ဘောလုံးတစ်မျိုးတည်းမဟုတ်ဘဲ တခြားအားကစားတွေကိုလည်း အစိုးရကအားပေးချီးမြှောက်သင့်

0
37


အစိုးရက ဘောလုံးအားကစားတစ်ခုထဲကိုပဲ ဂရုစိုက်နေကြ့ပီး တခြားထူးချွန်တဲ့ လူငယ်အားကစားသမားတွေကို အားပေးချီးမွမ်းတာတွေ အများကြီးအားနည်းနေတယ်လို့ မြန်မာနိုင်ငံအမျိုးသမီးအား ကစားအဖွဲ့ချုပ်က ဒုတိယဥက္ကဌ ကပြောပါတယ်။






ဘောလုံးတစ်မျိုးထဲမဟုတ်ပဲ နိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုယူပေးခဲ့တဲ့ တခြားလူငယ်အားကစား သမားတွေကိုလည်း အစိုးရက အားပေးချီးမြှောက်သင့်တယ်လို့ မြန်မာနိုင်ငံအမျိုး သမီးအား ကစားအဖွဲ့ချုပ်ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

အစိုးရက ဘောလုံးအားကစားတစ်ခုထဲကိုပဲ ဂရုစိုက်နေကြြ့ပီး တခြားထူးချွန်တဲ့ လူငယ်အားကစားသမားတွေကို အားပေးချီးမွမ်းတာတွေ အများကြီးအားနည်းနေတယ်လို့ မြန်မာနိုင်ငံအမျိုးသမီးအား ကစားအဖွဲ့ချုပ်က ဒုတိယဥက္ကဌ ကပြောပါတယ်။

ဒါ့အပြင် ဘောလုံးအားကစားအပြင် နိုင်ငံတော်အတွက် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်တွေကိုယူဆောင် လာပေးတဲ့ အားကစားသမားတွေကိုလည်း နိုင်ငံတော်ကထောက်ပံ့တာတွေ ပိုပြီးလုပ်သင့်တယ် လို့လည်းပြောပါတယ်။

Soundbite – ဒေါ်ရည်ရည်ဝင်း (ဒုတိယဥက္ကဌ) မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်

ဒါ့အပြင် ပြည်သူတွေက တချို့အားကစားအမျိုးအစားရဲ့ စည်းမျဉ်းစည်းကမ်း၊ ခံယူချက်အပြင် အဝတ်အစား ဝတ်ဆင်ရတာတွေနဲ့ပတ်သက်ပြီး အမြင်လွဲမှားတာတွေအများကြီးရှိနေတယ်လို့လည်း ပြောပါတယ်။

Soundbite – ဒေါ်ရည်ရည်ဝင်း (ဒုတိယဥက္ကဌ) မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်

အခုနောက်ပိုင်းမှာ အမျိုးသားတွေအပြင် အမျိုးသမီးတွေကပါ အားကစားတွေကို အရင်ကထက်ပိုမိုစိတ်ဝင်စား လာတဲ့အတွက် အမျိုးသမီးငယ်တွေ ကအားကစားနဲ့ ကိုယ်လက်ကျန်းမာ ကြံ့ခိုင်မှုကိုပိုပြီး လုပ်လာ ကြတယ်လို့လည်းပြောပါတယ်။