ေနာ္ေဝႏုိင္ငံ ပညာေရးႏွင့္ ထိေတြ႔ျခင္း (၁)

4
393

မိမိ ေနာ္ေဝႏုိင္ငံ ေရာက္ကတည္းက ေက်ာင္းတက္ခဲ့ပါသည္။ ဦးစြာ ဘာသာစကား သင္တန္းေက်ာင္းမွာ နာရီေပါင္း ၁၂၀၀ ေက်ာ္ မျဖစ္မေန တက္ေရာက္ပါသည္။ အဲဒီကေန ေနာ္ေဝႏုိင္ငံ၏ ၉ တန္း – ၁၀ တန္းကုိ တက္ေရာက္ခဲ့ပါသည္။ ထုိ႔ေနာက္ ေကာလိပ္မွာ စာေတြ႔လက္ေတြ႔ ၂ ႏွစ္သင္ၾကားၿပီး လက္ေတြ႔ ၂ ႏွစ္ကုိ ထပ္သြားရပါသည္။ စုစုေပါင္း ေကာလိပ္ ၄ ႏွစ္ တက္ေရာက္ခဲ့သည္။ မိမိယူတဲ့ ဘာသာရပ္က “ကေလးသူငယ္မ်ားကုိ ျပဳစုပ်ဳိးေထာင္သည့္စနစ္” ျဖစ္ပါသည္။ ကေလးေတြကေတာ့ ၁ ႏွစ္မွ ၅ ႏွစ္ အထိ ျဖစ္သည္။
အဲဒီေက်ာင္းမွာ အလုပ္သင္ျဖစ္ဖုိ႔ ရဲစခန္း၏ ျပစ္မႈကင္းေၾကာင္း ေထာက္ခံစာက အေရးႀကီးပါသည္။ အဲဒါ မရဘူးဆုိရင္ေတာ့ အဲဒီ ကေလးထိန္းေက်ာင္းမွာ အလုပ္သင္ရဖုိ႔ မလြယ္ပါ။ ေနာက္ၿပီး ကေလးမ်ားနဲ႔ ပတ္သက္တဲ့ ဥပေဒကုိ ေလ့လာရပါသည္။

ဒီေန႔ Social Media ေခတ္မွာ ကေလးငယ္မ်ား ေဘးကင္းလုံၿခဳံေရးက အေရးႀကီးပါသည္။ မိမိတုိ႔အေနနဲ႔ လုိက္နာရမည့္ စည္းကမ္း ဥေပေဒ မ်ားစြာရွိပါသည္။ ကေလးက ခ်စ္စရာေကာင္းလုိ႔ ဆုိၿပီး ဓာတ္ပံု႐ုိက္၊ Social Media ေပၚ တင္ခြင့္မရွိပါ။ မူႀကဳိေက်ာင္းမွ တာဝန္ရွိသူေတြက ခြင့္ျပဳမွ ဓာတ္ပုံ႐ိုက္ခြင့္ရွိပါသည္။ ခြင့္မေတာင္းဘဲ သုံးမိသြားရင္ ဒါဟာ ဥပေဒ ခ်ဳိးေဖာက္ရာက်ပါသည္။ အကယ္၍ ကေလးေတြပုံကုိ မျဖစ္မေန သုံးမယ္ဆုိရင္ ကေလးေတြရဲ႕ မ်က္ႏွာေတြ မျမင္ရတဲ့ ဓာတ္ပုံမ်ားကုိ အသုံးျပဳရပါသည္။

ဘာေၾကာင့္ ကေလးေတြဓာတ္ပုံကုိ Social Media ေတြအေပၚ တင္ခြင့္ မရွိတာလဲ။ တစ္ခ်ဳိ႕ေသာ မိဘမ်ားကေတာ့ သူတုိ႔ကေလးေတြ ဓာတ္ပုံကုိ သူတုိ႔စိတ္ႀကဳိက္ သုံးခြင့္ရွိသည္။ တစ္ခ်ဳိ႕ေသာ မိဘမ်ားကေတာ့ သူတုိ႔ကေလးေတြ ဓာတ္ပုံကုိ သူတုိ႔ ခြင့္မျပဳဘဲ Social Media ေပၚ တင္တာ မႀကဳိက္ၾကပါ။ ကေလးေတြရယ္မွ မဟုတ္ပါ။ လူႀကီးေတြပံုလည္း ဒီအတုိင္းပါပဲ။ ဓာတ္ပုံတြဲ႐ိုက္ၿပီးရင္ Social Media ကုိ ဓာတ္ပုံတင္မယ္ေနာ္၊ ရလားလုိ႔ ခြင့္အရင္ ေတာင္းရပါသည္။ ဒါဟာ ဥပေဒ ဘယ္ေလာက္ေကာင္းတယ္ ဆုိတာကုိ ျပသရာေရာက္သလုိ လူတုိင္း ဥပေဒေအာက္မွာ တစ္တန္းတည္း အတူတူဆုိတာကုိ ျပသရာေရာက္ပါသည္။

