ေနာ္ေဝႏုိင္ငံ ပညာေရးႏွင့္ ထိေတြ႕ျခင္း (၃)

0
737

ကေလးကို မူႀကိဳထားရာကေန မူလတန္း၊ အလယ္တန္း၊ အထက္တန္း စသည္ျဖင့္ ပညာအဆင့္ဆင့္ ဆက္လက္ သင္ၾကားေစတဲ့ ေက်ာင္းသားမိဘေတြဟာ ဘယ္လိုစိတ္ထား၊ ဘယ္လိုပံ့ပိုးမႈေတြနဲ႔ မိမိသားသမီးကို ပံ့ပိုးေပးသင့္သလဲ။

ေနာ္ေဝႏုိင္ငံမွာေတာ့ မိဘတုိင္းလုိလုိရဲ႕ စိတ္ဆႏၵက –
ေန႔ကေလးထိန္းဌာနတြင္ ကေလးမ်ား အေျမာက္အျမား သင္ယူတတ္ေျမာက္ၾကသည္။
၁။ အျခားကေလးမ်ားႏွင့္ အတူေနရသည့္ အေတြ႕အႀကဳံရဖုိ႔ ဦးစားေပးရန္ ျဖစ္ပါသည္။
၂။ သူတစ္ပါးအေပၚ ကုိယ္ခ်င္းစာရမည္ကုိ သင္ယူၾကရန္ ျဖစ္ပါသည္။
၃။ ကိုယ့္ကုိကုိယ္ ပုိမုိအားကုိးတတ္လာေစရန္ ျဖစ္ပါသည္။
၄။ အေၾကာင္းအရာေပါင္းစုံ တတ္ေျမာက္လာၾကရန္ ျဖစ္ပါသည္။
၅။ ေက်ာင္းေနရန္ အဆင့္သင့္ျပင္ၿပီးသား ျဖစ္လာေစရန္ ျဖစ္ပါသည္။

မိမိတုိ႔ ဝန္ထမ္းမ်ားက ေန႔ကေလးထိန္းဌာနတြက္ ကေလးမ်ားအတြက္ သင္ယူသင့္သည္မ်ားကုိ အခ်ိန္ယူကာ အစီအစဥ္ေရးဆြဲသည္။ ထုိစုေပါင္းလႈပ္ရွားမႈ (activity) မ်ားကုိ အစီအစဥ္ေရးဆြဲရာတြင္ အစုိးက ျပ႒ာန္းထားေသာ ေန႔ကေလးထိန္း ဌာနဆုိင္ရာ ဥပေဒႏွင့္အတူ အျခားေသာ စည္းကမ္းခ်က္မ်ား၊ စီမံကိန္းမ်ားႏွင့္ ကုိက္ညီေအာင္ စီစဥ္ရသည္။ မိဘမ်ားအေနႏွင့္ ေန႔ကေလးထိန္းဌာနမွ လုပ္ငန္းမ်ား၏ ရည္ရြယ္ခ်က္ႏွင့္ ကေလးမ်ား ပါဝင္ရမည့္ စုေပါင္းလွဳပ္ရွားမႈမ်ားအေၾကာင္း အခ်က္အလက္မ်ားကုိ သိရွိရမည္ ျဖစ္ပါသည္။
မိိမိတုိ႔ ျမန္မာႏုိင္ငံမွာလည္း သားသမီးကို ေအာင္ျမင္ျဖစ္ထြန္းၿပီး လိမ္မာတဲ့ သားေကာင္း သမီးေကာင္းေတြ ျဖစ္ေစခ်င္တဲ့အတြက္ သူတို႔ယံုၾကည္ရာ၊ ေကာင္းမယ္ထင္ရာ၊ အဆင္ေျပရာေလးေတြနဲ႔ သားသမီးကို ပဲ့ျပင္ပုံသြင္းၾကပါသည္။ ေနာ္ေဝႏုိင္ငံကေတာ့ ကေလးေတြ၏ အရည္အေသြး၊ မိဘ၏ ဆုံးမသြန္သင္ လမ္းျပမႈ၊ ဆရာ ဆရာမေတြ၏ သြန္သင္ပဲ့ျပင္မႈေတြႏွင့္ တစ္ဦးခ်င္းစီ အရည္အေသြး ကြာျခားသြားၾကပါသည္။

ေနာ္ေဝႏုိင္ငံမွာကေတာ့ ဘယ္ႏိုင္ငံကပဲျဖစ္ေနေန၊ ဘာလူမ်ိဳးပဲျဖစ္ျဖစ္၊ ဘယ္ဘာသာပဲ ကိုးကြယ္ ကိုးကြယ္၊ ဘယ္ဘာသာစကားပဲ ေျပာေျပာ ကိုယ္ခ်င္းစာစိတ္မရွိလွ်င္ လူမပီသဘူးလို႔ ထင္ျမင္မိတာပဲ။ ကိုယ္တိုင္ကလည္း ကိုယ္ခ်င္းစာစိတ္ကို အၿမဲလက္ကိုင္ထား သံုးႏႈန္းေျပာဆို လုပ္ကိုင္ေတြးေပးေလ့ရွိသည္။
မိမိကေတာ့ ပတ္ဝန္းက်င္က ကေလးေတြကုိ ဒီစိတ္ကေလးကိုပဲ အၿမဲေလ့က်င့္ေပးတယ္။ ဘာပဲလုပ္လုပ္၊ ဘာပဲေျပာေျပာ၊ ဘာပဲေတြးေတြး ကိုယ္ခ်င္းစာစိတ္ေလးကို ဦးစားေပးျဖစ္ေအာင္ ေလ့က်င့္ေပးတာပါ။ ေနာ္ေဝႏုိင္ငံက ကေလးအမ်ားစုက သူတုိ႔ စကားမေျပာတတ္ခင္ ကတည္းက ကိုယ္ခ်င္းစာတတ္ဖို႔ ေျပာဆိုေလ့က်င့္ေပးၾကပါသည္။

