ေမ ၁၆ ရက္မွာ ေတာင္နဲ႔ ေျမာက္ရီးယား ေတြ႔ဆံုေဆြးေႏြးမယ္

0
597

 

ကိုရီးယားကြ်န္းဆြယ္ ႏ်ဴကလီးယားကင္းစင္ေရး လုပ္ေဆာင္ဖို႔ လိုအပ္တာေတြ ေဆြးေႏြးဖို႔အတြက္ ေတာင္နဲ႔ ေျမာက္ကိုရီးယား အဆင့္ျမင့္အရာရွိေတြ မနက္ျဖန္ ေမလ ၁၆ ရက္မွာ ေတြ႔ဆံုေဆြးေႏြးဖို႔ သေဘာတူလိုက္တယ္လုိ႔ ေတာင္ကိုရီးယား ေပါင္းစည္းေရးဝန္ႀကီးက ေျပာပါတယ္။  

ေဆြးေႏြးပြဲမွာ ဧၿပီ ၂၇ ရက္မွာ က်င္းပခဲ့တဲ့ ကိုရီးယားအၾကား ထိပ္သီးညီလာခံ ေၾကညာခ်က္မွာ အေကာင္အထည္ ေဖာ္ဖို႔လိုအပ္တာေတြကို ေဆြးေႏြးမွာ ျဖစ္ပါတယ္။ ေၾကညာခ်က္မွာ ႏွစ္ ၇၀ ၾကာ ရန္လိုမႈေတြ ၿပီးဆံုးျခင္းနဲ႔ အလံုးစံု ႏ်ဴကလီးယား ဖ်က္သိမ္းေရး လုပ္ေဆာင္မႈေတြ ပါဝင္မွာ ျဖစ္ပါတယ္။

ေတာင္နဲ႔ ေျမာက္ကိုရီးယား အဆင့္ျမင့္အရာရွိေတြ ေဆြ႔ဆံုပြဲကို ပန္မြန္ဂြ်န္ရွိ ၿငိမ္းခ်မ္းေရး ေဂဟာမွာ က်င္းပမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

မေ ၁၆ ရက်မှာ တောင်နဲ့ မြောက်ရီးယား တွေ့ဆုံဆွေးနွေးမယ်

ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး လုပ်ဆောင်ဖို့ လိုအပ်တာတွေ ဆွေးနွေးဖို့အတွက် တောင်နဲ့ မြောက်ကိုရီးယား အဆင့်မြင့်အရာရှိတွေ မနက်ဖြန် မေလ ၁၆ ရက်မှာ တွေ့ဆုံဆွေးနွေးဖို့ သဘောတူလိုက်တယ်လို့ တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးက ပြောပါတယ်။

ဆွေးနွေးပွဲမှာ ဧပြီ ၂၇ ရက်မှာ ကျင်းပမယ့် ကိုရီးယားအကြား ထိပ်သီးညီလာခံ ကြေညာချက်မှာ အကောင်အထည် ဖော်ဖို့လိုအပ်တာတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကြေညာချက်မှာ နှစ် ၇၀ ကြာ ရန်လိုမှုတွေ ပြီးဆုံးခြင်းနဲ့ အလုံးစုံ နျူကလီးယား ဖျက်သိမ်းရေး လုပ်ဆောင်မှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။

တောင်နဲ့ မြောက်ကိုရီးယား အဆင့်မြင့်အရာရှိတွေ ဆွေ့ဆုံပွဲကို ပန်မွန်ဂျွန်ရှိ ငြိမ်းချမ်းရေး ဂေဟာမှာ ကျင်းပမှာ ဖြစ်ပါတယ်။