ေပါ့ဘာနဲ႔ အီဗရာဟင္ကို လူမ်ိဳးခြဲျခားတဲ့ account ၇၀၀ ေက်ာ္ကို Twitter ပယ္ဖ်က္

0
33

မန္ခ်က္စတာ ယူႏိုက္တက္ ကြင္းလယ္လူ ေပါ့ဘာနဲ႔ ခ်ဲလ္ဆီး တိုက္စစ္မွဴး အီဗရာဟင္တို႔အေပၚ လူမ်ိဳးေရးခြဲျခားခဲ့တဲ့ account ေတြထဲက ၇၀၀ ေက်ာ္ကို ပယ္ဖ်က္ခဲ့တယ္လို႔ လူမူကြန္ရက္ Twitter က သတင္းထုတ္ျပန္ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ ကြင္းလယ္လူ ေပါ့ဘာနဲ႔ ခ်ဲလ္ဆီး တိုက္စစ္မွဴး အီဗရာဟင္တို႔ဟာ ပရီးမီယားလိဂ္ၿပိဳင္ပြဲ ပြဲစဥ္ေတြအတြင္း Twitter ေပၚမွာ လူမ်ိဳးေရး ခြဲျခားခံရပါတယ္။ လူမ်ိဳးေရး ခြဲျခားတဲ့ ပို႔စ္ေတြ အတင္ခံရၿပီးေနာက္ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးက တာဝန္ရွိသူေတြဟာ လူမ်ိဳးေရး ခြဲျခားသူေတြရဲ႕ ပိုစ္ေတြကို ဖ်က္သိမ္းဖို႔နဲ႔ တင္းၾကပ္တဲ့ ကိုင္တြယ္မႈေတြလုပ္ဖို႔ ခ်ဲလ္ဆီး  ကုမၸဏီကို ေတာင္းဆိုခဲ့ပါတယ္။

Twitter ကို အသံုးျပဳၿပီး ေဘာလံုးသမားေတြအေပၚ ဆိုးရြားတဲ့ပိုစ့္ တင္သူေတြကို ေစာင့္ၾကည့္ၿပီး အေရးယူ ကိုင္တြယ္ေနတယ္လို႔ Twitter  တာဝန္ရွိသူေတြက ေျပာပါတယ္။ ေပါ့ဘာနဲ႔ အီဗရာဟင္တို႔ကို ပစ္မွတ္ထားၿပီး လူမ်ိဳးေရး ခြဲျခားတဲ့ ပိုစ့္တင္သူေတြ အားလံုးထဲက ၇ ရာခိုင္ႏႈန္းကို စံနမူနာအေနနဲ႔ အေရးယူ ေဆာင္ရြက္ထားတယ္လို႔ Twitter ကုမၸဏီက ေျပာပါတယ္။

<<<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာနဲ့ ချဲလ်ဆီး တိုက်စစ်မှူး အီဗရာဟင်တို့အပေါ် လူမျိုးရေးခွဲခြားခဲ့တဲ့ account တွေထဲက ၇၀ဝ ကျော်ကို ပယ်ဖျက်ခဲ့တယ်လို့ လူမူကွန်ရက် Twitter က သတင်းထုတ်ပြန်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာနဲ့ ချဲလ်ဆီး တိုက်စစ်မှူး အီဗရာဟင်တို့ဟာ ပရီးမီယားလိဂ်ပြိုင်ပွဲ ပွဲစဉ်တွေအတွင်း Twitter ပေါ်မှာ လူမျိုးရေး ခွဲခြားခံရပါတယ်။ လူမျိုးရေး ခွဲခြားတဲ့ ပို့စ်တွေ အတင်ခံရပြီးနောက် မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးက တာဝန်ရှိသူတွေဟာ လူမျိုးရေး ခွဲခြားသူတွေရဲ့ ပိုစ်တွေကို ဖျက်သိမ်းဖို့နဲ့ တင်းကြပ်တဲ့ ကိုင်တွယ်မှုတွေလုပ်ဖို့ ချဲလ်ဆီး  ကုမ္ပဏီကို တောင်းဆိုခဲ့ပါတယ်။

Twitter ကို အသုံးပြုပြီး ဘောလုံးသမားတွေအပေါ် ဆိုးရွားတဲ့ပိုစ့် တင်သူတွေကို စောင့်ကြည့်ပြီး အရေးယူ ကိုင်တွယ်နေတယ်လို့ Twitter  တာဝန်ရှိသူတွေက ပြောပါတယ်။ ပေါ့ဘာနဲ့ အီဗရာဟင်တို့ကို ပစ်မှတ်ထားပြီး လူမျိုးရေး ခွဲခြားတဲ့ ပိုစ့်တင်သူတွေ အားလုံးထဲက ၇ ရာခိုင်နှုန်းကို စံနမူနာအနေနဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ Twitter ကုမ္ပဏီက ပြောပါတယ်။