ေရစီးနဲ႔ ေမ်ာပါသြားတဲ့ ေညာင္၀န္းတံတားကို ျပန္လည္တည္ေဆာက္ၿပီးစီး

0
33

မုိးသည္းထန္မႈေၾကာင့္ ေညာင္၀န္းတံတား ေမ်ာပါသြားခဲ့မႈ ျပန္လည္ တည္ေဆာက္ၿပီးစီး၍ ျဖတ္သန္းသြားလာႏုိင္ၿပီျဖစ္တယ္လို႔ ေဆာက္လုပ္ေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္ပါတယ္။

ျပည္- ေပါက္ေခါင္း- အုတ္တြင္း လမ္း မိုင္တိုင္ (၃၈/၁-၂)ၾကား အရွည္(၁၉၀ ေပ)ရွိ ေညာင္ဝန္းတံတား ဟာ ၾသဂုတ္လ ၃၁ ရက္ေန႔က မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ေတာင္က်ေရေတြနဲ႔  ေမ်ာပါသြားတာျဖစ္ပါတယ္။

လက္ရွိမွာ အဲ့ဒီ ေညာင္ဝန္းတံတာ ကို ေဆာက္လုပ္ေရး၀န္ႀကီးဌာနက အစားထိုး တည္ေဆာက္ခဲ့တာေၾကာင့္ စက္တင္ဘာလ ၆ ရက္ေန႔ မနက္ပိုင္းကတည္းက တံတားကို ျပန္လည္အသံုးျပဳႏိုင္ေနၿပီျဖစ္ပါတယ္။

ရေစီးနဲ့ မျောပါသွားတဲ့ ညောင်ဝန်းတံတားကို ပြန်လည်တည်ဆောက်ပြီးစီး

မိုးသည်းထန်မှုကြောင့် ညောင်ဝန်းတံတား မျောပါသွားခဲ့မှု ပြန်လည် တည်ဆောက်ပြီးစီး၍ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြည်- ပေါက်ခေါင်း- အုတ်တွင်း လမ်း မိုင်တိုင် (၃၈/၁-၂)ကြား အရှည်(၁၉၀ ပေ)ရှိ ညောင်ဝန်းတံတား ဟာ သြဂုတ်လ ၃၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေတွေနဲ့ မျောပါသွားတာဖြစ်ပါတယ်။

လက်ရှိမှာ အဲ့ဒီ ညောင်ဝန်းတံတာ ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အစားထိုး တည်ဆောက်ခဲ့တာကြောင့် စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းကတည်းက တံတားကို ပြန်လည်အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။