
0
114



အခုလို လက်နက်ကိုင် ပဋိပက္ခတွေ ပိုမို မြင့်တက်လာတာဟာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် တို့ကြား မကြာခဏ ဖြစ်ပွားတဲ့ လက်နက်ကိုင် ထိတွေ့မှုတွေကြောင့်ဖြစ်ပြီး ရှမ်းပြည်နယ်မှာ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းပြီး သက်တမ်းတိုးမြှင့်မှုနဲ့အတူ လက်နက်ကိုင် ထိတွေ့မှု အရေအတွက် လျော့ကျခဲ့ကြောင်း MIPS က သတင်း  ထုတ်ပြန်ထားပါတယ်။

မေလအတွင်း နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခ ၉၂ ကြိမ် ဖြစ်ပွားခဲ့

၂၀၁၉ ခုနှစ်၊ ပြီးခဲ့တဲ့မေလအတွင်း နိုင်ငံတစ်ဝန်း လက်နက်ပိုင် ပဋိပက္ခ ၉၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အင်စတီကျု (MIPS) က သတင်းထုတ်ပြန်ထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွေအရ ပြီးခဲ့တဲ့ ဧပြီလကထက် ပိုမိုမြင့်တက်ခဲ့တာ ဖြစ်ပြီး MIPS ရဲ့ မြို့နယ်အဆင့် ပဋိပက္ခ စောင့်ကြည့်ရေး အချက်အလက် ဒေတာဘေစ့်ရဲ့ မှတ်တမ်းတွေအရ မေလအတွင်း လက်နက်ကိုင် ထိတွေ့မှု ၇၉ ကြိမ်၊ မိုင်းနှင့် ဒေသန္တရ လက်လုပ်မိုင်း အသုံးပြုတိုက်ခိုက်မှု ၁၃ ကြိမ်နဲ့ စုစုပေါင်း လက်နက်ကိုင် ပဋိပက္ခ ၉၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

အခုလို လက်နက်ကိုင် ပဋိပက္ခတွေ ပိုုမို မြင့်တက်လာတာဟာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် တို့ကြား မကြာခဏ ဖြစ်ပွားတဲ့ လက်နက်ကိုင် ထိတွေ့မှုတွေကြောင့်ဖြစ်ပြီး ရှမ်းပြည်နယ်မှာ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းပြီး သက်တမ်းတိုးမြှင့်မှုနဲ့အတူ လက်နက်ကိုင် ထိတွေ့မှု အရေအတွက် လျော့ကျခဲ့ကြောင်း MIPS က သတင်း ထုတ်ပြန်ထားပါတယ်။