ေပ်ာ္ဘြယ္-နတ္ေမာက္ အဆန္ (၃) ကားရထား ဘီးေခ်ာ္တိမ္းေမွာက္

0
809

နတ္ေမာက္ၿမိဳ႕နယ္ လဲဘူး ဘူတာကေန ေပ်ာ္ဘြယ္ဘူတာကို ထြက္ခြာလာတဲ့ ေပ်ာ္ဘြယ္-နတ္ေမာက္ အမွတ္ (၃) အဆန္ ကားရထားဟာ မေန႔က ေအာက္တိုဘာ ၄ ရက္ေန႔ မနက္ ၁၀ နာရီခန္႔မွာ ဘီးေခ်ာ္တိမ္းေမွာက္ခဲ့ပါတယ္။

တိမ္းေမွာက္မႈေၾကာင့္ ဒဏ္ရာရသူေတြ အနက္ က်ဳိးပဲ့ဒဏ္ရာရတဲ့ အမ်ဳိးသားတစ္ဦးနဲ႔ အမ်ဳိးသမီးႏွစ္ဦးကို ရမည္းသင္းၿမိဳ႕ ျပည္သူ႔ေဆး႐ုံ၊ တျခား ဒဏ္ရာရရွိသူ အမ်ဳိးသမီးကိုးဦးကို ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံတို႔သို႔ ပို႔ေဆာင္ထားပါတယ္။

ျမန္မာ့မီးရထား တာဝန္ရွိသူေတြက တိမ္းေမွာက္ခဲ့တဲ့ ကားရထားကို ျပန္လည္ သယ္ယူႏိုင္ေရး ေဆာင္ရြက္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပျော်ဘွယ်-နတ်မောက် အဆန် (၃) ကားရထား ဘီးချော်တိမ်းမှောက်

နတ်မောက်မြို့နယ် လဲဘူး ဘူတာကနေ ပျော်ဘွယ်ဘူတာကို ထွက်ခွာလာတဲ့ ပျော်ဘွယ်-နတ်မောက် အမှတ် (၃) အဆန် ကားရထားဟာ မနေ့က အောက်တိုဘာ ၄ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ဘီးချော်တိမ်းမှောက်ခဲ့ပါတယ်။

တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူတွေ အနက် ကျိုးပဲ့ဒဏ်ရာရတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးကို ရမည်းသင်းမြို့ ပြည်သူ့ဆေးရုံ၊ တခြား ဒဏ်ရာရရှိသူ အမျိုးသမီးကိုးဦးကို ပျော်ဘွယ်မြို့နယ် ပြည်သူ့ဆေးရုံတို့သို့ ပို့ဆောင်ထားပါတယ်။

မြန်မာ့မီးရထား တာဝန်ရှိသူတွေက တိမ်းမှောက်ခဲ့တဲ့ ကားရထားကို ပြန်လည် သယ်ယူနိုင်ရေး ဆောင်ရွက်နေပါတယ်။