ကိုယ့္ကို ဒီလိုေျပာရင္ ႀကိဳက္သလား၊ မႀကိဳက္ရင္ သူမ်ားကိုလည္း မေျပာနဲ႔။ ကိုယ့္ကို ဒီလိုလုပ္ရင္ ႀကိဳက္သလား၊ မႀကိဳက္ရင္ သူမ်ားကို ဒီလိုမလုပ္နဲ႔။ သူမ်ားလည္း ႀကိဳက္မွာ မဟုတ္ဘူးလို႔ အထပ္ထပ္အခါခါ ေလ့က်င့္သင္ၾကားေပးၾကပါသည္။
၁ ႏွစ္ဆုိတဲ့ ကေလးက ဘယ္လုိ နားလည္မွာလဲဆုိတာ စိတ္ပူစရာ မရွိေအာင္ ေန႔ကေလးထိန္းဌာနက တာဝန္ရွိသူေတြက ကေလးေတြ အၿမဲတမ္း ေလ့လာၾကပါသည္။ ဥပမာ ကေလးတစ္ေယာက္က တစ္ျခားတစ္ေယာက္ကုိ ႐ုိက္တာတုိ႔၊ သူတစ္ပါးပစၥည္းကုိ ယူတာ သူပဲ အၿမဲတမ္း ဆုိးေနၿပီဆုိရင္ မိဘေတြအိမ္မွာ ဘယ္လုိ ေနထုိင္ျပဳမႈေနၾကတယ္ ဆုိတာကုိ ေခၚယူေမးျပန္ၾကပါသည္။ ကေလးႏွင့္ ပတ္သက္သည့္ အေျခခံ လုိအပ္ခ်က္ေတြကုိ မိဘေတြကုိ ေျပာျပသလုိ မိဘမ်ား၏ လုိအပ္ခ်က္မ်ားကုိလည္း အျပန္အလွန္ ေမးျမန္ၾကပါသည္။

ဥပမာအားျဖင့္ ကေလး သဘာဝ မနာဖူးလွ်င္ နာတယ္ဆိုတာ ဘာမွန္းမသိ။ ဒီလိုလုပ္လိုက္ရင္ သူမ်ား ဘယ္ေလာက္ နာသြားသလဲဆိုတာ မနာဖူးေတာ့ ကိုယ္ခ်င္းမစာတတ္။ လသားကေလးတိုင္း သူမ်ားဆံပင္ကို လွမ္းဆြဲတတ္တဲ့ အက်င့္ရွိသည္။ အားႀကီးလွ်င္ ႀကီးသေလာက္ သူမ်ားမွာ အေတာ္ခံစားရသည္။ သူကေတာ့ နာပါေစရယ္လို႔ တမင္ရည္ရြယ္ဆြဲတာ မဟုတ္ပါ။ သူမ်ားနာသြားတာကိုေတာင္ သေဘာတက် တခစ္ခစ္ရယ္ေနရင္ ရယ္ဦးမွာ။ သူမွ ဒီလို နာတတ္မွန္း မသိပဲေလ။
အဲဒီလို လသားအရြယ္ေလး ကတည္းက ကိုယ္ခ်င္းစာစိတ္ ဆိုတာကို သေႏၶက်ေအာင္ ေလ့က်င့္ေပးခဲ့ရမွာ။ တခါတေလ သင္ေပးတဲ့ မိဘဆရာေတြဟာ မလုပ္ခ်င္လည္း တပါးသူ သိနားလည္သြားဖို႔ ေလ့က်င့္ သင္ၾကားေပးခဲ့ရမွာေတြ ရွိသည္။
ဒါဟာ ရက္ရက္စက္စက္ လုပ္ရက္တာမ်ိဳး မဟုတ္ဘူး။ အတုိင္းအတာ တစ္ခုအထိ သင္ယူသူ တကယ္နားလည္သြားဖို႔ သင္ေပးရတာေတြ ရွိသည္။ နာမွန္းမသိတဲ့ ကေလးကို သူနာ႐ံုေလာက္ေလး ျပန္လုပ္လိုက္႐ံုနဲ႔ ေၾသာ္ ဒီလို နာတာပါလားလို႔ သိသြားမွာပါ။ ဒီေလာက္ေလး ေဖာ့ေဖာ့လုပ္တာေတာင္ နာၿပီးငိုတယ္ဆို အားႏွင့္လုပ္တာ ခံရတဲ့ တပါးသူမွာ ဘယ္ေလာက္နာလိုက္မလဲဆိုၿပီး ေခ်ာ့ရင္း ရွင္းျပခဲ့ရပါသည္။