ကေလးမိဘေတြတုိင္းဟာ မူႀကဳိမွာျဖစ္ျဖစ္၊ ေက်ာင္းမွာျဖစ္ျဖစ္ ကေလးဓာတ္ပုံမ်ားကုိ ႐ိုက္လုိ႔ရပါသလား၊ ေက်ာင္းက ႐ိုက္ထားတဲ့ ဓာတ္ပုံမ်ားကုိ Social Media ႏွင့္ သတင္းစာထဲ ထည့္လုိ႔ရပါသလား၊ ႐ုပ္သံ သတင္းဌာနေတြက ဗီဒီယုိ ႐ိုက္ကူးေရး လုပ္ခဲ့မယ္ဆုိရင္ သင့္ကေလး ပါဝင္လုိ႔ ရပါလားဆုိသည့္ သေဘာတူညီခ်က္မွာ လက္မွတ္ ေရးထုိးရပါသည္။ တစ္ခ်ဳိ႕ေသာ မိဘမ်ားေတြကေတာ့ သေဘာတူသလုိ တစ္ခ်ဳိ႕ေသာ မိဘမ်ားက သေဘာမတူၾကတာလည္း အမ်ားႀကီးရွိပါသည္။ အဲဒါကုိ တာဝန္ရွိတဲ့ သူေတြကလည္း ေလးစားလိုက္နာၾကပါသည္။

မိမိ အပါဝင္ တစ္ခ်ဳိ႕ေသာ ျမန္မာျပည္သားေတြကေတာ့ မ်ားေသာအားျဖင့္ ဒါကုိ အေရးတယူလုပ္ၿပီး အေလးထားေလ့ မရွိၾကပါဘူး။ ကုိယ့္ကေလးဆုိၿပီး တင္ခ်င္တဲ့ပုံ တင္လုိက္တာပါပဲ။ မိမိလည္း ေက်ာင္းစတက္ခါစက ေက်ာင္းတက္တာတုိ႔၊ ေက်ာင္းအားကစားတုိ႔မွာ ပါဝင္ေဆာင္ရြက္ခဲ့ပါသည္။ တစ္ခ်ဳိ႕ေသာ ကိစၥေတြမွာ အဆင္မေျပမႈမ်ားႏွင့္ ေတြ႔ႀကဳံခဲ့ရပါသည္။ အဲဒီေနာက္ပုိင္းမွာေတာ့ မိမိဓာတ္ပုံမ်ားအား အသုံးမျပဳေၾကာင္း လက္မွတ္ထုိးေပးလုိက္ၿပီး ေနာက္ပုိင္းေတာ့ ဓာတ္ပုံအ႐ိုက္မခံေတာ့ပါဘူး။

ေနာက္ပုိင္း သူတုိ႔႐ိုက္ထားေသာ ဓာတ္ပုံမ်ား အသုံးျပဳခ်င္ရင္ မိမိကုိယ္ အသုံးျပဳခြင့္ ေတာင္းလာၾကပါသည္။ ေနာ္ေဝလုိ ႏုိင္ငံမွာေတာ့ ဥပေဒက အေရးႀကီးဆုံးဆုိေတာ့ လူအမ်ားစုကေတာ့ ဥပေဒအတုိင္း လုိက္နာၾကပါသည္။

မိမိကေတာ့ အခုေခတ္ ဓာတ္ပုံေတြကုိ လြယ္လြယ္ကူကူယူသုံးၾကတဲ့ အေျခေနမွာ လုံၿခဳံေရးက ဦးစားေပး ျဖစ္တာေၾကာင့္ အတုိင္ထက္အလြန္ ဝမ္းေျမာက္ပါသည္။ ဥပေဒဆုိတာ ကေလး၊ လူႀကီးေတြ အတြက္ပါ ဒီလုိ ဥပေဒမ်ဳိးရွိတာ ေကာင္းတယ္လုိ႔ ျမင္ပါသည္။
ေနာ္ေဝႏုိင္ငံမွာေတာ့ ကေလးကို မူႀကိဳထားရာကေန မူလတန္း၊ အလယ္တန္း၊ အထက္တန္း စသည္ျဖင့္ ပညာအဆင့္ဆင့္ ဆက္လက္သင္ၾကားေစတဲ့ ေက်ာင္းသားမိဘေတြဟာ ဘယ္လိုစိတ္ထား၊ ဘယ္လိုပံ့ပိုးမႈေတြနဲ႔ မိမိသားသမီးကို ပံ့ပိုးေပးသင့္သလဲ၊ ေနာ္ေဝႏုိင္ငံရွိ မိဘတုိင္းလုိလုိရဲ႕ ဆႏၵဟာ အခ်ိန္တန္ အရြယ္ေရာက္လာခဲ့ရင္ သား သမီးေတြ အားလုံးဟာ ကုိယ္ေျခေထာက္ေပၚ ကုိယ္ရပ္တည္းၿပီး လူကုိလူလုိ တန္းဖုိးထားၾကဖို႔ ေက်ာင္းေတြက အေကာင္းဆုံး သင္ၾကားေပးရန္ ျဖစ္ပါသည္။

အားလုံးမွာ တူညီတဲ့ စိတ္ကေတာ့ သူတုိ႔သားသမီးမ်ားကုိ ေအာင္ျမင္ျဖစ္ထြန္းဖုိ႔ထက္ ႏုိင္ငံႀကီးသား ပီသဖုိ႔ ျဖစ္ပါသည္။ ထုိထက္ ဆုိရေသာ္ လိမၼာတဲ့ သားသမီးေကာင္းထက္ တာဝန္ယူ၊ တာဝန္ခံမႈရွိတဲ့ သားသမီးျဖစ္ဖုိ႔ကုိ ဦးစားေပးၾကပါသည္။ ျမန္မာျပည္က မိဘတုိင္းလုိလုိရဲ႕ ဆႏၵဟာ မိမိတုိ႔ သားသမီးကုိ ေအာင္ျမင္ျဖစ္ထြန္းၿပီး လိမၼာတဲ့ သားေကာင္း၊ သမီးေကာင္းေတြ ျဖစ္ေစခ်င္ၾကတာပဲ ျဖစ္သည္။

