
0
58




ရေနစ်မြှုပ်မှု ရှိပေမယ့် လူနာထိခိုက်မှုနဲ့ ပျက်စီးဆုံးရှုံးမှု မရှိဘူးလို့ မြို့နယ်မီးသတ်ဦးစီးမှူးပြော

ရန်ကုန်တိုင်းဒေသကြီး မြောက် ဥက္ကလာပပြည်သူ့ဆေးရုံကြီးရှိ လူ နာဆောင်တစ်ချို့ ရေနစ်မြုပ်မှုတွေ ရှိခဲ့ပေမယ့် လူနာများထိခိုက်မှုနဲ့ ပျက်စီးဆုံးရှုံးမှု မရှိဘူးလို့ မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူးဦးပြည့်စုံက ပြောပါတယ်။

ဩဂုတ် ၇ ရက်နေ့က မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မြောက်ဥက္ကလာပဆေးရုံ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်း နဲ့ လည်ပင်းရောဂါပြင်ပလူနာဌာန၊ အ ရေပြားရောဂါ ကုသရေးအဆောင်နဲ့ သန္တာဆောင်တို့မှာ ရေဝင်ရောက်နစ်မြုပ်ပြီး ဩဂုတ် ၈ ရက်နေ့ မနက် ၅ နာရီအချိန်မှာ ရေပြန်လည်ကျဆင်းခဲ့တယ်လို့ ဦးစီးမှူး ဦးပြည့်စုံကပြောပါတယ်။

အခုလို ရေနစ်မြှုပ်မှုတွေ ဖြစ်ခဲ့ပေမယ့် အချိန်မှီပြောင်းရွှေ့နိုင်ခဲ့တာကြောင့် လူနာတွေ ထိခိုက်မှုမရှိပဲ ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာမရှိခဲ့ဘူးလို့ မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူးဦးပြည့်စုံက ပြောပါတယ်။