ေနာ္ေဝက မိဘမ်ားကို မိဘဆရာအသင္း အစည္းအေဝးႏွင့္ မိဘတစ္ဦးခ်င္း ေဆြးေႏြးပြဲမ်ားသုိ႔ ဖိတ္ေခၚပါသည္။ မိဘဆရာအသင္း အစည္းအေဝးအတြင္း မိဘေတြ အျပန္အလွန္ သိကြ်မ္းခင္မင္ႏုိင္ၿပီး ကေလးငယ္ရွိသျဖင့္ မည္သုိ႔ေတြ႔ႀကဳံၾကရသည္ကုိ ေဆြးေႏြးႏုိင္ၾကပါသည္။ ေနာ္ေဝစကား မေျပာတတ္သည့္ မိဘမ်ားအေနႏွင့္ မိဘဆရာအသင္း အစည္းအေဝးသုိ႔ စကားျပန္ေခၚလာခြင့္ ရွိပါသည္။

ေနာ္ေဝက ကေလးအမ်ားစုအတြက္ အက်ိဳးရလဒ္အေနနဲ႔ ကေလးမ်ားစုဟာ တစ္ပါးသူကို ဆံပင္ဆြဲတာ၊

ဆိတ္ဆြဲတာ၊ တြန္းခ်တာ၊ ကုန္းကိုက္တာမ်ိဳးေတြ တစ္ခါတစ္ေလ ျဖစ္ေလ့ျဖစ္ထ ရွိေပမဲ့

မန္မာႏုိင္ငံက ကေလးေတြေလာက္ေတာ့ မျဖစ္ၾကပါဘူး။

ကေလးတစ္ေယာက္က တစ္ျခားကေလးတစ္ေယာက္ကုိ အသည္းခိုက္ေအာင္ နာသြားတိုင္း၊ အျပင္မွာ ေဆာ့ကစားရင္း စိတ္တိုင္းမက်လို႔ သူမ်ားကေလးကို သြားလုပ္ခဲ့ရင္ ဆရာ၊ ဆရာမေတြက ေနာက္မလုပ္ဖုိ႔နဲ႔ ျပန္ၿပီးေတာ့ တစ္ျခားကေလးကုိ ေတာင္းပန္ဖုိ႔ လက္ဆြဲႏႈတ္ဆက္ၿပီး ေၾကးေအးခုိင္းပါသည္။

ကေလးကုိ ေနာင္မွာ တစ္ျခားကေလးကုိ မလုပ္ေအာင္ ကိုယ္ခ်င္းစာဖုိ႔ အဲဒီလိုေတြ မျဖစ္ေအာင္ ဒီလိုလုပ္ရင္ တပါးသူမွာ ဒီလိုပဲ ခံစားရသည္၊ ကိုယ္ကိုလုပ္တာ မႀကိဳက္ရင္ သူမ်ားကိုလည္း မလုပ္ရဘူးလို႔ သင္ေပးၾကသည္။ တျခားကေလး လာလုပ္ရင္လည္း ကိုယ္ႀကိဳက္မွာ မဟုတ္ဘူးေလ စသည္ျဖင့္ ဆုံးမရပါသည္။
ေနာ္ေဝမွာ ကေလးေတြကုိ ဒီလိုေတြ ေလ့က်င့္သင္ေပးလာခဲ့ၾကတာပါ။ လူေတြအေပၚမွ မဟုတ္ဘူး၊ တိရစာၦန္ေလးေတြလည္း နာက်င္ခံစားတတ္တာမို႔ သူတို႔ေတြကိုလည္း မႏွိပ္စက္ရဘူးဆိုတာ သင္ေပးၾကသည္။ သဘာဝဆိုတာ သဘာဝအတိုင္း လွပေနတာမို႔ သဘာဝဆိုတာ မဖ်က္စီးသင့္ဘူး၊ အပင္ေတြ၊ အရြက္ေတြကို မဖ်က္စီးသင့္ဘူး၊ သူတို႔အလွအပကို ထိန္းသိမ္းေပးထားမွ ဒီလူ႔ပတ္ဝန္းက်င္ဟာေနလို႔ ပိုေကာင္းမွာ၊ ပိုလွပသာယာေနမွာ ဆိုတာမ်ိဳးေတြလည္း သင္ေပးၾကသည္။

