ေနာက္ထပ္ ကေနဒါႏိုင္ငံသားတစ္ဦးကို တ႐ုတ္ ဖမ္းဆီး

0
81

တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္းရွိ ယန္တိုင္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းက ကေနဒါႏိုင္ငံသားတစ္ဦးကို တ႐ုတ္အာဏာပိုင္ေတြက ထပ္မံဖမ္းဆီးခဲ့လို႔ တ႐ုတ္နဲ႔ ကေနဒါၾကား တင္းမာမႈေတြ ထပ္ျဖစ္ေနပါတယ္။

အမည္မသိေသးတဲ့ ကေနဒါႏိုင္ငံသားတစ္ဦးကို တ႐ုတ္အာဏာပိုင္ေတြက ဖမ္းဆီးထားေၾကာင္း ကေနဒါ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက အတည္ျပဳပါတယ္။ မႏွစ္က ဒီဇင္ဘာလမွာ ကေနဒါ ႏိုင္ငံသား ႏွစ္ဦးကိုဖမ္းဆီးခဲ့ ကတည္းက တ႐ုတ္နဲ႔ ကေနဒါတို႔ ဆက္ဆံေရး မေျပမလည္ ျဖစ္ေနခဲ့တာပါ။ သံတမန္ေဟာင္း မိုက္ကယ္ ေကာ့ဗ္ရစ္နဲ႔ စီးပြားေရးသမား မိုက္ကယ္ စပါဗိုတို႔ကို သူလွ်ိဳမႈ စြပ္စြဲခ်က္နဲ႔ တ႐ုတ္က ဖမ္းဆီးထားတာပါ။

အခုလို ကေနဒါႏိုင္ငံသားေတြ ဖမ္းဆီးခံရတာဟာ ပိတ္ဆို႔အေရးယူမႈ ေဖာက္ဖ်က္ေၾကာင္း စြပ္စြဲခ်က္နဲ႔ အေမရိကန္ရဲ႕ ေတာင္းဆိုမႈေၾကာင့္ ဗန္ကူးဗားၿမိဳ႕မွာ ဟြာေဝး ဆက္သြယ္ေရးကုမၸဏီ ဘ႑ာေရးအရာရွိ မင္ ဝန္ဇူကို ကေနဒါအစိုးရက ဖမ္းဆီးခဲ့မႈအေပၚ လက္တံု႔ျပန္တာလို႔ ယံုၾကည္ရပါတယ္။ 

နောက်ထပ် ကနေဒါနိုင်ငံသားတစ်ဦးကို တရုတ် ဖမ်းဆီး

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ယန်တိုင်မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကနေဒါနိုင်ငံသားတစ်ဦးကို တရုတ်အာဏာပိုင်တွေက ထပ်မံဖမ်းဆီးခဲ့လို့ တရုတ်နဲ့ ကနေဒါကြား တင်းမာမှုတွေ ထပ်ဖြစ်နေပါတယ်။

အမည်မသိသေးတဲ့ ကနေဒါနိုင်ငံသားတစ်ဦးကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထားကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ မနှစ်က ဒီဇင်ဘာလမှာ ကနေဒါ နိုင်ငံသား နှစ်ဦးကိုဖမ်းဆီးခဲ့ ကတည်းက တရုတ်နဲ့ ကနေဒါတို့ ဆက်ဆံရေး မပြေမလည် ဖြစ်နေခဲ့တာပါ။ သံတမန်ဟောင်း မိုက်ကယ် ကော့ဗ်ရစ်နဲ့ စီးပွားရေးသမား မိုက်ကယ် စပါဗိုတို့ကို သူလျှိုမှု စွပ်စွဲချက်နဲ့ တရုတ်က ဖမ်းဆီးထားတာပါ။

အခုလို ကနေဒါနိုင်ငံသားတွေ ဖမ်းဆီးခံရတာဟာ ပိတ်ဆို့အရေးယူမှု ဖောက်ဖျက်ကြောင်း စွပ်စွဲချက်နဲ့ အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် ဗန်ကူးဗားမြို့မှာ ဟွာဝေး ဆက်သွယ်ရေးကုမ္ပဏီ ဘဏ္ဍာရေးအရာရှိ မင် ဝန်ဇူကို ကနေဒါအစိုးရက ဖမ်းဆီးခဲ့မှုအပေါ် လက်တုံ့ပြန်တာလို့ ယုံကြည်ရပါတယ်။