ေမာင္ေတာၿမိဳ႕မွာ မူးယစ္ေဆးဝါးေတြ သိမ္းဆည္းရမိ

0
48

ရခိုင္ျပည္နယ္၊    ေမာင္ေတာၿမိဳ႕နယ္အတြင္း   လံုၿခံဳေရး ေဆာင္ရြက္ေနတဲ့ ပူးေပါင္းအဖြဲ႔ဟာ သတင္းအရ ၾသဂုတ္ ၁၉ ရက္ညက ဂုံးနားေက်းရြာရွိ လူေနထုိင္ျခင္း မရွိတဲ့ေနအိမ္ကုိ ဝင္ေရာက္စစ္ေဆးရွာေဖြရာ ေနအိမ္ အိပ္ခန္းေအာက္ ေျမႀကီးအတြင္း ဆာလာအိတ္နဲ႔ ထုတ္ၿပီး ျမွဳပ္ထားတဲ့ WY စာတန္းပါ စိတ္ၾကြေဆးျပား ၉၇၅ဝဝ ျပား (ခန္႔မွန္းတန္ဖိုး ေငြက်ပ္သိန္း ၁၉ဝဝ ေက်ာ္ခန္႔) ကို ေတြ႔ရွိ သိမ္းဆည္းရမိခဲ့ပါတယ္ ။

ဒါ့အျပင္ ပူးေပါင္းအဖြဲ႔ဟာ အဘူက်ေက်းရြာအနီး လံုၿခံဳေရး ေဆာင္ရြက္စဥ္ ေက်းရြာရဲ႕ အေနာက္ဘက္ မီတာ ၈ဝဝ ခန္႔ အကြာရွိ ပုစြန္ကန္ တာေပါင္လမ္းေပၚမွာ ဆာလာအိတ္တစ္အိတ္ ထမ္းၿပီး လမ္းေလွ်ာက္လာသူ   မသကၤာဖြယ္ ဘဂၤါလီသံုးဦးကုိ ေတြ႔ရွိခဲ့တာေၾကာင့္ ေခၚယူစစ္ေဆးရာ သုံးဦးဟာ ဆာလာအိတ္ကို ပစ္ခ်ၿပီး ထြက္ေျပးခဲ့ပါတယ္။

ပစ္ခ်ခဲ့တဲ့ ဆာလာအိတ္ကုိ  စစ္ေဆးရာ WY စာတန္းပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၇၈ဝဝဝ ျပား (ခန္႔မွန္း တန္ဖိုးေငြ က်ပ္သိန္း ၁၅ဝဝ ေက်ာ္ခန္႔) ကို ထပ္မံသိမ္းဆည္း ရမိခဲ့ပါတယ္။

မောင်တောမြို့မှာ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သြဂုတ် ၁၉ ရက်ညက ဂုံးနားကျေးရွာရှိ လူနေထိုင်ခြင်း မရှိတဲ့နေအိမ်ကို ဝင်ရောက်စစ်ဆေးရှာဖွေရာ နေအိမ် အိပ်ခန်းအောက် မြေကြီးအတွင်း ဆာလာအိတ်နဲ့ ထုတ်ပြီး မြှုပ်ထားတဲ့ WY စာတန်းပါ စိတ်ကြွဆေးပြား ၉၇၅ဝဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၁၉ဝဝ ကျော်ခန့်) ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ် ။

ဒါ့အပြင် ပူးပေါင်းအဖွဲ့ဟာ အဘူကျကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်စဉ် ကျေးရွာရဲ့ အနောက်ဘက် မီတာ ၈ဝဝ ခန့် အကွာရှိ ပုစွန်ကန် တာပေါင်လမ်းပေါ်မှာ ဆာလာအိတ်တစ်အိတ် ထမ်းပြီး လမ်းလျှောက်လာသူ မသင်္ကာဖွယ် ဘင်္ဂါလီသုံးဦးကို တွေ့ရှိခဲ့တာကြောင့် ခေါ်ယူစစ်ဆေးရာ သုံးဦးဟာ ဆာလာအိတ်ကို ပစ်ချပြီး ထွက်ပြေးခဲ့ပါတယ်။

ပစ်ချခဲ့တဲ့ ဆာလာအိတ်ကို စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ဝဝဝ ပြား (ခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်း ၁၅ဝဝ ကျော်ခန့်) ကို ထပ်မံသိမ်းဆည်း ရမိခဲ့ပါတယ်။