ေနာ္ေဝႏိုင္ငံ ပညာေရးႏွင့္ ထိေတြ႔ျခင္း (၂)

0
326

ကေလးအတြက္ ဆံုးမပဲ့ျပင္ေပးသြားဖို႔ တာဝန္အရွိဆံုးဆိုတဲ့ လူႀကီးမိဘေတြ ကိုယ္တိုင္က တလြဲဆံပင္ ေကာင္းေနတာမ်ိဳးဆိုရင္ လမ္းလြဲသြားတဲ့ ကေလးဟာ အမွားလုပ္တာ မဟုတ္ဘူးပါ။ မိမိငယ္စဥ္ကေန လက္ရွိအခ်ိန္အထိ မေျပာင္းမလဲ ျမင္ေနရေသးတာကို ပြင့္ပြင့္လင္းလင္း ေျပာရမယ္ဆို ျမန္မာႏိုင္ငံက ကေလးမိဘေတြနဲ႔ ဆရာသမား အမ်ားစုဟာ ကေလးကို “အခ်င္း” ထက္ “အဆင္း” မွာ ဦးစားေပးေနၾကပါသည္။ ထပ္ရွင္းေအာင္ေျပာရလွ်င္ ကေလးကို စိတ္ဓာတ္ေကာင္း၊ စာရိတၱေကာင္းေတြ ျပဳစုပ်ိဳးေထာင္ေပးဖို႔ထက္ မိဘနဲ႔ ဆရာသမား အမ်ားစုက ဂုဏ္ေတြ၊ ရာထူးေတြကို အသားေပးေနၾကသည္။

ျမန္မာျပည္က မိဘကိုယ္တိုင္က ဂုဏ္နဲ႔ေငြေတြအေပၚ အားသာေနေတာ့ ကိုယ့္သားသမီးကို ကိုယ္ဘာ ပံ့ပိုးႏိုင္တယ္ဆိုတဲ့အရာ ေပၚလြင္ေအာင္ တလြဲပံ့ပိုးေပးၾကရာကေန စမယ္ထင္သည္။ ကေလးမိဘ အခ်င္းခ်င္း သူ႔ထက္ငါ အၿပိဳင္အဆိုင္ ကေလးကို ပံ့ပိုးေပးရာက ဒီမိဘေတြရဲ႕ ကေလးဟာ သူတို႔မိဘေတြ ၿပိဳင္ေနတဲ့ ဂုဏ္နဲ႔ေငြေတြကို စာရိတၱေတြ၊ ပညာေရးေတြဆိုတာထက္ ပိုအေလးေပးလာၾကသည္

မိမိတို႔ ျပည္ပေရာက္ေနတဲ့ ျမန္မာေတြဟာလည္း သူတုိ႔ကေလးေတြကုိ ျမန္္မာႏိုင္ငံမွာ ျမန္မာစကားေျပာတဲ့ ျမန္မာကေလးေတြ ျဖစ္ခ်င္တဲ့ တူညီေသာဆႏၵကေတာ့ သူတုိ႔သားသမီးမ်ားကုိ ျမန္မာေက်ာင္းေတြမွာ ေငြကုန္ေၾကးက် သက္သက္သာသာေလး ပညာသင္ယူေစခ်င္ၾကပါသည္။ သုိ႔ေသာ္ ကိုယ့္ေမြးရပ္မဟုတ္တဲ့ ေနာ္ေဝလို ႏိုင္ငံမွာ ကိုယ့္ကေလးကို ကိုယ့္ဘာသာစကား မဟုတ္တာေတြေျပာ၊ ကိုယ့္လူမ်ိဳး အစားအစာ မဟုတ္တာေတြကို စားၿပီး ကိုယ့္ဓေလ့ မဟုတ္တာေတြနဲ႔ ဘယ္ႀကီးျပင္းေစခ်င္ပါ့မလဲ။ ဒါေပမယ့္ သူတုိ႔ ကေလးေတြကုိ ေနာ္ေဝႏုိင္ငံမွာပဲ ေက်ာင္းထားေနရတာဟာ ေက်ာင္းကေန မဟုတ္တဲ့ ဂုဏ္တုဂုဏ္ၿပိဳင္ စိတ္ဓာတ္ေတြ ကေလးဆီ ကူးမလာေအာင္လို႔ ျဖစ္ပါသည္။ ဂုဏ္နဲ႔ေငြေတြကို အရမ္း အသားေပးေနတဲ့ ေက်ာင္းသားမိဘေတြနဲ႔ ေက်ာင္းသားေတြရဲ႕ တလြဲၿပိဳင္ဆိုင္ပြဲမွာ ကေလးကို ဝင္မႏႊဲေစခ်င္လို႔ ျဖစ္ပါသည္။

ေနာ္ေဝႏိုင္ငံမွာ သူႏိုင္ငံသားေရာ၊ ႏိုင္ငံျခားသားေရာ၊ မိဘေရာ၊ ဆရာ၊ ဆရာမေရာက ကေလးကုိ ပထမ ဦးစားေပးပါသည္။ ဆရာ၊ ဆရာမေတြနဲ႔ ေက်ာင္းအုပ္ေတြ၊ မိဘေတြ ကိုယ္တိုင္က ကေလးဟာ ဦးစားေပးရမယ့္သူ တစ္ဦးအေနနဲ႔ လက္ခံျဖည့္ဆည္းေပးသြားရတာပါ။ ကေလးဟာ ေလးစားမႈ ဆိုတာကို လိုက္နာျပသရေပမယ့္ မိဘ၊ ဆရာေတြက ကေလးကို လုပ္ခ်င္သလို လုပ္လို႔ရေအာင္ ခြင့္ျပဳထားတာေတြ ဒီမွာမရွိၾကပါဘူး။ ဒါကို မိဘနဲ႔ဆရာေတြက အျပန္အလွန္ထိန္းသိမ္းၾကသည္။
သားသမီးကို မတရား ႐ိုက္ႏွက္ဆံုးမတတ္တဲ့ မိဘဟာ ကေလးက ျပန္ေဖာ္လိုက္တာနဲ႔ ကေလးဘက္က ရပ္တည္တဲ့ အဖြဲ႔အစည္းေတြေၾကာင့္ အဲဒီမိဘဟာ ေထာင္ဒဏ္၊ ေငြဒဏ္ ထိုက္သင့္သလို ခံစားၾကရတဲ့ ဥပေဒ ေနာ္ေဝႏိုင္ငံမွာရွိလို႔ မိဘေတြဟာ ကိုယ့္သားသမီးကို စိတ္ေနာက္ကိုယ္ပါ က်ိဳးက်ိဳးကန္းကန္းလို ႐ိုက္ႏွက္ဆံုးမခြင့္ မရွိပါဘူး။ ကိုယ္စိတ္တိုင္းမက်ရင္ စိတ္တိုင္းမက်သလို ပစ္ပယ္ဒဏ္ေပးထားခြင့္ မရွိၾကပါဘူး။