ဒီလိုသင္ေပးဖို႔ဆိုတာ ဆရာႏွင့္ ကေလးမ်ား အခ်ိန္မ်ားမ်ားေပးၿပီး နားဝင္ေအာင္ အႀကိမ္ႀကိမ္ ေျပာဆို ေလ့က်င့္သင္ၾကားေပးပါမွ ဒီကိုယ္ခ်င္းစာစိတ္ေလး အသားက်ေနမွာ။ ကေလးအနားမွာရွိတဲ့ လူႀကီးမိဘေတြ ကိုယ္တိုင္ကလည္း ဒီကိုယ္ခ်င္းစာစိတ္ေလး လက္ကိုင္ထား ေျပာဆိုလုပ္ကိုင္တဲ့သူေတြ ျဖစ္ရမွာေပါ့။ ကေလးဆိုတာမ်ိဳးက အတုျမင္အတတ္သင္တာ အရမ္းလြယ္သည္။ တတ္သြားသည့္ အက်င့္ဆိုးကို ေဖ်ာက္ဖ်က္ဖို႔သာ ခက္ေနတာ။ မိမိတုိ႔ ျမန္မာျပည္မွာေတာ့ ကေလးေတြမွာ အက်င့္ဆိုးေတြ ကူးသြားရင္ အေတာ္အခ်ိန္ယူ ေဖ်ာက္ဖ်က္ရတာ။ ကေလးက ဆင္ေျခေပးမွာေပါ့၊ သူတို႔က်လုပ္ၿပီး ကိုယ့္ေတာ့ မလုပ္နဲ႔ ေျပာဆို႐ိုက္ႏွက္ေနတာကိုး စသည့္ျဖင့္ ျပန္ေျပာတတ္ၾကပါသည္။ အဲဒါေၾကာင့္ မိဘႏွင့္ ကေလးငယ္မ်ား အၾကား နားလယ္မႈ ရရွိေအာင္ ႀကဳိးစားဖုိ႔က အေရးႀကီးပါသည္။
ကေလးအမ်ားစုမွာ အက်င့္ဆိုးတစ္ခု ကူးသြားတတ္သည္။ ဒါဟာ အင္မတန္ ေဖ်ာက္ဖို႔ခဲယဥ္းတဲ့ တန္ေအာင္ခိုင္းရမယ္ဆိုတဲ့ စိတ္ပဲ။ မိဘေတြကိုယ္တိုင္က ဒီလိုစိတ္မ်ိဳးရွိေနရင္ ပိုဆိုးပါသည္။ ေနာ္ေဝက ကေလးအမ်ားစုကေတာ့ အရြယ္အလိုက္ ေလးစားသမႈရွိရမယ္၊ ကိုယ္လုပ္ႏိုင္တာ ကိုယ့္တာဝန္ကိုယ္ယူရမယ္၊ အစစအရာရာ လိုက္လုပ္ေပးဖို႔ တာဝန္ရွိတယ္ဆိုတဲ့ စိတ္မ်ိဳးမထားသင့္ဘူး ဆိုတာေတြဟာ မိဘေတြက သင္ေပးၾကပါသည္။

ေနာက္တစ္ခုကေတာ့ ေနာ္ေဝႏုိင္ငံက ကေလးေတြဟာ သူတုိ႔အလုပ္မွန္သမွ် သူတုိ႔လုပ္တတ္ေအာင္ သင္ၾကားေပးထားေတာ့ မိမိတုိ႔ ျမန္မာျပည္က မိဘမ်ားႏွင့္ မတူပါ။ ျမန္မာမွာကေတာ့ မိဘေတြကုိယ္တုိင္က ကေလးတစ္ခုခုဆုိရင္ သြားကူသည္။ ေနာ္ေဝက အဲဒီလုိ မဟုတ္ပါ။ သူကုိယ္တုိင္ လုပ္ကုိင္ေဆာင္ရြက္တတ္ေအာင္ အကူလုပ္ေပးတာ မရွိပါ။ ျမန္မာျပည္မွာေတာ့ ေနာက္ဆုံး လြယ္အိတ္၊ ဖိနပ္ စီးေပးတာေတြကအစ ကေလးေတြကုိ မိဘက လုပ္ေဆာင္ေပးေနေတာ့ အဲဒီကေလးဟာ ေရသာခုိတဲ့ စိတ္ကေလး သူ႔စိတ္မွာ ကိန္းေအာင္းသြားၿပီ။ ဒီစိတ္ႀကီး အျမစ္တြယ္ ႀကီးျပင္းသြားခဲ့မယ္ဆုိရင္ မေကာင္းပါ။
ႀကံဳလို႔ ေဝမၽွဦးမည္။

ေနာ္ေဝမွာေတာ့ ကေလးကုိ သူ႔ဖာသာ ဖိနပ္စီးတတ္ဖို႔ ခပ္လြယ္လြယ္ စီးလို႔ရမယ့္ ကပ္ခြာဖိနပ္ေလးေတြကို ႏွစ္ႏွစ္ေလာက္ အရြယ္ကတည္းက ေပးစီးခဲ့သည္။ ဘယ္ညာ မွားစီးတတ္ေပမယ့္ သူ႔ဘာသာ စီးတတ္တဲ့အက်င့္ကို အဲဒီ အရြယ္ကတည္းက ေလ့က်င့္ေပးခဲ့သည္။ မွားလွ်င္ ဘယ္ႏွင့္ ညာ ဘယ္လို ခြဲျခားစီးရေၾကာင္း သင္ျပေျပာဆိုၿပီး ျပန္စီးေပးသည္။ သူ႔ဖာသာသူ အရင္စီးတတ္ေအာင္ကို အဲဒီအရြယ္ကတည္းက ေလ့က်င့္ေပးခဲ့သည္။ ထိုနည္းတူ ေခါင္းစြတ္ဝတ္ကေလးေတြ၊ သေရႀကိဳး ေဘာင္းဘီေတြ ဆိုလွ်င္လည္း ေကာက္စြပ္တတ္ေအာင္ ေလ့က်င့္ေပးခဲ့သည္။ သူကိုယ္တိုင္ထည့္တဲ့ သူ႔ကစားစရာ အိတ္ေသးေလး ဆိုလွ်င္လည္း သူ႔ဖာသာသူ လြယ္ေစတာပဲ။ အလြန္ ေလးေနမွ၊ ဒါမွမဟုတ္ ခရီးေဝးပါမွ လူႀကီးက ကူသယ္သည္။ တကယ္က ကုိယ္အားကိုယ္ကိုးသည့္ စိတ္ကေလးကို ေလ့က်င့္ေပးၾကပါသည္။

