
0
35





မွေးကင်းစရင်သွေး သမီးကို သတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံသားဇနီးမောင်နှံကို မလေးရှားရဲတပ်ဖွဲ ့ဖမ်းဆီး

မွေးကင်းစရင်သွေး မိန်းကလေးအားသတ်ဖြတ်မှု ့နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားဇနီးမောင်နှံကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း မလေးရှားနိုင်ငံဆာဒန်းခရိုင်ရဲတပ်ဖွဲ ့မှူ း Ismadi Borhan က စက်တင်ဘာ ၆ တွင်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အဲ့ဒီမွေးကင်းစမိန်းကလေးငယ်ရဲ့ အလောင်းကို သြဂုတ် ၂၇ ရက်နေ့ မနက်ပိုင်းက Seri Kembangan အနီး အိမ် ရာဝန်းတစ်ခုရှိ အမှိုက်ပုံးတစ်ခုမှာ အနက်ရောင်အဝတ်နဲ့ ပတ်လျက် တွေ ့ရှိခဲ့တာဖြစ်ပါတယ်။

မွေးကင်းစ မိန်းကလေးရုပ်အလောင်းကိုတွေ့ရှိပြီး နောက် တစ်ရက်မှာ ည ၈ နာရီအချိန်မှာ စက်ရုံအလုပ်သမားတွေဖြစ်တဲ့ အသက် ၃၀ နှစ်ဝန်းကျင်ရှိ မြန်မာနိုင်ငံသားဇနီးမောင်နှံကို မွေးကင်းစကလေးသေဆုံးမှု သံသယနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ခရိုင်ရဲတပ်ဖွဲ ့မှူ းIsmadi Borhan က ပြောပါတယ်။

ကလေးငယ်ရဲ့ ရုပ်လောင်းကိုခွဲစိတ်စစ်ဆေးရာမှာ အသက်ရှူ ကြပ် သေဆုံး ရခြင်းဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရပြီး သံသယတရားခတွေ ကို စစ်ဆေးချက်တွေ အရ မွေးကင်းစကလေးရဲ့ ဦးခေါင်းကို အဝတ်နဲ့ ပတ်ပြီး ပါးစပ်ပေါက်ကိုပိတ်သွားစေခြင်းအရ ကလေးငယ်မှာ အသက် ရူမွန်းကြပ်ပြီး သေဆုံးသွားခြင်းဖြစ်တယ်လို့ Ismadi Borhan က ပြောကြားခဲ့ပြီး မြန်မာနိုင်ငံသားခင်ပွန်းနဲ့ ဇနီးကို လူသတ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ နဲ့ ဆက်လက် စစ်ဆေးနေတာဖြစ်ပါတယ်။