ေက်ာင္းသား၊ ေက်ာင္းသူေတြအေပၚ မဟုတ္တာ လုပ္ထားတဲ့ဆရာ၊ ဆရာမေတြနဲ႔ ဘယ္သူကိုမဆို မိဘက အစေဖာ္ႏိုင္တာနဲ႔ အဲဒီသူေတြဟာ ေထာင္ဒဏ္၊ ေငြဒဏ္ ထိုက္သင့္သလို ခံစားရတဲ့အျပင္ နာမည္လည္း ပ်က္ ျဖစ္ၾကတာပါ။

ဒါေၾကာင့္ ဒီက ဆရာ၊ ဆရာမေတြက ေက်ာင္းသား၊ ေက်ာင္းသူေတြကို ေနာ္ေဝ ပညာေရးဘုတ္အဖြဲ႔က ခ်ထားေပးတဲ့ စနစ္အတိုင္း မလြဲမေသြ လိုက္နာၾကရပါသည္။ ဒီကဆရာ၊ ဆရာမေတြဟာ ဆရာဂုဏ္ကို အကာအကြယ္ယူလို႔ ေစတနာနဲ႔ ဆံုးမတာဆိုၿပီး ေက်ာင္းအစည္း႐ံုးနဲ႔ တရား႐ံုးေတာ္မွာ ေခ်ပလို႔ မရၾကပါဘူး

ေနာ္ေဝႏုိင္ငံက ပညာေရးစနစ္ဟာ ကေလးကုိ အဓိက ဦးစားေပးၿပီး ပညာေရး၊ က်န္းမာၾကံ့ခိုင္ေရးႏွင့္ ထူးခြ်န္တဲ့ အနာဂတ္လူငယ္ေတြ ေပၚထြန္းလာေရးဖုိ႔အတြက္ ဦးစားေပးသင္ၾကားပါသည္။
ဒီလို ဦးစားေပးသင္ေပးတဲ့ အထဲမွာ လိုက္နာသင့္တဲ့ စနစ္ဆိုတာနဲ႔ အသားက်ဖို႔ ကေလးကို အိမ္မွာေရာ ေက်ာင္းမွာပါ ေလ့က်င့္သင္ေပးတာပါ။ သူတို႔ဟာ ဘယ္လိုကားေကာင္း၊ ပစၥည္းေကာင္းေတြနဲ႔ ကေလးေက်ာင္းကို လာတယ္ဆိုတာ အေလးထား မၾကည့္ၾကပါဘူး။ ကေလးဟာ ေက်ာင္းနဲ႔အိမ္ကေန ေကာင္းမြန္တဲ့ စနစ္ဆိုတာကို အသားက်ျခင္း ရွိ၊ မရွိဆိုတာကို ဦးစားေပးပါသည္။ ကေလး ဘာအသံုးအေဆာင္နဲ႔ ဘယ္လို အစားအေသာက္ေတြ စားႏိုင္တယ္ဆိုတာ ဦးစားမေပးဘဲ ကေလးဟာ စိတ္ေရာကိုယ္ပါ ၾကံ့ခိုင္မႈ ရွိ၊ မရွိ ဆိုတာကို ဦးစားေပးၾကပါသည္။

ကေလးမိဘေတြ အခ်င္းခ်င္း ဂုဏ္ေတြ၊ ေငြေတြ အၿပိဳင္အဆိုင္ ႂကြားဝါၾကတာမ်ိဳးရွားၿပီး ကိုယ့္ကေလး ေက်ာင္းမွာ စာလိုက္ႏိုင္ဖို႔ ဆိုတာကို ပိုဦးစားေပးၾကသည္။ ေနာ္ေဝႏုိင္ငံမွာ ေက်ာင္းက စနစ္ေကာင္းကို ေလ့က်င့္ေပးလိုက္တာမို႔ အိမ္ကမိဘေတြဟာ ဒီစနစ္ ကေလးမွာ ၿမဲေနဖို႔ လိုက္ပံ့ပိုးေပးလိုက္႐ံုနဲ႔ ကေလးဟာ ႏိုင္ငံႀကီးသားေတြရဲ႕ ျပဳမူေနထိုင္ရမယ့္ စနစ္ေအာက္မွာ အသားက်သြားပါသည္။
ဒီက ေက်ာင္းသား၊ ေက်ာင္းသူအခ်င္းခ်င္း ငါက ဘယ္မွာ ဆံပင္ညႇပ္သည္၊ ဘယ္လို ေနာက္ဆံုးေပၚ ပစၥည္းေတြ သံုးလို႔ ကာတြန္းနဲ႔ ႐ုပ္ရွင္ဆိုတာေတြ ၾကည့္ၿပီး ဘယ္လို Brand ေတြမွ သံုးစြဲတယ္ဆိုတာ တခုတ္တရ မၿပိဳင္ဆိုင္ၾကပါဘူး။ ေက်ာင္းနားခ်ိန္ေတြဆို ဘယ္လိုေနရာေတြမွာ ဘာေတြလုပ္ၿပီး အပန္းေျဖတယ္ဆိုတာ အျပန္အလွန္ ၿပိဳင္ဆိုင္ၾကဖို႔ စိတ္မဝင္စားၾကတာဟာ ဒီကမိဘေတြ၊ ဆရာေတြက မဟုတ္တဲ့ အခ်င္းခ်င္း ၿပိဳင္ဆိုင္မႈေတြမွာ အားမေပးၾကလို႔ပါ။ သူတို႔လည္း ျပည္ပခရီးေတြ ထြက္ေကာင္းထြက္ေပမယ့္ ဒါဟာ မိသားစု အပန္းေျဖၾကဖို႔သာျဖစ္ၿပီး ႂကြားဝါဖို႔ သြားလာၾကတာ မဟုတ္ပါဘူး။