သားသမီးကို ေအာင္ျမင္ျဖစ္ထြန္းၿပီး လိမၼာတဲ့ သားေကာင္း၊ သမီးေကာင္းေတြ ျဖစ္ေစခ်င္တဲ့အတြက္ သူတို႔ ယံုၾကည္ရာ၊ ေကာင္းမယ္ထင္ရာ၊ အဆင္ေျပရာေလးေတြနဲ႔ သားသမီးကို ပဲ့ျပင္ပံုသြင္းၾကတာပါ။ ေနာ္ေဝႏုိင္ငံက မိဘေတြကေတာ့ သူတုိ႔ကေလးေတြကုိ ဥပေဒေအာက္ကေနၿပီး ဆုိဆုံးမၾကသလုိ ဥပေဒကုိ ေလးစားလုိက္နာဖုိ႔လည္း သင္ၾကားေပးၾကပါသည္။

မိမိတုိ႔ ျမန္မာက ကေလးမိဘမ်ားကေတာ့ ကေလးေတြရဲ႕ အရည္အေသြးနဲ႔ မိဘရဲ႕ မ်ဳိး႐ုိးဗီဇ၊ ဆုံးမသြန္သင္လမ္းျပမႈ၊ ဆရာေတြရဲ႕ သင္ျပပဲ့ျပင္မႈေတြနဲ႔ တစ္ဦးခ်င္းစီ အရည္အေသြးကုိ ဦးစားေပးၾကတာကုိ ေတြ႔ရပါသည္။ ေနာ္ေဝႏုိင္ငံမွာေတာ့ အဲဒီလုိ မဟုတ္ဘဲ ကေလးေတြကုိ ယုံၾကည္မႈရွိေအာင္ အတူတူတကြ ေဆာင္ရြက္ခ်က္ကုိ ဦးစားေပးပါသည္။ အဲဒီအတြက္ ကေလးေတြဟာ ကုိယ္ေတာ္ကိုယ္တတ္ဆုိတာ မရွိဘဲ အခ်င္းခ်င္း စုေပါင္းလုပ္ေဆာင္ရမည့္ စိတ္ဓာတ္ေကာင္းမ်ားကုိ ေမြးျမဴးေပးၾကတာ ျဖစ္ပါသည္။ ဆိုလိုသည္က ဘူးပင္က ဖ႐ံုမသီး။ ကေလးေတြဟာ မ်ိဳး႐ိုးဗီဇေတြကို အဓိကထားၿပီး ကြာျခားသြားၾကရာကေန သြန္သင္ဆံုးမပဲ့ျပင္မႈေတြက သူတို႔ကို ေက်ာက္ေကာင္းတစ္ပြင့္ ျဖစ္လာ၊ မလာဆိုတာသာ ကြာျခားသြားၾကတာ ျဖစ္သည္။

တခ်ိဳ႕မိဘေတြက ေက်ာင္းေကာင္းထားရင္ ဒီေက်ာင္းကထြက္တဲ့ ကိုယ့္သားသမီးဟာ ေတာ္ေမာ္ထူးခၽြန္မယ္လို႔ ယံုၾကည္ေမၽွာ္လင့္ၾကတယ္။ ေနာ္ေဝႏုိင္ငံမွာ က်ဴရွင္ဆုိတာ မရွိပါ။ တစ္ေန႔စာကုိ တစ္ေန႔ ေက်ာင္းမွာ ျပဳလုပ္ရသည္။ အိမ္စာဆုိတာ မရွိသေလာက္ပါ။ အဲဒီအတြက္ ကေလးေတြဟာ ေက်ာင္းကုိ မေၾကာက္ၾကေတာ့ပါဘူး။

မိမိတုိ႔ ျမန္မာျပည္ကေတာ့ ကေလးေတြ ေရြးခ်ယ္ဖုိ႔က အေတာ္နည္းပါသည္။ မိဘစိတ္ႀကဳိက္ကုိ သားသမီးေတြက အေကာင္းအထည္ ေဖာ္ေပးရသည့္ ပညာေရး ျဖစ္ေနသည္။ ထုိ႔ေၾကာင့္ ဘယ္ေလာက္ပင္ ေက်ာင္းစနစ္ကေတာ့ မွန္ေသာ္လည္း အိမ္ႏွင့္ မိဘေတြ၏ စနစ္က မွားယြင္းေနလွ်င္ ဒီကေလးေတြဟာ ေက်ာင္းေကာင္းမွာ ေနေပမယ့္ ထူးခြ်န္င့္သေလာက္ မထူးခြ်န္လာပါဘူး။ ဒီေက်ာင္းကထြက္တဲ့ ေက်ာင္းသားတိုင္း ထူးခၽြန္ေနတာမ်ိဳး မဟုတ္သလို ထူးခၽြန္တဲ့ ေက်ာင္းသားတိုင္းဟာလည္း ဒီလို ေက်ာင္းႀကီး၊ ေက်ာင္းေကာင္းေတြက ထြက္လာတာမ်ိဳး မဟုတ္ပါဘူး။

