
0
89




နေပြည်တော်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ကမ်းပါးတွေ ပြိုကျ


နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ကျသောင်းတောင် ကျေးရွာအုပ်စု၊ ကျေးတန်းကူ ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ်းပါးတွေ ပြိုကျမှုတွေဖြစ်ပွားနေပါတယ်။


သြဂုတ်လ ၁၉ ရက်နေ့က ကျေးတန်းကူ ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေ များလာပြီး သစ်ပုတ်ပင် – ကျေးတန်းကူ ကျေးရွာခြင်းဆက်လမ်းမှာ ကမ်းပါးတွေ ရေတိုက်စားခံရပြီး ပြိုကျမှု ဖြစ်ပွားခဲ့တာပါ။


လက်ရှိမှာ ကျေးလက်ကျန်းမာရေး အဆောက်အဦ အတွင်းရှိ ဝန်ထမ်းတွေနဲ့ ဆေးဝါးပစ္စည်းတွေကို ဘေးကင်းရာ ရွှေ့ပြောင်း ဆောင်ရွက်ပေးခဲ့ပြီး ဖြတ်သန်းသွားလာပါက အန္တရာယ်ရှိနိုင်တဲ့ လမ်းတွေကို ပိတ်ဆို့မှုတွေ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဆောင်ရွက်ပေးနေပါတယ်။