မဟုတ္တာမွာ ၿပိဳင္ဆိုင္ဖို႔ စိတ္မဝင္စားၾကဘဲ တကယ္ၿပိဳင္ဆိုင္ရမယ့္ ေက်ာင္းစာ၊ အားကစား၊ အႏုပညာနဲ႔ ဖန္တီးမႈေတြကို မိဘဆရာေတြက ေဇာင္းေပး၊ အေလးထားျပေတာ့ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ ဒီဘက္မွာ ၿပိဳင္ဆိုင္ၾကသည္။ တိုးတက္တဲ့ႏိုင္ငံေတြမွာ ေက်ာင္းတက္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ မိဘေတြ၊ ဆရာေတြက ထူးခၽြန္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ ျဖစ္လာဖို႔ တအားအေလးထားလြန္းေတာ့ အေတာ္ စိတ္ဖိစီးၾကသည္။ ဒါကို မိဘက လိုသလို ပဲ့ျပင္သြားလို႔ရပါသည္။ မိဘကိုယ္တိုင္က သားသမီး မလိုက္ႏိုင္တဲ့ ေက်ာင္းစာကို အမွတ္ေတြတက္ေအာင္ အတင္းဖိအားမေပးဘဲ သူဘယ္ေနရာမွာ ထူးခၽြန္ေနသလဲ မ်က္ျခည္မျပတ္ အကဲခတ္ ပံ့ပိုးတတ္မယ္ဆို ကိုယ့္သားသမီးဟာ စာဘက္ အထူးခၽြန္ႀကီး မဟုတ္ေတာင္ သူ႔ပညာနဲ႔သူ သူ႔ေျခေထာက္ေပၚသူ ရပ္တည္သြားႏိုင္ေအာင္အထိ ပံ့ပိုးေပးသြားႏိုင္ပါသည္။

မိမိတို႔ျမန္မာႏိုင္ငံသားမ်ားဟာ တကယ္ထူးခၽြန္ရင္ အာရွတင္မက ႏိုင္ငံတကာကပါ အသိအမွတ္ျပဳျခင္း ခံၾကရပါသည္။ ပုဂၢိဳလ္မ်ားစြာ ရွိပါၿပီ။ စိတ္ဓာတ္ေရာ ပညာပါ ထူးခၽြန္သူလို႔ ႏိုင္ငံတကာက ေထာက္ခံထားၾကသူေတြ မိမိတို႔ ျမန္မာႏိုင္ငံမွာ ရွိပါသည္။ သူတို႔လို လူမ်ိဳးေတြ ေပၚထြန္းသည္ထက္ ေပၚထြန္းေအာင္ သူတို႔မိဘေတြ သူတို႔ကို ဘယ္လို စိတ္ဓာတ္မ်ိဳးနဲ႔ ပ်ိဳးေထာင္ခဲ့သလဲ ဆိုတာကို မိမိတို႔က နမူနာယူၾကရမွာ ျဖစ္ပါသည္။ ေသခ်ာတာကေတာ့ သူတုိ႔မိဘေတြဟာ ဂုဏ္တုဂုဏ္ၿပိဳင္ေတြနဲ႕ ကုိယ္သားသမီးကုိ မႏွစ္ခဲ့ၾကပါဘူး။ သူတုိ႔ရဲ႕ ရွိရင္းစြဲ အရည္အခ်င္းေတြကုိ ေဘးက လုိသလုိ ပံ့ပုိးရင္း သူတုိ႔ ယုံၾကည္ရာလုပ္ကုိင္ခြင့္ ျပဳခဲ့ၾကသည္။
မိမိတို႔လည္း ကိုယ့္သားသမီးကို ဒီလိုစိတ္ဓာတ္မ်ိဳးနဲ႔ ကိုယ့္သားသမီးကို စနစ္တက် ျပဳစုပ်ိဳးေထာင္ေပးသြားၾကမယ္ဆိုရင္ မိမိတို႔ ျမန္မာႏိုင္ငံႀကီးဟာ ထူးခၽြန္တဲ့သူေတြ ေပါသည္ထက္ ေပါလာမွာ ျဖစ္ပါသည္။

မိမိတို႔ ျမန္မာျပည္သားမ်ားရဲ႕ နဂိုအရင္းခံစိတ္ဟာ အားနည္းသူကို ကူညီသည္။ လိုရင္လိုသလို ေဖးမတတ္တယ္ဆိုတာ သက္ေသျပေနပါသည္ မိမိတို႔ရဲ႕ မ်ိဳးဆက္ေတြကို ဒီလိုစိတ္ဓာတ္အေမြေတြ ကိုယ္စီလက္ဆင့္ကမ္းေပးၿပီး စနစ္နဲ႔စာရိတၱကို ဦးစားေပးသင္ေပးလို႔ ဂုဏ္တုဂုဏ္ၿပိဳင္ေတြ မလုပ္ဘဲ သူဝါသနာ ပါေနတဲ့ဘက္မွာ အားေပးျမႇင့္တင္ေပးၾကရေအာင္လား။
မိမိတုိ႔ အနာဂတ္ လူငယ္မ်ားကုိ မိမိတုိ႔ လုပ္ေဆာင္ေပးသင့္တာကေတာ့ သင္ယူရမည့္ တာ၀န္ဝတၱရားမ်ား အျပည့္အဝ ယုံၾကည့္ဖုိ႔ ေဆာင္ရြက္ရမည္ ျဖစ္ပါသည္။ ေနာ္ေဝတြင္ ကေလးႏွင့္လူငယ္မ်ားတြင္ သင္ယူရမည့္ တာ၀န္ဝတၱရားရွိသည္။ ဆုိလုိသည္မွာ ေနာ္ေဝႏုိင္ငံေန ကေလးမ်ားအားလုံး ၁၀ ႏွစ္တာ အေျခခံပညာေရးကုိ သင္ယူပုိင္ခြင့္ရွိသည္။

