ေနရပ္စြန္႔ခြာသူေတြ ျပန္လည္လက္ခံေရး အထမေျမာက္ခဲ့

0
48

ရခုိင္ျပည္နယ္အေရးကိစၥနဲ႔ ပက္သက္ၿပီး ေနရပ္စြန္႔ခြာသူေတြ ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ကုိ ၾသဂုတ္လ ၂၂ ရက္ေန႔က စတင္ဖို႔ ျမန္မာဘက္က အသင့္ျပင္ထားခဲ့ေပမယ့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံကေန ျပန္လည္ ပို႔ေဆာင္ႏိုင္မႈမရွိခဲ့တဲ့ အတြက္ ျပန္လည္လက္ခံေရး အစီအစဥ္ အထမေျမာက္ခဲ့ေၾကာင္း အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ ႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးေက်