ေပါက္ကြဲခဲ့တဲ့ သေဘၤာအနီးမွာ မေပါက္ေသးတဲ့ဗံုးေတြ႔

0
260

အိုမန္ပင္လယ္ေကြ႕ထဲမွာ တိုက္ခိုက္ခံခဲ့ရတဲ့ ေရနံတင္သေဘၤာနား ကေန မေပါက္ကြဲေသးတဲ့ဗုံးတစ္လုံးကို အီရန္ရဲ့ ေတာ္လွန္ေရး အေစာင့္တပ္က ဖယ္ရွားေနတယ္ဆိုတာကို ျပသတဲ့ ဗီဒီယိုကို အေမရိကန္စစ္တပ္က ထုတ္ျပန္လိုက္ပါတယ္။

ေနာ္ေဝးသေဘၤာကုမၸဏီပိုင္ Front Alter သေဘၤာနဲ႔ ဂ်ပန္ကုမၸဏီပိုင္ Kokuka Courageous သေဘၤာတို႔အပါအဝင္ ၾကာသပေတးေန႔က ျဖစ္ပြားခဲ့တဲ့တိုက္ခိုက္မႈေတြအတြက္အီရန္ကို အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပီအို က အျပစ္တင္ေျပာဆိုလိုက္ ပါတယ္။

အေမရိကန္ဗဟိုစစ္ဌာနခ်ဳပ္ရဲ့  ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္တစ္ေစာင္မွာ စနက္တံကို အေဝးထိန္းကိရိယာနဲ႔ ျဖဳတ္နိုင္တဲ့ Limpet Mine လို႔ေခၚတဲ့ မိုင္းတစ္မ်ိဳးကို Kokuka Courageous သေဘၤာရဲ့ ေဘးဘက္မွာေတြ႕ခဲ့ရတယ္ဆိုတာနဲ႔ တိုက္ခိုက္မႈျဖစ္ပြားၿပီး ၉ နာရီအၾကာမွာ ဗုံးကို ဖယ္ရွားပစ္ခဲ့တယ္ လို႔ ေဖာ္ျပထားပါတယ္။

ပေါက်ကွဲခဲ့တဲ့ သင်္ဘောအနီးမှာ မပေါက်သေးတဲ့ဗုံးတွေ့

အိုမန်ပင်လယ်ကွေ့ထဲမှာ တိုက်ခိုက်ခံခဲ့ရတဲ့ ရေနံတင်သင်္ဘောနား ကနေ မပေါက်ကွဲသေးတဲ့ဗုံးတစ်လုံးကို အီရန်ရဲ့ တော်လှန်ရေး အစောင့်တပ်က ဖယ်ရှားနေတယ်ဆိုတာကို ပြသတဲ့ ဗီဒီယိုကို အမေရိကန်စစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။

နော်ဝေးသင်္ဘောကုမ္ပဏီပိုင် Front Alter သင်္ဘောနဲ့ ဂျပန်ကုမ္ပဏီပိုင် Kokuka Courageous သင်္ဘောတို့အပါအဝင် ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေအတွက်အီရန်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို က အပြစ်တင်ပြောဆိုလိုက် ပါတယ်။

အမေရိကန်ဗဟိုစစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်စောင်မှာ စနက်တံကို အဝေးထိန်းကိရိယာနဲ့ ဖြုတ်နိုင်တဲ့ Limpet Mine လို့ခေါ်တဲ့ မိုင်းတစ်မျိုးကို Kokuka Courageous သင်္ဘောရဲ့ ဘေးဘက်မှာတွေ့ခဲ့ရတယ်ဆိုတာနဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီး ၉ နာရီအကြာမှာ ဗုံးကို ဖယ်ရှားပစ်ခဲ့တယ် လို့ ဖော်ပြထားပါတယ်။