၁။ ကေလးမ်ား အသက္ ၆ ႏွစ္ျပည့္ေသာႏွစ္တြင္ ေက်ာင္းစေနရသည္။ ဥပမာ – ေနာ္ေဝ ဘာသာစကားျဖင့္ Grunnskole (Primary/Secondary School) – ကေလးအသက္ ၆ ႏွစ္ကေန ၁၅ ႏွစ္အထိ။ (ကေလးအားလုံးမွာ ဒီေက်ာင္းၿပီးတဲ့အထိ မတက္မေနရ တက္ရမည့္ တာဝန္ရွိသည္။ ၁ တန္းကေန ၇ တန္းအထိကို Barneskole (Primary School) မူလတန္းေက်ာင္းျဖစ္ၿပီး ၈ တန္းကေန ၁၀ တန္း အထိကေတာ့ Ungdomsskole (Secondary School) အလယ္တန္းေက်ာင္း ျဖစ္သည္။ ေက်ာင္းတက္ေနတဲ့ ကေလးေတြဟာ ေက်ာင္းဝတ္စုံ သတ္မွတ္ခ်က္ မရွိပါ။ ကုိယ္အစင္ေျပသလုိ ဝတ္ဆင္ခြင့္ရွိပါသည္။ ေက်ာင္းစရိတ္၊ စာအုပ္၊ ခဲတံဖိုးလည္း လုံးဝေပးစရာမလိုပါ။ အဲဒီကုန္စရိတ္ကုိ အစုိးရက ေပးပါသည္။

Videregående Skole (High School) – ကေလး ဆယ္တန္းၿပီးသြားတဲ့ အခ်ိန္မွာ အထက္တန္းေက်ာင္း ဆက္တက္ရန္ေရြးခ်ယ္ရပါသည္။ လူငယ္တခ်ိဳ႕ကေတာ့ အထက္တန္းေက်ာင္းကို ဆယ္တန္းၿပီးၿပီးခ်င္း မတက္ေသးဘဲ တႏွစ္ေလာက္ အနားယူၾကတာ ရွိပါသည္။ ဒီအခ်ိန္ကေနစၿပီး ကေလးကိုယ္တိုင္ရဲ႕ ေရြးခ်ယ္မႈဟာ အဓိကက်ပါၿပီ။ အထက္တန္း တက္မည့္သူေတြကလည္း လိုင္းႏွစ္လိုင္း ေရြးခ်ယ္လို႔ရသည္။ Yrkesfag ေခၚ အသက္ေမြးဝမ္းေက်ာင္းႏွင့္ Studiespesialisering ေခၚ ဘာသာစုံ ေလ့လာမႈ ျဖစ္ပါသည္။
၂။ လူငယ္မ်ားအားလုံးႏွင့္ အခ်ိဳ႕ေသာ လူႀကီးတုိ႔တြင္ တကၠသုိလ္ဝင္တန္းေက်ာင္း တက္ခြင့္ရွိသည္။
၃။ အစုိးရပုိင္ ေကာလိပ္မ်ားႏွင့္ တကၠသုိလ္မ်ားသည္ အခမဲ့ျဖစ္သည္။
၄။ ေန႔ကေလးထိန္းဌာနသည္ မသြားမေနရ မဟုတ္ေသာ္လည္း ကေလးအားလုံး နီပါးသည္ ၁ ႏွစ္၊ ၂ ႏွစ္ အရြယ္ခန္႔မွစကာ ေန႔ကေလးထိန္းဌာနသုိ႔ သြားၾကသည္။

ေန႔ကေလးထိန္းဌာနသည္ မျဖစ္မေန ပုိ႔ထားရန္မဟုတ္။ သုိ႔ေသာ္လည္း ေနာ္ေဝႏုိင္ငံရွိ ကေလးမ်ား အားလုံးနီးပါး ေက်ာင္းမေနမီ ကာလတြင္ ေန႔ကေလးထိန္းဌာနသုိ႔ ပို႔ေလ့ရွိပါသည္။ ၂၀၀၉ ခုႏွစ္က အသက္ ၁ ႏွစ္ႏွင့္ ၅ ႏွစ္ၾကားရွိ ကေလးမ်ား၏ ၈၈ ရာခိုင္ႏႈန္းကို ေန႔ကေလးထိန္းဌာနသုိ႔ ပို႔ခဲ့ၾကေသာ္လည္း ႏုိင္ငံျခားေသြးပါသည့္ ကေလးမ်ားအနက္ ၆၈ ရာခိုင္ႏႈန္းမွ်သာ သြားခဲ့ၾကပါသည္။
ေန႔ကေလးထိန္း ဌာနမ်ားသည္ ေန႔ကေလးထိန္း ဌာနမ်ားဆုိင္ရာ ဥပေဒကုိ လုိက္နာက်င့္သုံးရသည္။ ထုိေၾကာင့္ ဝန္ထမ္းမ်ားအေနႏွင့္ ကေလးမ်ားအတြက္ လႈပ္ရွား လုပ္ေဆာင္ဖြယ္ရာမ်ားကုိ စီမံကိန္း ေရးဆြဲရာတြင္ ဥပေဒႏွင့္အညီ ေရးဆြဲရသည္။ မိမိတို႔ အလုပ္သင္မ်ားလည္း ကေလးမ်ားႏွင့္ ပတ္သက္ေသာ စီမံကိန္းမ်ားကုိ ေရးဆြဲၾကရသည္။

