ေဘးဒဏ္ခံနိုင္စြြမ္း စီမံခ်က္အတြက္ လူငယ္ေတြကို ဦးစားေပးေရြးခ်ယ္

0
339

ရန္ကုန္ၿမိဳ႕ ေဘးဒဏ္ခံနိုင္စြမ္း တည္ေဆာက္ျခင္း၊ ဆရာျဖစ္သင္တန္းအတြက္ ေရြးခ်ယ္ထားတဲ့ ေစတနာ့၀န္ထမ္း၂၅ ေယာက္ထဲမွာ အမ်ားစုက လူငယ္ေတြပါ၀င္တယ္လို႔ Action aid Myanmar က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးကေပးပို႔ ထားပါတယ္။

Action aid Myanmar က ရပ္ရြာလူထု သဘာ၀ေဘးဒဏ္ခံနိုင္စြမ္း တိုးျမွင့္ေရးစီမံခ်က္နဲ႔ ရန္ကုန္ၿမိဳ႕ သဘာ၀ေဘးဒဏ္ခံနိုင္စြမ္း တည္ေဆာက္ျခင္းအတြက္ ၿမိဳ႕နယ္ ၅ ၿမိဳ႕နယ္က ေစတနာ့၀န္ထမ္း ၂၅ ေယာက္ကို ေရြးခ်ယ္ၿပီး သဘာ၀ ေဘးအႏၱရာယ္နဲ႔ ပတ္သက္တဲ့သင္တန္းေတြကို ဟသၤာတၿမိဳ႕နယ္မွာ ဖြင့္လွစ္ထားတဲ့ ျမန္မာႏိုင္ငံရဲ႕ ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနရဲ႕ Training Center မွာ သင္ၾကားရမွာလည္း ျဖစ္ပါတယ္။

ဒီရပ္ရြာလူထု ေဘးဒဏ္ခံနိုင္စြမ္း တိုးျမွင့္ေရးဆိုတဲ့ စီမံခ်က္အတြက္ Action aid နဲ႔ အျခားမိတ္ဖက္ အဖြဲ႕အစည္းေတြ ပူးေပါင္းၿပီး လူငယ္ေတြကို ဦးစားေပးေရြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။

ဦး၀င္းေရႊ (ညႊန္ၾကားေရးမွဴး)
သဘာ၀ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာန

အဲဒီသင္တန္းအတြက္ ေစတနာ့၀န္ထမ္းေရြးခ်ယ္ရာမွာ သက္ဆိုင္ရာ၊ ျမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ ၿမိဳ႕နယ္လူမႈေရးအဖြဲ႕စည္းေတြနဲ႔ တိုင္ပင္ၿပီး သင္တန္းၿပီးဆံုးေအာင္ တက္ေရာက္ႏိုင္တဲ့သူ၊ သင္တန္းၿပီးဆုံးခဲ့ရင္လည္း အသိပညာမွ်ေ၀ လက္တြဲေဆာင္ရြက္ႏိုင္သူေတြကို ေရြးခ်ယ္ခဲ့တာျဖစ္လို႔ ေျပာပါတယ္။
မခင္၀င္းၾကည္(မန္ေနဂ်ာ)

ေဘးဒဏ္ခံႏိုင္စြမ္းတိုးျမွင့္ေရးစီမံခ်က္(Action aid Myanmar)

အဲဒီစီမံခ်က္နဲ႔ ေရြးခ်ယ္ခဲ့တဲ့ၿမိဳ႕နယ္ေတြကေတာ့ လသာ၊ လမ္းမေတာ္၊ မဂၤလာ ေတာင္ညႊန္႕၊ ဒဂံုဆိပ္ကမ္း၊ ဒလ စတဲ့ၿမိဳ႕နယ္ေတြျဖစ္ၿပီး အသက္ ၁၈ ႏွစ္ကေန စတင္ေရြး ခ်ယ္ခဲ့တာျဖစ္ပါတယ္ရွင္။ သင္တန္းကို ေမလမွာစတင္ သြားမွာျဖစ္တယ္လို႔လည္းေျပာပါတယ္ရွင္။

ရန်ကုန်မြို့ ဘေးဒဏ်ခံနိုင်စွမ်း တည်ဆောက်ခြင်း၊ ဆရာဖြစ်သင်တန်းအတွက် ရွေးချယ်ထားတဲ့ စေတနာ့ဝန်ထမ်း၂၅ ယောက်ထဲမှာ အများစုက လူငယ်တွေပါဝင်တယ်လို့ Action aid Myanmar က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပေးပို့ ထားပါတယ်။

Action aid Myanmar က ရပ်ရွာလူထု သဘာဝဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေးစီမံချက်နဲ့ ရန်ကုန်မြို့ သဘာဝဘေးဒဏ်ခံနိုင်စွမ်း တည်ဆောက်ခြင်းအတွက် မြို့နယ် ၅ မြို့နယ်က စေတနာ့ဝန်ထမ်း ၂၅ ယောက်ကို ရွေးချယ်ပြီး သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့သင်တန်းတွေကို ဟင်္သာတမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ Training Center မှာ သင်ကြားရမှာလည်း ဖြစ်ပါတယ်။

ဒီရပ်ရွာလူထု ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေးဆိုတဲ့ စီမံချက်အတွက် Action aid နဲ့ အခြားမိတ်ဖက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လူငယ်တွေကို ဦးစားပေးရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဦးဝင်းရွှေ (ညွှန်ကြားရေးမှူး)
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

အဲဒီသင်တန်းအတွက် စေတနာ့ဝန်ထမ်းရွေးချယ်ရာမှာ သက်ဆိုင်ရာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်လူမှုရေးအဖွဲ့စည်းတွေနဲ့ တိုင်ပင်ပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်တဲ့သူ၊ သင်တန်းပြီးဆုံးခဲ့ရင်လည်း အသိပညာမျှဝေ လက်တွဲဆောင်ရွက်နိုင်သူတွေကို ရွေးချယ်ခဲ့တာဖြစ်လို့ ပြောပါတယ်။
မခင်ဝင်းကြည်(မန်နေဂျာ)

ဘေးဒဏ်ခံနိုင်စွမ်းတိုးမြှင့်ရေးစီမံချက်(Action aid Myanmar)

အဲဒီစီမံချက်နဲ့ ရွေးချယ်ခဲ့တဲ့မြို့နယ်တွေကတော့ လသာ၊ လမ်းမတော်၊ မင်္ဂလာ တောင်ညွှန့်၊ ဒဂုံဆိပ်ကမ်း၊ ဒလ စတဲ့မြို့နယ်တွေဖြစ်ပြီး အသက် ၁၈ နှစ်ကနေ စတင်ရွေး ချယ်ခဲ့တာဖြစ်ပါတယ်ရှင်။ သင်တန်းကို မေလမှာစတင် သွားမှာဖြစ်တယ်လို့လည်းပြောပါတယ်ရှင်။