ထို႔ေၾကာင့္ ဘယ္ႏိုင္ငံမွာေနေန၊ ဘယ္လူမ်ိဳးျဖစ္ျဖစ္၊ ဘယ္ဘာသာစကားပဲ ေျပာေျပာ၊ ဘယ္ဘာသာပဲ ကိုးကြယ္ကိုးကြယ္၊ ကိုယ့္ပတ္ဝန္းက်င္က လူေတြဟာ ကိုယ္ခ်င္းစာစိတ္ကေလးမ်ား လက္ကိုင္ထားၿပီး ေတြးေခၚေျပာဆို လုပ္ကိုင္တာမ်ိဳး အေလ့အက်င့္မရွိလွ်င္ ပိုမိုေကာင္းမြန္တဲ့ လူ႔ပတ္ဝန္းက်င္ ဆိုတာကို ဖန္တီးထိန္းသိမ္းသြားဖို႔ဆိုတာ အခ်ိန္ယူရလိမ့္ဦးမည္။

(ဆက္လက္ေဖာ္ျပပါမည္။)
ေရႊဝါေရာင္ အရွင္ထာဝရ (ေနာ္ေဝ)

ေနာ္ေဝႏုိင္ငံ ပညာေရးႏွင့္ ထိေတြ႔ျခင္း (၁) ဖတ္ရႈရန္
ေနာ္ေဝႏုိင္ငံ ပညာေရးႏွင့္ ထိေတြ႔ျခင္း (၂) ဖတ္ရႈရန္

>>>>>>>>>>>>>>>>>>>>>>>>>>

 

ကလေးကို မူကြိုထားရာကနေ မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည်ဖြင့် ပညာအဆင့်ဆင့် ဆက်လက် သင်ကြားစေတဲ့ ကျောင်းသားမိဘတွေဟာ ဘယ်လိုစိတ်ထား၊ ဘယ်လိုပံ့ပိုးမှုတွေနဲ့ မိမိသားသမီးကို ပံ့ပိုးပေးသင့်သလဲ။

နော်ဝေနိုင်ငံမှာတော့ မိဘတိုင်းလိုလိုရဲ့ စိတ်ဆန္ဒက –
နေ့ကလေးထိန်းဌာနတွင် ကလေးများ အမြောက်အမြား သင်ယူတတ်မြောက်ကြသည်။
၁။ အခြားကလေးများနှင့် အတူနေရသည့် အတွေ့အကြုံရဖို့ ဦးစားပေးရန် ဖြစ်ပါသည်။
၂။ သူတစ်ပါးအပေါ် ကိုယ်ချင်းစာရမည်ကို သင်ယူကြရန် ဖြစ်ပါသည်။
၃။ ကိုယ့်ကိုကိုယ် ပိုမိုအားကိုးတတ်လာစေရန် ဖြစ်ပါသည်။
၄။ အကြောင်းအရာပေါင်းစုံ တတ်မြောက်လာကြရန် ဖြစ်ပါသည်။
၅။ ကျောင်းနေရန် အဆင့်သင့်ပြင်ပြီးသား ဖြစ်လာစေရန် ဖြစ်ပါသည်။

မိမိတို့ ဝန်ထမ်းများက နေ့ကလေးထိန်းဌာနတွက် ကလေးများအတွက် သင်ယူသင့်သည်များကို အချိန်ယူကာ အစီအစဉ်ရေးဆွဲသည်။ ထိုစုပေါင်းလှုပ်ရှားမှု (activity) များကို အစီအစဉ်ရေးဆွဲရာတွင် အစိုးက ပြဋ္ဌာန်းထားသော နေ့ကလေးထိန်း ဌာနဆိုင်ရာ ဥပဒေနှင့်အတူ အခြားသော စည်းကမ်းချက်များ၊ စီမံကိန်းများနှင့် ကိုက်ညီအောင် စီစဉ်ရသည်။ မိဘများအနေနှင့် နေ့ကလေးထိန်းဌာနမှ လုပ်ငန်းများ၏ ရည်ရွယ်ချက်နှင့် ကလေးများ ပါဝင်ရမည့် စုပေါင်းလှုပ်ရှားမှုများအကြောင်း အချက်အလက်များကို သိရှိရမည် ဖြစ်ပါသည်။
မိမိတို့ မြန်မာနိုင်ငံမှာလည်း သားသမီးကို အောင်မြင်ဖြစ်ထွန်းပြီး လိမ်မာတဲ့ သားကောင်း သမီးကောင်းတွေ ဖြစ်စေချင်တဲ့အတွက် သူတို့ယုံကြည်ရာ၊ ကောင်းမယ်ထင်ရာ၊ အဆင်ပြေရာလေးတွေနဲ့ သားသမီးကို ပဲ့ပြင်ပုံသွင်းကြပါသည်။ နော်ဝေနိုင်ငံကတော့ ကလေးတွေ၏ အရည်အသွေး၊ မိဘ၏ ဆုံးမသွန်သင် လမ်းပြမှု၊ ဆရာ ဆရာမတွေ၏ သွန်သင်ပဲ့ပြင်မှုတွေနှင့် တစ်ဦးချင်းစီ အရည်အသွေး ကွာခြားသွားကြပါသည်။

နော်ဝေနိုင်ငံမှာကတော့ ဘယ်နိုင်ငံကပဲဖြစ်နေနေ၊ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ်၊ ဘယ်ဘာသာစကားပဲ ပြောပြော ကိုယ်ချင်းစာစိတ်မရှိလျှင် လူမပီသဘူးလို့ ထင်မြင်မိတာပဲ။ ကိုယ်တိုင်ကလည်း ကိုယ်ချင်းစာစိတ်ကို အမြဲလက်ကိုင်ထား သုံးနှုန်းပြောဆို လုပ်ကိုင်တွေးပေးလေ့ရှိသည်။
မိမိကတော့ ပတ်ဝန်းကျင်က ကလေးတွေကို ဒီစိတ်ကလေးကိုပဲ အမြဲလေ့ကျင့်ပေးတယ်။ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော၊ ဘာပဲတွေးတွေး ကိုယ်ချင်းစာစိတ်လေးကို ဦးစားပေးဖြစ်အောင် လေ့ကျင့်ပေးတာပါ။ နော်ဝေနိုင်ငံက ကလေးအများစုက သူတို့ စကားမပြောတတ်ခင် ကတည်းက ကိုယ်ချင်းစာတတ်ဖို့ ပြောဆိုလေ့ကျင့်ပေးကြပါသည်။

ကိုယ့်ကို ဒီလိုပြောရင် ကြိုက်သလား၊ မကြိုက်ရင် သူများကိုလည်း မပြောနဲ့။ ကိုယ့်ကို ဒီလိုလုပ်ရင် ကြိုက်သလား၊ မကြိုက်ရင် သူများကို ဒီလိုမလုပ်နဲ့။ သူများလည်း ကြိုက်မှာ မဟုတ်ဘူးလို့ အထပ်ထပ်အခါခါ လေ့ကျင့်သင်ကြားပေးကြပါသည်။
၁ နှစ်ဆိုတဲ့ ကလေးက ဘယ်လို နားလည်မှာလဲဆိုတာ စိတ်ပူစရာ မရှိအောင် နေ့ကလေးထိန်းဌာနက တာဝန်ရှိသူတွေက ကလေးတွေ အမြဲတမ်း လေ့လာကြပါသည်။ ဥပမာ ကလေးတစ်ယောက်က တစ်ခြားတစ်ယောက်ကို ရိုက်တာတို့၊ သူတစ်ပါးပစ္စည်းကို ယူတာ သူပဲ အမြဲတမ်း ဆိုးနေပြီဆိုရင် မိဘတွေအိမ်မှာ ဘယ်လို နေထိုင်ပြုမှုနေကြတယ် ဆိုတာကို ခေါ်ယူမေးပြန်ကြပါသည်။ ကလေးနှင့် ပတ်သက်သည့် အခြေခံ လိုအပ်ချက်တွေကို မိဘတွေကို ပြောပြသလို မိဘများ၏ လိုအပ်ချက်များကိုလည်း အပြန်အလှန် မေးမြန်ကြပါသည်။

ဥပမာအားဖြင့် ကလေး သဘာဝ မနာဖူးလျှင် နာတယ်ဆိုတာ ဘာမှန်းမသိ။ ဒီလိုလုပ်လိုက်ရင် သူများ ဘယ်လောက် နာသွားသလဲဆိုတာ မနာဖူးတော့ ကိုယ်ချင်းမစာတတ်။ လသားကလေးတိုင်း သူများဆံပင်ကို လှမ်းဆွဲတတ်တဲ့ အကျင့်ရှိသည်။ အားကြီးလျှင် ကြီးသလောက် သူများမှာ အတော်ခံစားရသည်။ သူကတော့ နာပါစေရယ်လို့ တမင်ရည်ရွယ်ဆွဲတာ မဟုတ်ပါ။ သူများနာသွားတာကိုတောင် သဘောတကျ တခစ်ခစ်ရယ်နေရင် ရယ်ဦးမှာ။ သူမှ ဒီလို နာတတ်မှန်း မသိပဲလေ။
အဲဒီလို လသားအရွယ်လေး ကတည်းက ကိုယ်ချင်းစာစိတ် ဆိုတာကို သန္ဓေကျအောင် လေ့ကျင့်ပေးခဲ့ရမှာ။ တခါတလေ သင်ပေးတဲ့ မိဘဆရာတွေဟာ မလုပ်ချင်လည်း တပါးသူ သိနားလည်သွားဖို့ လေ့ကျင့် သင်ကြားပေးခဲ့ရမှာတွေ ရှိသည်။
ဒါဟာ ရက်ရက်စက်စက် လုပ်ရက်တာမျိုး မဟုတ်ဘူး။ အတိုင်းအတာ တစ်ခုအထိ သင်ယူသူ တကယ်နားလည်သွားဖို့ သင်ပေးရတာတွေ ရှိသည်။ နာမှန်းမသိတဲ့ ကလေးကို သူနာရုံလောက်လေး ပြန်လုပ်လိုက်ရုံနဲ့ သြော် ဒီလို နာတာပါလားလို့ သိသွားမှာပါ။ ဒီလောက်လေး ဖော့ဖော့လုပ်တာတောင် နာပြီးငိုတယ်ဆို အားနှင့်လုပ်တာ ခံရတဲ့ တပါးသူမှာ ဘယ်လောက်နာလိုက်မလဲဆိုပြီး ချော့ရင်း ရှင်းပြခဲ့ရပါသည်။

နော်ဝေက မိဘများကို မိဘဆရာအသင်း အစည်းအဝေးနှင့် မိဘတစ်ဦးချင်း ဆွေးနွေးပွဲများသို့ ဖိတ်ခေါ်ပါသည်။ မိဘဆရာအသင်း အစည်းအဝေးအတွင်း မိဘတွေ အပြန်အလှန် သိကျွမ်းခင်မင်နိုင်ပြီး ကလေးငယ်ရှိသဖြင့် မည်သို့တွေ့ကြုံကြရသည်ကို ဆွေးနွေးနိုင်ကြပါသည်။ နော်ဝေစကား မပြောတတ်သည့် မိဘများအနေနှင့် မိဘဆရာအသင်း အစည်းအဝေးသို့ စကားပြန်ခေါ်လာခွင့် ရှိပါသည်။

နော်ဝေက ကလေးအများစုအတွက် အကျိုးရလဒ်အနေနဲ့ ကလေးများစုဟာ တစ်ပါးသူကို ဆံပင်ဆွဲတာ၊

ဆိတ်ဆွဲတာ၊ တွန်းချတာ၊ ကုန်းကိုက်တာမျိုးတွေ တစ်ခါတစ်လေ ဖြစ်လေ့ဖြစ်ထ ရှိပေမဲ့

မြန်မာနိုင်ငံက ကလေးတွေလောက်တော့ မဖြစ်ကြပါဘူး။

ကလေးတစ်ယောက်က တစ်ခြားကလေးတစ်ယောက်ကို အသည်းခိုက်အောင် နာသွားတိုင်း၊ အပြင်မှာ ဆော့ကစားရင်း စိတ်တိုင်းမကျလို့ သူများကလေးကို သွားလုပ်ခဲ့ရင် ဆရာ၊ ဆရာမတွေက နောက်မလုပ်ဖို့နဲ့ ပြန်ပြီးတော့ တစ်ခြားကလေးကို တောင်းပန်ဖို့ လက်ဆွဲနှုတ်ဆက်ပြီး ကြေးအေးခိုင်းပါသည်။

ကလေးကို နောင်မှာ တစ်ခြားကလေးကို မလုပ်အောင် ကိုယ်ချင်းစာဖို့ အဲဒီလိုတွေ မဖြစ်အောင် ဒီလိုလုပ်ရင် တပါးသူမှာ ဒီလိုပဲ ခံစားရသည်၊ ကိုယ်ကိုလုပ်တာ မကြိုက်ရင် သူများကိုလည်း မလုပ်ရဘူးလို့ သင်ပေးကြသည်။ တခြားကလေး လာလုပ်ရင်လည်း ကိုယ်ကြိုက်မှာ မဟုတ်ဘူးလေ စသည်ဖြင့် ဆုံးမရပါသည်။
နော်ဝေမှာ ကလေးတွေကို ဒီလိုတွေ လေ့ကျင့်သင်ပေးလာခဲ့ကြတာပါ။ လူတွေအပေါ်မှ မဟုတ်ဘူး၊ တိရစ္ဆာန်လေးတွေလည်း နာကျင်ခံစားတတ်တာမို့ သူတို့တွေကိုလည်း မနှိပ်စက်ရဘူးဆိုတာ သင်ပေးကြသည်။ သဘာဝဆိုတာ သဘာဝအတိုင်း လှပနေတာမို့ သဘာဝဆိုတာ မဖျက်စီးသင့်ဘူး၊ အပင်တွေ၊ အရွက်တွေကို မဖျက်စီးသင့်ဘူး၊ သူတို့အလှအပကို ထိန်းသိမ်းပေးထားမှ ဒီလူ့ပတ်ဝန်းကျင်ဟာနေလို့ ပိုကောင်းမှာ၊ ပိုလှပသာယာနေမှာ ဆိုတာမျိုးတွေလည်း သင်ပေးကြသည်။

ဒီလိုသင်ပေးဖို့ဆိုတာ ဆရာနှင့် ကလေးများ အချိန်များများပေးပြီး နားဝင်အောင် အကြိမ်ကြိမ် ပြောဆို လေ့ကျင့်သင်ကြားပေးပါမှ ဒီကိုယ်ချင်းစာစိတ်လေး အသားကျနေမှာ။ ကလေးအနားမှာရှိတဲ့ လူကြီးမိဘတွေ ကိုယ်တိုင်ကလည်း ဒီကိုယ်ချင်းစာစိတ်လေး လက်ကိုင်ထား ပြောဆိုလုပ်ကိုင်တဲ့သူတွေ ဖြစ်ရမှာပေါ့။ ကလေးဆိုတာမျိုးက အတုမြင်အတတ်သင်တာ အရမ်းလွယ်သည်။ တတ်သွားသည့် အကျင့်ဆိုးကို ဖျောက်ဖျက်ဖို့သာ ခက်နေတာ။ မိမိတို့ မြန်မာပြည်မှာတော့ ကလေးတွေမှာ အကျင့်ဆိုးတွေ ကူးသွားရင် အတော်အချိန်ယူ ဖျောက်ဖျက်ရတာ။ ကလေးက ဆင်ခြေပေးမှာပေါ့၊ သူတို့ကျလုပ်ပြီး ကိုယ့်တော့ မလုပ်နဲ့ ပြောဆိုရိုက်နှက်နေတာကိုး စသည့်ဖြင့် ပြန်ပြောတတ်ကြပါသည်။ အဲဒါကြောင့် မိဘနှင့် ကလေးငယ်များ အကြား နားလယ်မှု ရရှိအောင် ကြိုးစားဖို့က အရေးကြီးပါသည်။
ကလေးအများစုမှာ အကျင့်ဆိုးတစ်ခု ကူးသွားတတ်သည်။ ဒါဟာ အင်မတန် ဖျောက်ဖို့ခဲယဉ်းတဲ့ တန်အောင်ခိုင်းရမယ်ဆိုတဲ့ စိတ်ပဲ။ မိဘတွေကိုယ်တိုင်က ဒီလိုစိတ်မျိုးရှိနေရင် ပိုဆိုးပါသည်။ နော်ဝေက ကလေးအများစုကတော့ အရွယ်အလိုက် လေးစားသမှုရှိရမယ်၊ ကိုယ်လုပ်နိုင်တာ ကိုယ့်တာဝန်ကိုယ်ယူရမယ်၊ အစစအရာရာ လိုက်လုပ်ပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့ စိတ်မျိုးမထားသင့်ဘူး ဆိုတာတွေဟာ မိဘတွေက သင်ပေးကြပါသည်။

နောက်တစ်ခုကတော့ နော်ဝေနိုင်ငံက ကလေးတွေဟာ သူတို့အလုပ်မှန်သမျှ သူတို့လုပ်တတ်အောင် သင်ကြားပေးထားတော့ မိမိတို့ မြန်မာပြည်က မိဘများနှင့် မတူပါ။ မြန်မာမှာကတော့ မိဘတွေကိုယ်တိုင်က ကလေးတစ်ခုခုဆိုရင် သွားကူသည်။ နော်ဝေက အဲဒီလို မဟုတ်ပါ။ သူကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်တတ်အောင် အကူလုပ်ပေးတာ မရှိပါ။ မြန်မာပြည်မှာတော့ နောက်ဆုံး လွယ်အိတ်၊ ဖိနပ် စီးပေးတာတွေကအစ ကလေးတွေကို မိဘက လုပ်ဆောင်ပေးနေတော့ အဲဒီကလေးဟာ ရေသာခိုတဲ့ စိတ်ကလေး သူ့စိတ်မှာ ကိန်းအောင်းသွားပြီ။ ဒီစိတ်ကြီး အမြစ်တွယ် ကြီးပြင်းသွားခဲ့မယ်ဆိုရင် မကောင်းပါ။
ကြုံလို့ ဝေမျှဦးမည်။

နော်ဝေမှာတော့ ကလေးကို သူ့ဖာသာ ဖိနပ်စီးတတ်ဖို့ ခပ်လွယ်လွယ် စီးလို့ရမယ့် ကပ်ခွာဖိနပ်လေးတွေကို နှစ်နှစ်လောက် အရွယ်ကတည်းက ပေးစီးခဲ့သည်။ ဘယ်ညာ မှားစီးတတ်ပေမယ့် သူ့ဘာသာ စီးတတ်တဲ့အကျင့်ကို အဲဒီ အရွယ်ကတည်းက လေ့ကျင့်ပေးခဲ့သည်။ မှားလျှင် ဘယ်နှင့် ညာ ဘယ်လို ခွဲခြားစီးရကြောင်း သင်ပြပြောဆိုပြီး ပြန်စီးပေးသည်။ သူ့ဖာသာသူ အရင်စီးတတ်အောင်ကို အဲဒီအရွယ်ကတည်းက လေ့ကျင့်ပေးခဲ့သည်။ ထိုနည်းတူ ခေါင်းစွတ်ဝတ်ကလေးတွေ၊ သရေကြိုး ဘောင်းဘီတွေ ဆိုလျှင်လည်း ကောက်စွပ်တတ်အောင် လေ့ကျင့်ပေးခဲ့သည်။ သူကိုယ်တိုင်ထည့်တဲ့ သူ့ကစားစရာ အိတ်သေးလေး ဆိုလျှင်လည်း သူ့ဖာသာသူ လွယ်စေတာပဲ။ အလွန် လေးနေမှ၊ ဒါမှမဟုတ် ခရီးဝေးပါမှ လူကြီးက ကူသယ်သည်။ တကယ်က ကိုယ်အားကိုယ်ကိုးသည့် စိတ်ကလေးကို လေ့ကျင့်ပေးကြပါသည်။

ထို့ကြောင့် ဘယ်နိုင်ငံမှာနေနေ၊ ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်ဘာသာစကားပဲ ပြောပြော၊ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ်၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေဟာ ကိုယ်ချင်းစာစိတ်ကလေးများ လက်ကိုင်ထားပြီး တွေးခေါ်ပြောဆို လုပ်ကိုင်တာမျိုး အလေ့အကျင့်မရှိလျှင် ပိုမိုကောင်းမွန်တဲ့ လူ့ပတ်ဝန်းကျင် ဆိုတာကို ဖန်တီးထိန်းသိမ်းသွားဖို့ဆိုတာ အချိန်ယူရလိမ့်ဦးမည်။

(ဆက်လက်ဖော်ပြပါမည်။)
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

နော်ဝေနိုင်ငံ ပညာရေးနှင့် ထိတွေ့ခြင်း (၁) ဖတ်ရှုရန်
နော်ဝေနိုင်ငံ ပညာရေးနှင့် ထိတွေ့ခြင်း (၂) ဖတ်ရှုရန်