မိမိတုိ႔ ေရးဆြဲထားေသာ တစ္ပတ္စာ စီမံကိန္းမ်ားကုိ ေန႔ကေလးထိန္းဌာနက ေက်ာင္းအုပ္ကုိ တင္ျပၿပီး ေန႔စဥ္ေနတုိင္း အေကာင္အထည္ေဖာ္ ေဆာင္ရြက္ၾကပါသည္။ ေန႔ကေလးထိန္းဌာနတြင္ ကေလးထားလွ်င္ အခမဲ့ မရပါ။ မိဘမ်ားက လစဥ္ အခ်ိဳးက် စရိတ္ေပးရၿပီး က်န္ေသာ အမွန္တကယ္ ကုန္က်စရိတ္ကုိ အစုိးရက ေပးေခ်သည္။

ေနာ္ေဝႏိုင္ငံ ပညာေရးႏွင့္ ထိေတြ႔ျခင္း (၁) ဖတ္႐ႈရန္ 
ေရႊဝါေရာင္ အရွင္ ထာဝရ (ေနာ္ေဝ)
(ဆက္လက္ေဖာ္ျပပါမည္)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နော်ဝေနိုင်ငံ ပညာရေးနှင့် ထိတွေ့ခြင်း (၂)

ကလေးအတွက် ဆုံးမပဲ့ပြင်ပေးသွားဖို့ တာဝန်အရှိဆုံးဆိုတဲ့ လူကြီးမိဘတွေ ကိုယ်တိုင်က တလွဲဆံပင် ကောင်းနေတာမျိုးဆိုရင် လမ်းလွဲသွားတဲ့ ကလေးဟာ အမှားလုပ်တာ မဟုတ်ဘူးပါ။ မိမိငယ်စဉ်ကနေ လက်ရှိအချိန်အထိ မပြောင်းမလဲ မြင်နေရသေးတာကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆို မြန်မာနိုင်ငံက ကလေးမိဘတွေနဲ့ ဆရာသမား အများစုဟာ ကလေးကို “အချင်း” ထက် “အဆင်း” မှာ ဦးစားပေးနေကြပါသည်။ ထပ်ရှင်းအောင်ပြောရလျှင် ကလေးကို စိတ်ဓာတ်ကောင်း၊ စာရိတ္တကောင်းတွေ ပြုစုပျိုးထောင်ပေးဖို့ထက် မိဘနဲ့ ဆရာသမား အများစုက ဂုဏ်တွေ၊ ရာထူးတွေကို အသားပေးနေကြသည်။

မြန်မာပြည်က မိဘကိုယ်တိုင်က ဂုဏ်နဲ့ငွေတွေအပေါ် အားသာနေတော့ ကိုယ့်သားသမီးကို ကိုယ်ဘာ ပံ့ပိုးနိုင်တယ်ဆိုတဲ့အရာ ပေါ်လွင်အောင် တလွဲပံ့ပိုးပေးကြရာကနေ စမယ်ထင်သည်။ ကလေးမိဘ အချင်းချင်း သူ့ထက်ငါ အပြိုင်အဆိုင် ကလေးကို ပံ့ပိုးပေးရာက ဒီမိဘတွေရဲ့ ကလေးဟာ သူတို့မိဘတွေ ပြိုင်နေတဲ့ ဂုဏ်နဲ့ငွေတွေကို စာရိတ္တတွေ၊ ပညာရေးတွေဆိုတာထက် ပိုအလေးပေးလာကြသည်။

မိမိတို့ ပြည်ပရောက်နေတဲ့ မြန်မာတွေဟာလည်း သူတို့ကလေးတွေကို မြန်မာနိုင်ငံမှာ မြန်မာစကားပြောတဲ့ မြန်မာကလေးတွေ ဖြစ်ချင်တဲ့ တူညီသောဆန္ဒကတော့ သူတို့သားသမီးများကို မြန်မာကျောင်းတွေမှာ ငွေကုန်ကြေးကျ သက်သက်သာသာလေး ပညာသင်ယူစေချင်ကြပါသည်။ သို့သော် ကိုယ့်မွေးရပ်မဟုတ်တဲ့ နော်ဝေလို နိုင်ငံမှာ ကိုယ့်ကလေးကို ကိုယ့်ဘာသာစကား မဟုတ်တာတွေပြော၊ ကိုယ့်လူမျိုး အစားအစာ မဟုတ်တာတွေကို စားပြီး ကိုယ့်ဓလေ့ မဟုတ်တာတွေနဲ့ ဘယ်ကြီးပြင်းစေချင်ပါ့မလဲ။ ဒါပေမယ့် သူတို့ ကလေးတွေကို နော်ဝေနိုင်ငံမှာပဲ ကျောင်းထားနေရတာဟာ ကျောင်းကနေ မဟုတ်တဲ့ ဂုဏ်တုဂုဏ်ပြိုင် စိတ်ဓာတ်တွေ ကလေးဆီ ကူးမလာအောင်လို့ ဖြစ်ပါသည်။ ဂုဏ်နဲ့ငွေတွေကို အရမ်း အသားပေးနေတဲ့ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေရဲ့ တလွဲပြိုင်ဆိုင်ပွဲမှာ ကလေးကို ဝင်မနွှဲစေချင်လို့ ဖြစ်ပါသည်။