ဒီမွာ အရည္အေသြး (Quality) ကို ခ်ျပလိုပါတယ္။ မိဘေတြႏွင့္ ဆရာသမားေတြဟာ ကေလးေတြရဲ႕ အရည္အေသြးကို ဘာႏွင့္ အကဲျဖတ္ပါသလဲ။ စာထူးခၽြန္မႈႏွင့္လား၊ လူရည္ခၽြန္ ဆုတံဆိပ္ႏွင့္လား၊ စိတ္ဓာတ္ အမူအက်င့္ေကာင္းေတြ ရွိမႈႏွင့္လား။ အမ်ားစုကေတာ့ အေရွ႕က ႏွစ္ခုကို ေရြးခ်ယ္ၾကပါသည္။ ဒါေတြ ေရွ႕တန္းေရာက္ေနသမွ် စိတ္ဓာတ္အမူအက်င့္ေကာင္း ဆိုတာေတြ ေနာက္ေရာက္ေနမွာပါ။ တကယ္ေတာ့ စိတ္ဓာတ္ အမူအက်င့္ေကာင္းဆိုတာ ေရွ႕ဆံုးမွာ ရွိေနသင့္တာပါ။ ၿပီးေတာ့မွ ကေလးဝါသနာပါတဲ့ဘက္မွာ ထူးခၽြန္ေအာင္ ပံ့ပိုးေပးသင့္တာပါ။ ဒီတာဝန္က ကေလးရဲ႕ လူႀကီးမိဘေတြမွာေရာ၊ ဆရာသမားေတြမွာပါ ရွိေနသင့္တာျဖစ္ပါသည္။

ေနာ္ေဝမွာေတာ့ လူအခြင့္ေရးႏွင့္ ဒီမုိကေရစီႏုိင္ငံ ျဖစ္တာေၾကာင့္ မိမိတုိ႔ ျမန္မာျပည္ႏွင့္ အမ်ားႀကီး ကြာျခားပါသည္။ ျမန္မာျပည္က မိဘတစ္ခ်ဳိ႕ကေတာ့ ေငြႏွင့္ ဂုဏ္ဆုိတာ ေရွ႕ေရာက္ေနသမွ် စာရိတၱဟာ ေနာက္ေရာက္ေနဦးမည္။ ဒီေတာ့ မိဘဆရာေတြဟာ ဘာကုိ ေရွ႕တန္းတင္လုိ႔ ကေလးကို ငယ္စဥ္ကတည္းက ေလ့က်င့္ သင္ၾကားေပးသလဲဆုိတာ အလြန္အေရးႀကီးပါသည္။
ေနာ္ေဝကေတာ့ မိဘႏွင့္ သားသမီးမ်ားဟာ “ပူးေပါင္းေဆာင္ရြက္ျခင္း” ကုိ အဓိက ေဖာ္ေဆာင္ၾကပါသည္။ ဘာမွ မသိတတ္ေသးတဲ့ကေလးဟာ သူ႔အနားရွိသူေတြ တန္ဖိုးထားတဲ့အရာကို အရြယ္ရလာေလေလ တန္ဖိုးထားလာေလေလ ျဖစ္ေနတတ္ပါသည္။ ဂုဏ္ေမာက္တဲ့မိဘႏွင့္ အေနနီးလွ်င္ ဂုဏ္ေမာက္တဲ့ သားသမီးေလးေတြ ျဖစ္လာႏိုင္တာေပါ့။ တလြဲဆံပင္ေကာင္းတဲ့ မိဘေတြေၾကာင့္ လမ္းလြဲသြားတဲ့ကေလးေတြလည္း မနည္းမေနာ ရွိေနပါသည္။

ေက်ာင္းႀကီး၊ ေက်ာင္းေကာင္းတိုင္း ထူးခၽြန္တဲ့ေက်ာင္းသား၊ ေက်ာင္းသူေတြခ်ည္း ထြက္လာၾကတာ မဟုတ္သလို ေအာင္ျမင္တဲ့သူတိုင္းဟာ ေအာင္ျမင္တဲ့မိဘေတြက ေပါက္ဖြားလာၾကတာ မဟုတ္ပါဘူး။ ဆင္းရဲတဲ့ မိဘကလည္း ေအာင္ျမင္တဲ့သားသမီး ေမြးထုတ္ေပးႏိုင္သလို ေက်ာင္းေသး၊ ဆရာ ဆရာမငယ္ေလးေတြကေန စာရိတၱေကာင္းၿပီး ထူးခၽြန္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ ထြက္လာတတ္ပါသည္။ အဓိကေတာ့ ေလ့က်င့္သင္ၾကားေပးတဲ့ စနစ္ျဖစ္ပါသည္။

တခါတေလ မိဘက ေက်ာင္းကို အထူးအားကိုးၾကတယ္။ ဆိုလိုတာက ေက်ာင္းကေန အစစအရာရာ ကိုယ့္သားသမီးကို ဟပ္ခ်ေလာင္းလို႔ စ႐ိုက္ေတြ အခြံခၽြတ္ေျပာင္းလဲၿပီး ဒီေက်ာင္းထားတာနဲ႔ ေက်ာင္းစာေတာ္၊ ထူးခၽြန္လို႔ လိမၼာတဲ့ကေလးေတြ ျဖစ္လာမယ္လို႔ စိတ္ကူးနဲ႔ သာယာေနတတ္ၾကတယ္။ ဒီလိုဆို ကေလးကို မ်က္ျခည္မျပတ္ရွိၿပီး လိုသလို ဆံုးမပဲ့ျပင္ေပးရမယ့္ မိဘတာဝန္ဆိုတာ ဘယ္သြားထားမလဲ။ မိမိတုိ႔ အားလုံး နားလည္ၾကရမွာကေတာ့ ေက်ာင္းက သြန္သင္ဆုံးမတာေတြ မေကာင္းရင္၊ အက်င့္ဆုိးေတြ ေက်ာင္းကပါလာရင္ ေက်ာင္းက မေကာင္းလုိဆုိၿပီး အျပစ္တင္ေန႐ံုနဲ႔ ကုိယ္သားသမီးရဲ႕ အက်င့္စာရိတၱေတြဟာ ျပန္ေျပာင္းေကာင္းလာမွာ မဟုတ္ပါဘူး။

ဒါေၾကာင့္ ေက်ာင္းက ဘာအက်င့္ေတြ ကေလးဆီမွာ ပါလာသလဲ၊ က်ဴရွင္က ဘာအက်င့္ေတြ ကေလးဆီမွာ ရွိေနသလဲဆိုတာကို မိဘက အၿမဲ မ်က္ျခည္မျပတ္ အကဲခတ္ေနရမွာပါ။ ေက်ာင္းကိုခ်ည္း လံုးဝ ဝကြက္အပ္ထားလို႔ မရပါဘူး။ ကုိယ္ျပဳျပင္ဆုံးမတာ ေကာင္းမွ ကုိယ့္သားသမီးဟာ ေကာင္းလာမွာ ျဖစ္ပါသည္။ အတန္းအလိုက္ ေက်ာင္းေတြ၊ အတန္းေတြ၊ ဆရာ၊ ဆရာမေတြ ေျပာင္းသြားမွာျဖစ္ေပမယ့္ သူ႔ကို ေမြးကတည္းကေန လူတလံုး၊ သူတလံုးျဖစ္ၿပီး ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏိုင္တဲ့အထိ နည္းမွန္လမ္းမွန္ အၿမဲသြန္သင္ဆံုးမသြားရမွာ လူႀကီးမိဘေတြရဲ႕ တာဝန္ျဖစ္ပါသည္။

(ဆက္လက္ေဖာ္ျပပါမည္)
ေရႊဝါေရာင္ အရွင္ ထာဝရ (ေနာ္ေဝ)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နော်ဝေနိုင်ငံ ပညာရေးနှင့် ထိတွေ့ခြင်း (၁)

မိမိ နော်ဝေနိုင်ငံ ရောက်ကတည်းက ကျောင်းတက်ခဲ့ပါသည်။ ဦးစွာ ဘာသာစကား သင်တန်းကျောင်းမှာ နာရီပေါင်း ၁၂၀ဝ ကျော် မဖြစ်မနေ တက်ရောက်ပါသည်။ အဲဒီကနေ နော်ဝေနိုင်ငံ၏ ၉ တန်း – ၁၀ တန်းကို တက်ရောက်ခဲ့ပါသည်။ ထို့နောက် ကောလိပ်မှာ စာတွေ့လက်တွေ့ ၂ နှစ်သင်ကြားပြီး လက်တွေ့ ၂ နှစ်ကို ထပ်သွားရပါသည်။ စုစုပေါင်း ကောလိပ် ၄ နှစ် တက်ရောက်ခဲ့သည်။ မိမိယူတဲ့ ဘာသာရပ်က “ကလေးသူငယ်များကို ပြုစုပျိုးထောင်သည့်စနစ်” ဖြစ်ပါသည်။ ကလေးတွေကတော့ ၁ နှစ်မှ ၅ နှစ် အထိ ဖြစ်သည်။
အဲဒီကျောင်းမှာ အလုပ်သင်ဖြစ်ဖို့ ရဲစခန်း၏ ပြစ်မှုကင်းကြောင်း ထောက်ခံစာက အရေးကြီးပါသည်။ အဲဒါ မရဘူးဆိုရင်တော့ အဲဒီ ကလေးထိန်းကျောင်းမှာ အလုပ်သင်ရဖို့ မလွယ်ပါ။ နောက်ပြီး ကလေးများနဲ့ ပတ်သက်တဲ့ ဥပဒေကို လေ့လာရပါသည်။

ဒီနေ့ Social Media ခေတ်မှာ ကလေးငယ်များ ဘေးကင်းလုံခြုံရေးက အရေးကြီးပါသည်။ မိမိတို့အနေနဲ့ လိုက်နာရမည့် စည်းကမ်း ဥပေဒေ များစွာရှိပါသည်။ ကလေးက ချစ်စရာကောင်းလို့ ဆိုပြီး ဓာတ်ပုံရိုက်၊ Social Media ပေါ် တင်ခွင့်မရှိပါ။ မူကြိုကျောင်းမှ တာဝန်ရှိသူတွေက ခွင့်ပြုမှ ဓာတ်ပုံရိုက်ခွင့်ရှိပါသည်။ ခွင့်မတောင်းဘဲ သုံးမိသွားရင် ဒါဟာ ဥပဒေ ချိုးဖောက်ရာကျပါသည်။ အကယ်၍ ကလေးတွေပုံကို မဖြစ်မနေ သုံးမယ်ဆိုရင် ကလေးတွေရဲ့ မျက်နှာတွေ မမြင်ရတဲ့ ဓာတ်ပုံများကို အသုံးပြုရပါသည်။

ဘာကြောင့် ကလေးတွေဓာတ်ပုံကို Social Media တွေအပေါ် တင်ခွင့် မရှိတာလဲ။ တစ်ချို့သော မိဘများကတော့ သူတို့ကလေးတွေ ဓာတ်ပုံကို သူတို့စိတ်ကြိုက် သုံးခွင့်ရှိသည်။ တစ်ချို့သော မိဘများကတော့ သူတို့ကလေးတွေ ဓာတ်ပုံကို သူတို့ ခွင့်မပြုဘဲ Social Media ပေါ် တင်တာ မကြိုက်ကြပါ။ ကလေးတွေရယ်မှ မဟုတ်ပါ။ လူကြီးတွေပုံလည်း ဒီအတိုင်းပါပဲ။ ဓာတ်ပုံတွဲရိုက်ပြီးရင် Social Media ကို ဓာတ်ပုံတင်မယ်နော်၊ ရလားလို့ ခွင့်အရင် တောင်းရပါသည်။ ဒါဟာ ဥပဒေ ဘယ်လောက်ကောင်းတယ် ဆိုတာကို ပြသရာရောက်သလို လူတိုင်း ဥပဒေအောက်မှာ တစ်တန်းတည်း အတူတူဆိုတာကို ပြသရာရောက်ပါသည်။

ကလေးမိဘတွေတိုင်းဟာ မူကြိုမှာဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ် ကလေးဓာတ်ပုံများကို ရိုက်လို့ရပါသလား၊ ကျောင်းက ရိုက်ထားတဲ့ ဓာတ်ပုံများကို Social Media နှင့် သတင်းစာထဲ ထည့်လို့ရပါသလား၊ ရုပ်သံ သတင်းဌာနတွေက ဗီဒီယို ရိုက်ကူးရေး လုပ်ခဲ့မယ်ဆိုရင် သင့်ကလေး ပါဝင်လို့ ရပါလားဆိုသည့် သဘောတူညီချက်မှာ လက်မှတ် ရေးထိုးရပါသည်။ တစ်ချို့သော မိဘများတွေကတော့ သဘောတူသလို တစ်ချို့သော မိဘများက သဘောမတူကြတာလည်း အများကြီးရှိပါသည်။ အဲဒါကို တာဝန်ရှိတဲ့ သူတွေကလည်း လေးစားလိုက်နာကြပါသည်။

မိမိ အပါဝင် တစ်ချို့သော မြန်မာပြည်သားတွေကတော့ များသောအားဖြင့် ဒါကို အရေးတယူလုပ်ပြီး အလေးထားလေ့ မရှိကြပါဘူး။ ကိုယ့်ကလေးဆိုပြီး တင်ချင်တဲ့ပုံ တင်လိုက်တာပါပဲ။ မိမိလည်း ကျောင်းစတက်ခါစက ကျောင်းတက်တာတို့၊ ကျောင်းအားကစားတို့မှာ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ တစ်ချို့သော ကိစ္စတွေမှာ အဆင်မပြေမှုများနှင့် တွေ့ကြုံခဲ့ရပါသည်။ အဲဒီနောက်ပိုင်းမှာတော့ မိမိဓာတ်ပုံများအား အသုံးမပြုကြောင်း လက်မှတ်ထိုးပေးလိုက်ပြီး နောက်ပိုင်းတော့ ဓာတ်ပုံအရိုက်မခံတော့ပါဘူး။

နောက်ပိုင်း သူတို့ရိုက်ထားသော ဓာတ်ပုံများ အသုံးပြုချင်ရင် မိမိကိုယ် အသုံးပြုခွင့် တောင်းလာကြပါသည်။ နော်ဝေလို နိုင်ငံမှာတော့ ဥပဒေက အရေးကြီးဆုံးဆိုတော့ လူအများစုကတော့ ဥပဒေအတိုင်း လိုက်နာကြပါသည်။

မိမိကတော့ အခုခေတ် ဓာတ်ပုံတွေကို လွယ်လွယ်ကူကူယူသုံးကြတဲ့ အခြေနေမှာ လုံခြုံရေးက ဦးစားပေး ဖြစ်တာကြောင့် အတိုင်ထက်အလွန် ဝမ်းမြောက်ပါသည်။ ဥပဒေဆိုတာ ကလေး၊ လူကြီးတွေ အတွက်ပါ ဒီလို ဥပဒေမျိုးရှိတာ ကောင်းတယ်လို့ မြင်ပါသည်။
နော်ဝေနိုင်ငံမှာတော့ ကလေးကို မူကြိုထားရာကနေ မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည်ဖြင့် ပညာအဆင့်ဆင့် ဆက်လက်သင်ကြားစေတဲ့ ကျောင်းသားမိဘတွေဟာ ဘယ်လိုစိတ်ထား၊ ဘယ်လိုပံ့ပိုးမှုတွေနဲ့ မိမိသားသမီးကို ပံ့ပိုးပေးသင့်သလဲ၊ နော်ဝေနိုင်ငံရှိ မိဘတိုင်းလိုလိုရဲ့ ဆန္ဒဟာ အချိန်တန် အရွယ်ရောက်လာခဲ့ရင် သား သမီးတွေ အားလုံးဟာ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်းပြီး လူကိုလူလို တန်းဖိုးထားကြဖို့ ကျောင်းတွေက အကောင်းဆုံး သင်ကြားပေးရန် ဖြစ်ပါသည်။

အားလုံးမှာ တူညီတဲ့ စိတ်ကတော့ သူတို့သားသမီးများကို အောင်မြင်ဖြစ်ထွန်းဖို့ထက် နိုင်ငံကြီးသား ပီသဖို့ ဖြစ်ပါသည်။ ထိုထက် ဆိုရသော် လိမ္မာတဲ့ သားသမီးကောင်းထက် တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့ သားသမီးဖြစ်ဖို့ကို ဦးစားပေးကြပါသည်။ မြန်မာပြည်က မိဘတိုင်းလိုလိုရဲ့ ဆန္ဒဟာ မိမိတို့ သားသမီးကို အောင်မြင်ဖြစ်ထွန်းပြီး လိမ္မာတဲ့ သားကောင်း၊ သမီးကောင်းတွေ ဖြစ်စေချင်ကြတာပဲ ဖြစ်သည်။

