဇာရစ်က “ဖြစ်ရပ်မှန် နဲ့ သက်သေ မသိရှိဘဲနဲ့ အီရန်အပေါ် စွပ်စွဲအပြစ်တင်နေတာတွေ ချက်ခြင်း ရပ်သင့်တယ်” လို့ ရေးသားထားပါတယ်။
အီရန်အပေါ် စီးပွားရေးအကြမ်းဖက်မှုကို ဖုံးကွယ်ဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်းဇိုးအာဘဲ အပါအဝင် အဖျက်အမှောက် သံတမန်ဆက်ဆံရေးကို အသုံးချပြီး အစီအစဉ် B ကို လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။