နော်ဝေနိုင်ငံမှာ သူနိုင်ငံသားရော၊ နိုင်ငံခြားသားရော၊ မိဘရော၊ ဆရာ၊ ဆရာမရောက ကလေးကို ပထမ ဦးစားပေးပါသည်။ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းအုပ်တွေ၊ မိဘတွေ ကိုယ်တိုင်က ကလေးဟာ ဦးစားပေးရမယ့်သူ တစ်ဦးအနေနဲ့ လက်ခံဖြည့်ဆည်းပေးသွားရတာပါ။ ကလေးဟာ လေးစားမှု ဆိုတာကို လိုက်နာပြသရပေမယ့် မိဘ၊ ဆရာတွေက ကလေးကို လုပ်ချင်သလို လုပ်လို့ရအောင် ခွင့်ပြုထားတာတွေ ဒီမှာမရှိကြပါဘူး။ ဒါကို မိဘနဲ့ဆရာတွေက အပြန်အလှန်ထိန်းသိမ်းကြသည်။
သားသမီးကို မတရား ရိုက်နှက်ဆုံးမတတ်တဲ့ မိဘဟာ ကလေးက ပြန်ဖော်လိုက်တာနဲ့ ကလေးဘက်က ရပ်တည်တဲ့ အဖွဲ့အစည်းတွေကြောင့် အဲဒီမိဘဟာ ထောင်ဒဏ်၊ ငွေဒဏ် ထိုက်သင့်သလို ခံစားကြရတဲ့ ဥပဒေ နော်ဝေနိုင်ငံမှာရှိလို့ မိဘတွေဟာ ကိုယ့်သားသမီးကို စိတ်နောက်ကိုယ်ပါ ကျိုးကျိုးကန်းကန်းလို ရိုက်နှက်ဆုံးမခွင့် မရှိပါဘူး။ ကိုယ်စိတ်တိုင်းမကျရင် စိတ်တိုင်းမကျသလို ပစ်ပယ်ဒဏ်ပေးထားခွင့် မရှိကြပါဘူး။

ကျောင်းသား၊ ကျောင်းသူတွေအပေါ် မဟုတ်တာ လုပ်ထားတဲ့ဆရာ၊ ဆရာမတွေနဲ့ ဘယ်သူကိုမဆို မိဘက အစဖော်နိုင်တာနဲ့ အဲဒီသူတွေဟာ ထောင်ဒဏ်၊ ငွေဒဏ် ထိုက်သင့်သလို ခံစားရတဲ့အပြင် နာမည်လည်း ပျက် ဖြစ်ကြတာပါ။

ဒါကြောင့် ဒီက ဆရာ၊ ဆရာမတွေက ကျောင်းသား၊ ကျောင်းသူတွေကို နော်ဝေ ပညာရေးဘုတ်အဖွဲ့က ချထားပေးတဲ့ စနစ်အတိုင်း မလွဲမသွေ လိုက်နာကြရပါသည်။ ဒီကဆရာ၊ ဆရာမတွေဟာ ဆရာဂုဏ်ကို အကာအကွယ်ယူလို့ စေတနာနဲ့ ဆုံးမတာဆိုပြီး ကျောင်းအစည်းရုံးနဲ့ တရားရုံးတော်မှာ ချေပလို့ မရကြပါဘူး။

နော်ဝေနိုင်ငံက ပညာရေးစနစ်ဟာ ကလေးကို အဓိက ဦးစားပေးပြီး ပညာရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် ထူးချွန်တဲ့ အနာဂတ်လူငယ်တွေ ပေါ်ထွန်းလာရေးဖို့အတွက် ဦးစားပေးသင်ကြားပါသည်။
ဒီလို ဦးစားပေးသင်ပေးတဲ့ အထဲမှာ လိုက်နာသင့်တဲ့ စနစ်ဆိုတာနဲ့ အသားကျဖို့ ကလေးကို အိမ်မှာရော ကျောင်းမှာပါ လေ့ကျင့်သင်ပေးတာပါ။ သူတို့ဟာ ဘယ်လိုကားကောင်း၊ ပစ္စည်းကောင်းတွေနဲ့ ကလေးကျောင်းကို လာတယ်ဆိုတာ အလေးထား မကြည့်ကြပါဘူး။ ကလေးဟာ ကျောင်းနဲ့အိမ်ကနေ ကောင်းမွန်တဲ့ စနစ်ဆိုတာကို အသားကျခြင်း ရှိ၊ မရှိဆိုတာကို ဦးစားပေးပါသည်။ ကလေး ဘာအသုံးအဆောင်နဲ့ ဘယ်လို အစားအသောက်တွေ စားနိုင်တယ်ဆိုတာ ဦးစားမပေးဘဲ ကလေးဟာ စိတ်ရောကိုယ်ပါ ကြံ့ခိုင်မှု ရှိ၊ မရှိ ဆိုတာကို ဦးစားပေးကြပါသည်။

ကလေးမိဘတွေ အချင်းချင်း ဂုဏ်တွေ၊ ငွေတွေ အပြိုင်အဆိုင် ကြွားဝါကြတာမျိုးရှားပြီး ကိုယ့်ကလေး ကျောင်းမှာ စာလိုက်နိုင်ဖို့ ဆိုတာကို ပိုဦးစားပေးကြသည်။ နော်ဝေနိုင်ငံမှာ ကျောင်းက စနစ်ကောင်းကို လေ့ကျင့်ပေးလိုက်တာမို့ အိမ်ကမိဘတွေဟာ ဒီစနစ် ကလေးမှာ မြဲနေဖို့ လိုက်ပံ့ပိုးပေးလိုက်ရုံနဲ့ ကလေးဟာ နိုင်ငံကြီးသားတွေရဲ့ ပြုမူနေထိုင်ရမယ့် စနစ်အောက်မှာ အသားကျသွားပါသည်။
ဒီက ကျောင်းသား၊ ကျောင်းသူအချင်းချင်း ငါက ဘယ်မှာ ဆံပင်ညှပ်သည်၊ ဘယ်လို နောက်ဆုံးပေါ် ပစ္စည်းတွေ သုံးလို့ ကာတွန်းနဲ့ ရုပ်ရှင်ဆိုတာတွေ ကြည့်ပြီး ဘယ်လို Brand တွေမှ သုံးစွဲတယ်ဆိုတာ တခုတ်တရ မပြိုင်ဆိုင်ကြပါဘူး။ ကျောင်းနားချိန်တွေဆို ဘယ်လိုနေရာတွေမှာ ဘာတွေလုပ်ပြီး အပန်းဖြေတယ်ဆိုတာ အပြန်အလှန် ပြိုင်ဆိုင်ကြဖို့ စိတ်မဝင်စားကြတာဟာ ဒီကမိဘတွေ၊ ဆရာတွေက မဟုတ်တဲ့ အချင်းချင်း ပြိုင်ဆိုင်မှုတွေမှာ အားမပေးကြလို့ပါ။ သူတို့လည်း ပြည်ပခရီးတွေ ထွက်ကောင်းထွက်ပေမယ့် ဒါဟာ မိသားစု အပန်းဖြေကြဖို့သာဖြစ်ပြီး ကြွားဝါဖို့ သွားလာကြတာ မဟုတ်ပါဘူး။