သားသမီးကို အောင်မြင်ဖြစ်ထွန်းပြီး လိမ္မာတဲ့ သားကောင်း၊ သမီးကောင်းတွေ ဖြစ်စေချင်တဲ့အတွက် သူတို့ ယုံကြည်ရာ၊ ကောင်းမယ်ထင်ရာ၊ အဆင်ပြေရာလေးတွေနဲ့ သားသမီးကို ပဲ့ပြင်ပုံသွင်းကြတာပါ။ နော်ဝေနိုင်ငံက မိဘတွေကတော့ သူတို့ကလေးတွေကို ဥပဒေအောက်ကနေပြီး ဆိုဆုံးမကြသလို ဥပဒေကို လေးစားလိုက်နာဖို့လည်း သင်ကြားပေးကြပါသည်။

မိမိတို့ မြန်မာက ကလေးမိဘများကတော့ ကလေးတွေရဲ့ အရည်အသွေးနဲ့ မိဘရဲ့ မျိုးရိုးဗီဇ၊ ဆုံးမသွန်သင်လမ်းပြမှု၊ ဆရာတွေရဲ့ သင်ပြပဲ့ပြင်မှုတွေနဲ့ တစ်ဦးချင်းစီ အရည်အသွေးကို ဦးစားပေးကြတာကို တွေ့ရပါသည်။ နော်ဝေနိုင်ငံမှာတော့ အဲဒီလို မဟုတ်ဘဲ ကလေးတွေကို ယုံကြည်မှုရှိအောင် အတူတူတကွ ဆောင်ရွက်ချက်ကို ဦးစားပေးပါသည်။ အဲဒီအတွက် ကလေးတွေဟာ ကိုယ်တော်ကိုယ်တတ်ဆိုတာ မရှိဘဲ အချင်းချင်း စုပေါင်းလုပ်ဆောင်ရမည့် စိတ်ဓာတ်ကောင်းများကို မွေးမြူးပေးကြတာ ဖြစ်ပါသည်။ ဆိုလိုသည်က ဘူးပင်က ဖရုံမသီး။ ကလေးတွေဟာ မျိုးရိုးဗီဇတွေကို အဓိကထားပြီး ကွာခြားသွားကြရာကနေ သွန်သင်ဆုံးမပဲ့ပြင်မှုတွေက သူတို့ကို ကျောက်ကောင်းတစ်ပွင့် ဖြစ်လာ၊ မလာဆိုတာသာ ကွာခြားသွားကြတာ ဖြစ်သည်။

တချို့မိဘတွေက ကျောင်းကောင်းထားရင် ဒီကျောင်းကထွက်တဲ့ ကိုယ့်သားသမီးဟာ တော်မော်ထူးချွန်မယ်လို့ ယုံကြည်မျှော်လင့်ကြတယ်။ နော်ဝေနိုင်ငံမှာ ကျူရှင်ဆိုတာ မရှိပါ။ တစ်နေ့စာကို တစ်နေ့ ကျောင်းမှာ ပြုလုပ်ရသည်။ အိမ်စာဆိုတာ မရှိသလောက်ပါ။ အဲဒီအတွက် ကလေးတွေဟာ ကျောင်းကို မကြောက်ကြတော့ပါဘူး။
မိမိတို့ မြန်မာပြည်ကတော့ ကလေးတွေ ရွေးချယ်ဖို့က အတော်နည်းပါသည်။ မိဘစိတ်ကြိုက်ကို သားသမီးတွေက အကောင်းအထည် ဖော်ပေးရသည့် ပညာရေး ဖြစ်နေသည်။ ထို့ကြောင့် ဘယ်လောက်ပင် ကျောင်းစနစ်ကတော့ မှန်သော်လည်း အိမ်နှင့် မိဘတွေ၏ စနစ်က မှားယွင်းနေလျှင် ဒီကလေးတွေဟာ ကျောင်းကောင်းမှာ နေပေမယ့် ထူးချွန်င့်သလောက် မထူးချွန်လာပါဘူး။ ဒီကျောင်းကထွက်တဲ့ ကျောင်းသားတိုင်း ထူးချွန်နေတာမျိုး မဟုတ်သလို ထူးချွန်တဲ့ ကျောင်းသားတိုင်းဟာလည်း ဒီလို ကျောင်းကြီး၊ ကျောင်းကောင်းတွေက ထွက်လာတာမျိုး မဟုတ်ပါဘူး။

ဒီမှာ အရည်အသွေး (Quality) ကို ချပြလိုပါတယ်။ မိဘတွေနှင့် ဆရာသမားတွေဟာ ကလေးတွေရဲ့ အရည်အသွေးကို ဘာနှင့် အကဲဖြတ်ပါသလဲ။ စာထူးချွန်မှုနှင့်လား၊ လူရည်ချွန် ဆုတံဆိပ်နှင့်လား၊ စိတ်ဓာတ် အမူအကျင့်ကောင်းတွေ ရှိမှုနှင့်လား။ အများစုကတော့ အရှေ့က နှစ်ခုကို ရွေးချယ်ကြပါသည်။ ဒါတွေ ရှေ့တန်းရောက်နေသမျှ စိတ်ဓာတ်အမူအကျင့်ကောင်း ဆိုတာတွေ နောက်ရောက်နေမှာပါ။ တကယ်တော့ စိတ်ဓာတ် အမူအကျင့်ကောင်းဆိုတာ ရှေ့ဆုံးမှာ ရှိနေသင့်တာပါ။ ပြီးတော့မှ ကလေးဝါသနာပါတဲ့ဘက်မှာ ထူးချွန်အောင် ပံ့ပိုးပေးသင့်တာပါ။ ဒီတာဝန်က ကလေးရဲ့ လူကြီးမိဘတွေမှာရော၊ ဆရာသမားတွေမှာပါ ရှိနေသင့်တာဖြစ်ပါသည်။

