ေနရပ္ျပန္မယ့္ အစီအစဥ္ ရပ္ဆိုင္းဖို႔ HWR ေျပာ

0
93

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းက လူ ၃၄၅၀ ေနရပ္ျပန္မယ့္ ဒီေန႔ ၾသဂုတ္လ ၂၂ ရက္ေန႔ အစီအစဥ္ကို ရပ္ဆိုင္းဖို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔ (HRW) က ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ အစိုးရတို႔ကို တိုက္တြန္းလိုက္ပါတယ္။

ေနရပ္ျပန္ရင္ ဒုကၡသည္ေတြ လံုၿခံဳေရးအတြက္ ေၾကာက္ရမယ့္ အေၾကာင္းရင္းေတြ ရွိေနတယ္လို႔ HRW ရဲ႕ အေရွ႕ေတာင္အာရွဆိုင္ရာ ညႊန္ၾကားေရးမွဴး မီနက္ခ္ရွိ ဂန္ဂူလီက ေျပာပါတယ္။ 

၂၀၁၇ ခုႏွစ္တုန္းက ARSA အၾကမ္းဖက္အဖြဲ႔ တိုက္ခိုက္မႈေတြေၾကာင့္ နယ္ေျမရွင္းလင္းရာမွာ ဘဂၤါလီ ၇၄၀၀၀၀ ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးခဲ့ပါတယ္။ ရခိုင္ျပည္နယ္အတြင္းမွာေတာ့ ဘဂၤါလီ ၁ သိန္း ရွိေနပါတယ္။

နေရပ်ပြန်မယ့် အစီအစဉ် ရပ်ဆိုင်းဖို့ HWR ပြော

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက လူ ၃၄၅၀ နေရပ်ပြန်မယ့် ဒီနေ့ သြဂုတ်လ ၂၂ ရက်နေ့ အစီအစဉ်ကို ရပ်ဆိုင်းဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ကို တိုက်တွန်းလိုက်ပါတယ်။

နေရပ်ပြန်ရင် ဒုက္ခသည်တွေ လုံခြုံရေးအတွက် ကြောက်ရမယ့် အကြောင်းရင်းတွေ ရှိနေတယ်လို့ HRW ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး မီနက်ခ်ရှိ ဂန်ဂူလီက ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုတွေကြောင့် နယ်မြေရှင်းလင်းရာမှာ ဘင်္ဂါလီ ၇၄၀ဝ၀ဝ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာတော့ ဘင်္ဂါလီ ၁ သိန်း ရှိနေပါတယ်။