မဟုတ်တာမှာ ပြိုင်ဆိုင်ဖို့ စိတ်မဝင်စားကြဘဲ တကယ်ပြိုင်ဆိုင်ရမယ့် ကျောင်းစာ၊ အားကစား၊ အနုပညာနဲ့ ဖန်တီးမှုတွေကို မိဘဆရာတွေက ဇောင်းပေး၊ အလေးထားပြတော့ ကျောင်းသား၊ ကျောင်းသူတွေဟာ ဒီဘက်မှာ ပြိုင်ဆိုင်ကြသည်။ တိုးတက်တဲ့နိုင်ငံတွေမှာ ကျောင်းတက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ မိဘတွေ၊ ဆရာတွေက ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်လာဖို့ တအားအလေးထားလွန်းတော့ အတော် စိတ်ဖိစီးကြသည်။ ဒါကို မိဘက လိုသလို ပဲ့ပြင်သွားလို့ရပါသည်။ မိဘကိုယ်တိုင်က သားသမီး မလိုက်နိုင်တဲ့ ကျောင်းစာကို အမှတ်တွေတက်အောင် အတင်းဖိအားမပေးဘဲ သူဘယ်နေရာမှာ ထူးချွန်နေသလဲ မျက်ခြည်မပြတ် အကဲခတ် ပံ့ပိုးတတ်မယ်ဆို ကိုယ့်သားသမီးဟာ စာဘက် အထူးချွန်ကြီး မဟုတ်တောင် သူ့ပညာနဲ့သူ သူ့ခြေထောက်ပေါ်သူ ရပ်တည်သွားနိုင်အောင်အထိ ပံ့ပိုးပေးသွားနိုင်ပါသည်။

မိမိတို့မြန်မာနိုင်ငံသားများဟာ တကယ်ထူးချွန်ရင် အာရှတင်မက နိုင်ငံတကာကပါ အသိအမှတ်ပြုခြင်း ခံကြရပါသည်။ ပုဂ္ဂိုလ်များစွာ ရှိပါပြီ။ စိတ်ဓာတ်ရော ပညာပါ ထူးချွန်သူလို့ နိုင်ငံတကာက ထောက်ခံထားကြသူတွေ မိမိတို့ မြန်မာနိုင်ငံမှာ ရှိပါသည်။ သူတို့လို လူမျိုးတွေ ပေါ်ထွန်းသည်ထက် ပေါ်ထွန်းအောင် သူတို့မိဘတွေ သူတို့ကို ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ပျိုးထောင်ခဲ့သလဲ ဆိုတာကို မိမိတို့က နမူနာယူကြရမှာ ဖြစ်ပါသည်။ သေချာတာကတော့ သူတို့မိဘတွေဟာ ဂုဏ်တုဂုဏ်ပြိုင်တွေနဲ့ ကိုယ်သားသမီးကို မနှစ်ခဲ့ကြပါဘူး။ သူတို့ရဲ့ ရှိရင်းစွဲ အရည်အချင်းတွေကို ဘေးက လိုသလို ပံ့ပိုးရင်း သူတို့ ယုံကြည်ရာလုပ်ကိုင်ခွင့် ပြုခဲ့ကြသည်။
မိမိတို့လည်း ကိုယ့်သားသမီးကို ဒီလိုစိတ်ဓာတ်မျိုးနဲ့ ကိုယ့်သားသမီးကို စနစ်တကျ ပြုစုပျိုးထောင်ပေးသွားကြမယ်ဆိုရင် မိမိတို့ မြန်မာနိုင်ငံကြီးဟာ ထူးချွန်တဲ့သူတွေ ပေါသည်ထက် ပေါလာမှာ ဖြစ်ပါသည်။

မိမိတို့ မြန်မာပြည်သားများရဲ့ နဂိုအရင်းခံစိတ်ဟာ အားနည်းသူကို ကူညီသည်။ လိုရင်လိုသလို ဖေးမတတ်တယ်ဆိုတာ သက်သေပြနေပါသည် မိမိတို့ရဲ့ မျိုးဆက်တွေကို ဒီလိုစိတ်ဓာတ်အမွေတွေ ကိုယ်စီလက်ဆင့်ကမ်းပေးပြီး စနစ်နဲ့စာရိတ္တကို ဦးစားပေးသင်ပေးလို့ ဂုဏ်တုဂုဏ်ပြိုင်တွေ မလုပ်ဘဲ သူဝါသနာ ပါနေတဲ့ဘက်မှာ အားပေးမြှင့်တင်ပေးကြရအောင်လား။
မိမိတို့ အနာဂတ် လူငယ်များကို မိမိတို့ လုပ်ဆောင်ပေးသင့်တာကတော့ သင်ယူရမည့် တာဝန်ဝတ္တရားများ အပြည့်အဝ ယုံကြည့်ဖို့ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ နော်ဝေတွင် ကလေးနှင့်လူငယ်များတွင် သင်ယူရမည့် တာဝန်ဝတ္တရားရှိသည်။ ဆိုလိုသည်မှာ နော်ဝေနိုင်ငံနေ ကလေးများအားလုံး ၁၀ နှစ်တာ အခြေခံပညာရေးကို သင်ယူပိုင်ခွင့်ရှိသည်။