နော်ဝေမှာတော့ လူအခွင့်ရေးနှင့် ဒီမိုကရေစီနိုင်ငံ ဖြစ်တာကြောင့် မိမိတို့ မြန်မာပြည်နှင့် အများကြီး ကွာခြားပါသည်။ မြန်မာပြည်က မိဘတစ်ချို့ကတော့ ငွေနှင့် ဂုဏ်ဆိုတာ ရှေ့ရောက်နေသမျှ စာရိတ္တဟာ နောက်ရောက်နေဦးမည်။ ဒီတော့ မိဘဆရာတွေဟာ ဘာကို ရှေ့တန်းတင်လို့ ကလေးကို ငယ်စဉ်ကတည်းက လေ့ကျင့် သင်ကြားပေးသလဲဆိုတာ အလွန်အရေးကြီးပါသည်။
နော်ဝေကတော့ မိဘနှင့် သားသမီးများဟာ “ပူးပေါင်းဆောင်ရွက်ခြင်း” ကို အဓိက ဖော်ဆောင်ကြပါသည်။ ဘာမှ မသိတတ်သေးတဲ့ကလေးဟာ သူ့အနားရှိသူတွေ တန်ဖိုးထားတဲ့အရာကို အရွယ်ရလာလေလေ တန်ဖိုးထားလာလေလေ ဖြစ်နေတတ်ပါသည်။ ဂုဏ်မောက်တဲ့မိဘနှင့် အနေနီးလျှင် ဂုဏ်မောက်တဲ့ သားသမီးလေးတွေ ဖြစ်လာနိုင်တာပေါ့။ တလွဲဆံပင်ကောင်းတဲ့ မိဘတွေကြောင့် လမ်းလွဲသွားတဲ့ကလေးတွေလည်း မနည်းမနော ရှိနေပါသည်။

ကျောင်းကြီး၊ ကျောင်းကောင်းတိုင်း ထူးချွန်တဲ့ကျောင်းသား၊ ကျောင်းသူတွေချည်း ထွက်လာကြတာ မဟုတ်သလို အောင်မြင်တဲ့သူတိုင်းဟာ အောင်မြင်တဲ့မိဘတွေက ပေါက်ဖွားလာကြတာ မဟုတ်ပါဘူး။ ဆင်းရဲတဲ့ မိဘကလည်း အောင်မြင်တဲ့သားသမီး မွေးထုတ်ပေးနိုင်သလို ကျောင်းသေး၊ ဆရာ ဆရာမငယ်လေးတွေကနေ စာရိတ္တကောင်းပြီး ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ထွက်လာတတ်ပါသည်။ အဓိကတော့ လေ့ကျင့်သင်ကြားပေးတဲ့ စနစ်ဖြစ်ပါသည်။

တခါတလေ မိဘက ကျောင်းကို အထူးအားကိုးကြတယ်။ ဆိုလိုတာက ကျောင်းကနေ အစစအရာရာ ကိုယ့်သားသမီးကို ဟပ်ချလောင်းလို့ စရိုက်တွေ အခွံချွတ်ပြောင်းလဲပြီး ဒီကျောင်းထားတာနဲ့ ကျောင်းစာတော်၊ ထူးချွန်လို့ လိမ္မာတဲ့ကလေးတွေ ဖြစ်လာမယ်လို့ စိတ်ကူးနဲ့ သာယာနေတတ်ကြတယ်။ ဒီလိုဆို ကလေးကို မျက်ခြည်မပြတ်ရှိပြီး လိုသလို ဆုံးမပဲ့ပြင်ပေးရမယ့် မိဘတာဝန်ဆိုတာ ဘယ်သွားထားမလဲ။ မိမိတို့ အားလုံး နားလည်ကြရမှာကတော့ ကျောင်းက သွန်သင်ဆုံးမတာတွေ မကောင်းရင်၊ အကျင့်ဆိုးတွေ ကျောင်းကပါလာရင် ကျောင်းက မကောင်းလိုဆိုပြီး အပြစ်တင်နေရုံနဲ့ ကိုယ်သားသမီးရဲ့ အကျင့်စာရိတ္တတွေဟာ ပြန်ပြောင်းကောင်းလာမှာ မဟုတ်ပါဘူး။

ဒါကြောင့် ကျောင်းက ဘာအကျင့်တွေ ကလေးဆီမှာ ပါလာသလဲ၊ ကျူရှင်က ဘာအကျင့်တွေ ကလေးဆီမှာ ရှိနေသလဲဆိုတာကို မိဘက အမြဲ မျက်ခြည်မပြတ် အကဲခတ်နေရမှာပါ။ ကျောင်းကိုချည်း လုံးဝ ဝကွက်အပ်ထားလို့ မရပါဘူး။ ကိုယ်ပြုပြင်ဆုံးမတာ ကောင်းမှ ကိုယ့်သားသမီးဟာ ကောင်းလာမှာ ဖြစ်ပါသည်။ အတန်းအလိုက် ကျောင်းတွေ၊ အတန်းတွေ၊ ဆရာ၊ ဆရာမတွေ ပြောင်းသွားမှာဖြစ်ပေမယ့် သူ့ကို မွေးကတည်းကနေ လူတလုံး၊ သူတလုံးဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အထိ နည်းမှန်လမ်းမှန် အမြဲသွန်သင်ဆုံးမသွားရမှာ လူကြီးမိဘတွေရဲ့ တာဝန်ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)
ရွှေဝါရောင် အရှင် ထာဝရ (နော်ဝေ)

Comments are closed.