ေဗာဓိတေထာင္ဆင္စခန္းဖြင့္လွစ္ၿပီး ၁ လေက်ာ္အတြင္း ခရီးသည္ဝင္ေရာက္မႈ အမ်ားဆံုးျဖစ္ခဲ့

0
43

မံုရြာ ေဗာဓိတေထာင္ဆင္စခန္း ဖြင့္လွစ္ၿပီး တစ္လေက်ာ္အတြင္း ခရီးသြားဧည့္သည္၀င္ေရာက္မႈ အမ်ားဆံုးျဖစ္ခဲ့ပါတယ္။ဒီသတင္းကုိ MCN မုံရြာသတင္းေထာက္ တင္မာေဆြက ေပးပို႔ထားၿပီး ၿဖိဳးမင္းပုိင္ က တင္ဆက္ေပးထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး၊မံုရြာၿမိဳ႕၊ေဗာဓိတေထာင္ဘုရားေတာင္ေျခရင္းမွာ ေဗာဓိတေထာင္ဆင္စခန္းကို အခုႏွစ္ ဇူလိုင္လဆန္းက စတင္ဖြင့္လွစ္ခဲ့တာပါ။

ဒီဆင္စခန္းဟာ ျမန္မာနိုင္ငံအတြင္း (၁၉)ခုေျမာက္ဆင္စခန္းျဖစ္ၿပီး ျမန္မာ့သစ္လုပ္ငန္း သစ္ထုတ္လုပ္ေရး ဦးစီး ဌာနမွတာ၀န္ယူဖြင့္လွစ္ခဲ့တာလည္း ျဖစ္ပါတယ္ ။

အခုလက္ရွိဆင္စခန္းဖြင့္ခ်ိန္ တစ္လေက်ာ္အတြင္းမွာ ခရီးသြားဧည့္သည္ ၈၀၀၀ ခန္႔လာေရာက္လည္ပတ္မႈရွိခဲ့ၿပီး ၀င္ေငြအေနနဲ႔ ၉၈ သိန္းေက်ာ္ရရွိကာ ျမန္မာနုိင္ငံရွိဆင္စခန္း ၁၉ ခုထဲမွာ ၀င္ေငြအေကာင္းဆံုး နံပါတ္ (၁) ေနရာမွာရပ္တည္ေနျဖစ္ပါတယ္။

Sound Bite ဦးေမာင္လြင္(လက္ေထာက္မန္ေနဂ်ာ)
ေဗာဓိတေထာင္ဆင္စခန္း

ေဗာဓိတေထာင္ဆင္စခန္းဟာ လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ၿပီး ေဗာဓိတေထာင္ဘုရားနဲ႔ ထိုင္ေတာ္မူဘုရား အနီးမွာတည္ရွိေနတာေၾကာင့္ ဘုရားဖူးခရီးသြား ဧည့္သည္ေတြ အလြယ္တကူ ၀င္ေရာက္လည္ပတ္နိုင္တာလည္းျဖစ္ပါတယ္။

ဆင္စခန္းမွာ ဆင္ ၇ ေကာင္ထားရွိေပးထားၿပီး လာေရာက္လည္ပတ္သူေတြ ကို ေဗာဓိတေထာင္ထိုင္ေတာ္မႈဘုရားႀကီးကုိ ဆင္စီးၿပီး ဘုရားသြားဖူးနိုင္တဲ့အထိ ၀န္ေဆာင္မႈ အမ်ိဳးမ်ိဳးေပးထားတာျဖစ္တယ္လုိ႔ ေျပာပါတယ္။

Sound Bite ဦးေသာ္ဇင္ေအာင္ (ဆင္အဖြဲ႕ေခါင္းေဆာင္)
ေဗာဓိတေထာင္ဆင္စခန္း

ဆင္စခန္း၀င္ေၾကးအေနနဲ႔ ျပည္တြင္းဧည့္သည္တဦးကုိ ၀င္ေၾကးတစ္ေထာင္၊ဆင္စီးခတေသာင္း သတ္မွတ္ထားၿပီး ႏိုင္ငံျခားသားတစ္ဦးကုိ၀င္ေၾကးတစ္ေသာင္း ၊ ဆင္စီးခတစ္ေသာင္း သတ္မွတ္ထားၿပီး ရဟန္းသံဃာေတြနဲ႔ ၁၀ ႏွစ္ေအာက္ကေလးငယ္ေတြ ကိုအခမဲ့၀င္ေရာက္လည္ပတ္ခြင့္ ေပးထား တာလဲျဖစ္ပါ တယ္။အဲဒီဆင္စခန္းမွာလာေရာက္လည္ပတ္သူေတြဗဟုသုတရေစဖုိ႔ အတြက္ ဆင္နဲ႔ပတ္သက္တဲ့ ပန္းခ်ီ၊ဓာတ္ပံုေပါင္း၁၀၀ ခန္႔ကိုလဲျပ ေပးထားတာျဖစ္ပါတယ္ ခင္ဗ်ာ။