၁။ ကလေးများ အသက် ၆ နှစ်ပြည့်သောနှစ်တွင် ကျောင်းစနေရသည်။ ဥပမာ – နော်ဝေ ဘာသာစကားဖြင့် Grunnskole (Primary/Secondary School) – ကလေးအသက် ၆ နှစ်ကနေ ၁၅ နှစ်အထိ။ (ကလေးအားလုံးမှာ ဒီကျောင်းပြီးတဲ့အထိ မတက်မနေရ တက်ရမည့် တာဝန်ရှိသည်။ ၁ တန်းကနေ ၇ တန်းအထိကို Barneskole (Primary School) မူလတန်းကျောင်းဖြစ်ပြီး ၈ တန်းကနေ ၁၀ တန်း အထိကတော့ Ungdomsskole (Secondary School) အလယ်တန်းကျောင်း ဖြစ်သည်။ ကျောင်းတက်နေတဲ့ ကလေးတွေဟာ ကျောင်းဝတ်စုံ သတ်မှတ်ချက် မရှိပါ။ ကိုယ်အစင်ပြေသလို ဝတ်ဆင်ခွင့်ရှိပါသည်။ ကျောင်းစရိတ်၊ စာအုပ်၊ ခဲတံဖိုးလည်း လုံးဝပေးစရာမလိုပါ။ အဲဒီကုန်စရိတ်ကို အစိုးရက ပေးပါသည်။

Videregående Skole (High School) – ကလေး ဆယ်တန်းပြီးသွားတဲ့ အချိန်မှာ အထက်တန်းကျောင်း ဆက်တက်ရန်ရွေးချယ်ရပါသည်။ လူငယ်တချို့ကတော့ အထက်တန်းကျောင်းကို ဆယ်တန်းပြီးပြီးချင်း မတက်သေးဘဲ တနှစ်လောက် အနားယူကြတာ ရှိပါသည်။ ဒီအချိန်ကနေစပြီး ကလေးကိုယ်တိုင်ရဲ့ ရွေးချယ်မှုဟာ အဓိကကျပါပြီ။ အထက်တန်း တက်မည့်သူတွေကလည်း လိုင်းနှစ်လိုင်း ရွေးချယ်လို့ရသည်။ Yrkesfag ခေါ် အသက်မွေးဝမ်းကျောင်းနှင့် Studiespesialisering ခေါ် ဘာသာစုံ လေ့လာမှု ဖြစ်ပါသည်။
၂။ လူငယ်များအားလုံးနှင့် အချို့သော လူကြီးတို့တွင် တက္ကသိုလ်ဝင်တန်းကျောင်း တက်ခွင့်ရှိသည်။
၃။ အစိုးရပိုင် ကောလိပ်များနှင့် တက္ကသိုလ်များသည် အခမဲ့ဖြစ်သည်။
၄။ နေ့ကလေးထိန်းဌာနသည် မသွားမနေရ မဟုတ်သော်လည်း ကလေးအားလုံး နီပါးသည် ၁ နှစ်၊ ၂ နှစ် အရွယ်ခန့်မှစကာ နေ့ကလေးထိန်းဌာနသို့ သွားကြသည်။

နေ့ကလေးထိန်းဌာနသည် မဖြစ်မနေ ပို့ထားရန်မဟုတ်။ သို့သော်လည်း နော်ဝေနိုင်ငံရှိ ကလေးများ အားလုံးနီးပါး ကျောင်းမနေမီ ကာလတွင် နေ့ကလေးထိန်းဌာနသို့ ပို့လေ့ရှိပါသည်။ ၂၀ဝ၉ ခုနှစ်က အသက် ၁ နှစ်နှင့် ၅ နှစ်ကြားရှိ ကလေးများ၏ ၈၈ ရာခိုင်နှုန်းကို နေ့ကလေးထိန်းဌာနသို့ ပို့ခဲ့ကြသော်လည်း နိုင်ငံခြားသွေးပါသည့် ကလေးများအနက် ၆၈ ရာခိုင်နှုန်းမျှသာ သွားခဲ့ကြပါသည်။
နေ့ကလေးထိန်း ဌာနများသည် နေ့ကလေးထိန်း ဌာနများဆိုင်ရာ ဥပဒေကို လိုက်နာကျင့်သုံးရသည်။ ထိုကြောင့် ဝန်ထမ်းများအနေနှင့် ကလေးများအတွက် လှုပ်ရှား လုပ်ဆောင်ဖွယ်ရာများကို စီမံကိန်း ရေးဆွဲရာတွင် ဥပဒေနှင့်အညီ ရေးဆွဲရသည်။ မိမိတို့ အလုပ်သင်များလည်း ကလေးများနှင့် ပတ်သက်သော စီမံကိန်းများကို ရေးဆွဲကြရသည်။

မိမိတို့ ရေးဆွဲထားသော တစ်ပတ်စာ စီမံကိန်းများကို နေ့ကလေးထိန်းဌာနက ကျောင်းအုပ်ကို တင်ပြပြီး နေ့စဉ်နေတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကြပါသည်။ နေ့ကလေးထိန်းဌာနတွင် ကလေးထားလျှင် အခမဲ့ မရပါ။ မိဘများက လစဉ် အချိုးကျ စရိတ်ပေးရပြီး ကျန်သော အမှန်တကယ် ကုန်ကျစရိတ်ကို အစိုးရက ပေးချေသည်။

နော်ဝေနိုင်ငံ ပညာရေးနှင့် ထိတွေ့ခြင်း (၁) ဖတ်ရှုရန်

ရွှေဝါရောင် အရှင် ထာဝရ (နော်ဝေ)
(ဆက်လက်ဖော်ပြပါမည်)