ေမာင္ေတာမွာ ေငြက်ပ္သိန္းေပါင္း ၉ဝဝဝ ေက်ာ္ တန္ဖုိးရွိ မူးယစ္ေဆးဝါးေတြ ဖမ္းဆီးရမိ

0
74

ရခုိင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္အတြင္း လံုၿခံဳေရးေဆာင္ရြက္ေနတဲ့ ပူးေပါင္းအဖြဲ႔ရဲ႕ သတင္းအရ စက္တင္ဘာလ ၆ ရက္ ညပုိင္းက ၿမိဳ႕ဦး ေက်းရြာအုပ္စု၊ လသာေက်းရြာေန ေဆြေယာ့တူေဆာင္းရဲ႕  ေနအိမ္ကုိ ရွာေဖြစစ္ေဆးရာ မီးဖုိေခ်ာင္ခန္းမွာ က်င္းတူးၿပီး ျမႇဳပ္ထားတဲ့ WY စာတန္းပါ စိတ္ၾကြ ႐ူးသြပ္ေဆးျပား ၈၁၇ဝ ျပား (ခန္႔မွန္းတန္ဖုိးေငြ က်ပ္သိန္း ၁၆ဝ ေက်ာ္) ကုိ ဖမ္းဆီးရမိခဲ့ပါတယ္။ 

ဆက္လက္ၿပီး ေနအိမ္ေဘးမွာ  ကပ္လ်က္ေနထုိင္တဲ့ သမီးျဖစ္သူ မီနာယာရဲ႕ ေနအိမ္ကို ဆက္လက္ရွာေဖြရာ အိပ္ခန္းအတြင္းမွာ က်င္းတူးၿပီး ျမႇဳပ္ထားတဲ့ WY စာတန္းပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၄၄၆၅ဝဝ ျပား  (ခန္႔မွန္းတန္ဖုိး ေငြက်ပ္သိန္းေပါင္း ၈၉ဝဝ ေက်ာ္) ကိုလည္း ဖမ္းဆီးရမိခဲ့ပါတယ္။

ဖမ္းဆီးရမိသူေတြကုိ စစ္ေဆးေမးျမန္းခ်က္အရ မူးယစ္ေဆးဝါးေတြကုိ ေမာင္ေတာၿမိဳ႕၊ အမွတ္ (၅) ရပ္ကြက္ေန ဆီရာဇူ အစၥလာမ္နဲ႔  ညီျဖစ္သူ ေဖြေယာ့ဇူ အစၥလာမ္တို႔ထံက ရရွိေၾကာင္း သိရတာေၾကာင့္ သြားေရာက္ရွာေဖြရာ ေနအိမ္မွာ ဆီရာဇူ အစၥလာမ္ကုိ ေတြ႔ရွိဖမ္းဆီးရမိခဲ့ၿပီး ညီျဖစ္သူ ေဖြေယာ့ဇူအစၥလာမ္က ထြက္ေျပး တိမ္းေရွာင္သြားခဲ့ပါတယ္။ ဖမ္းဆီးရမိသူေတြကုိ ေမာင္ေတာၿမိဳ႕မ ရဲစခန္းမွာ   လုပ္ထံုးလုပ္နည္းနဲ႔အညီ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ ထားပါတယ္။

မောင်တောမှာ ငွေကျပ်သိန်းပေါင်း ၉ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့ရဲ့ သတင်းအရ စက်တင်ဘာလ ၆ ရက် ညပိုင်းက မြို့ဦး ကျေးရွာအုပ်စု၊ လသာကျေးရွာနေ ဆွေယော့တူဆောင်းရဲ့ နေအိမ်ကို ရှာဖွေစစ်ဆေးရာ မီးဖိုချောင်ခန်းမှာ ကျင်းတူးပြီး မြှုပ်ထားတဲ့ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၈၁၇ဝ ပြား (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၆ဝ ကျော်) ကို ဖမ်းဆီးရမိခဲ့ပါတယ်။


ဆက်လက်ပြီး နေအိမ်ဘေးမှာ ကပ်လျက်နေထိုင်တဲ့ သမီးဖြစ်သူ မီနာယာရဲ့ နေအိမ်ကို ဆက်လက်ရှာဖွေရာ အိပ်ခန်းအတွင်းမှာ ကျင်းတူးပြီး မြှုပ်ထားတဲ့ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၄၆၅ဝဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၈၉ဝဝ ကျော်) ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။


ဖမ်းဆီးရမိသူတွေကို စစ်ဆေးမေးမြန်းချက်အရ မူးယစ်ဆေးဝါးတွေကို မောင်တောမြို့၊ အမှတ် (၅) ရပ်ကွက်နေ ဆီရာဇူ အစ္စလာမ်နဲ့ ညီဖြစ်သူ ဖွေယော့ဇူ အစ္စလာမ်တို့ထံက ရရှိကြောင်း သိရတာကြောင့် သွားရောက်ရှာဖွေရာ နေအိမ်မှာ ဆီရာဇူ အစ္စလာမ်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ညီဖြစ်သူ ဖွေယော့ဇူအစ္စလာမ်က ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါတယ်။ ဖမ်းဆီးရမိသူတွေကို မောင်တောမြို့မ ရဲစခန်းမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန် ထားပါတယ်။