မုံရွာ ဗောဓိတထောင်ဆင်စခန်း ဖွင့်လှစ်ပြီး တစ်လကျော်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု အများဆုံးဖြစ်ခဲ့ပါတယ်။ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး ဖြိုးမင်းပိုင် က တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ဗောဓိတထောင်ဘုရားတောင်ခြေရင်းမှာ ဗောဓိတထောင်ဆင်စခန်းကို အခုနှစ် ဇူလိုင်လဆန်းက စတင်ဖွင့်လှစ်ခဲ့တာပါ။

ဒီဆင်စခန်းဟာ မြန်မာနိုင်ငံအတွင်း (၁၉)ခုမြောက်ဆင်စခန်းဖြစ်ပြီး မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်လုပ်ရေး ဦးစီး ဌာနမှတာဝန်ယူဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ် ။

အခုလက်ရှိဆင်စခန်းဖွင့်ချိန် တစ်လကျော်အတွင်းမှာ ခရီးသွားဧည့်သည် ၈၀ဝ၀ ခန့်လာရောက်လည်ပတ်မှုရှိခဲ့ပြီး ဝင်ငွေအနေနဲ့ ၉၈ သိန်းကျော်ရရှိကာ မြန်မာနိုင်ငံရှိဆင်စခန်း ၁၉ ခုထဲမှာ ဝင်ငွေအကောင်းဆုံး နံပါတ် (၁) နေရာမှာရပ်တည်နေဖြစ်ပါတယ်။

Sound Bite ဦးမောင်လွင်(လက်ထောက်မန်နေဂျာ)
ဗောဓိတထောင်ဆင်စခန်း

ဗောဓိတထောင်ဆင်စခန်းဟာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ဗောဓိတထောင်ဘုရားနဲ့ ထိုင်တော်မူဘုရား အနီးမှာတည်ရှိနေတာကြောင့် ဘုရားဖူးခရီးသွား ဧည့်သည်တွေ အလွယ်တကူ ဝင်ရောက်လည်ပတ်နိုင်တာလည်းဖြစ်ပါတယ်။

ဆင်စခန်းမှာ ဆင် ၇ ကောင်ထားရှိပေးထားပြီး လာရောက်လည်ပတ်သူတွေ ကို ဗောဓိတထောင်ထိုင်တော်မှုဘုရားကြီးကို ဆင်စီးပြီး ဘုရားသွားဖူးနိုင်တဲ့အထိ ဝန်ဆောင်မှု အမျိုးမျိုးပေးထားတာဖြစ်တယ်လို့ ပြောပါတယ် ။

Sound Bite ဦးသော်ဇင်အောင် (ဆင်အဖွဲ့ခေါင်းဆောင်)
ဗောဓိတထောင်ဆင်စခန်း

ဆင်စခန်းဝင်ကြေးအနေနဲ့ ပြည်တွင်းဧည့်သည်တဦးကို ဝင်ကြေးတစ်ထောင်၊ဆင်စီးခတသောင်း သတ်မှတ်ထားပြီး နိုင်ငံခြားသားတစ်ဦးကိုဝင်ကြေးတစ်သောင်း ၊ ဆင်စီးခတစ်သောင်း သတ်မှတ်ထားပြီး ရဟန်းသံဃာတွေနဲ့ ၁၀ နှစ်အောက်ကလေးငယ်တွေ ကိုအခမဲ့ဝင်ရောက်လည်ပတ်ခွင့် ပေးထား တာလဲဖြစ်ပါ တယ်။အဲဒီဆင်စခန်းမှာလာရောက်လည်ပတ်သူတွေဗဟုသုတရစေဖို့ အတွက် ဆင်နဲ့ပတ်သက်တဲ့ ပန်းချီ၊ဓာတ်ပုံပေါင်း၁၀ဝ ခန့်ကိုလဲပြ ပေးထားတာဖြစ်ပါတယ် ခင်ဗျာ။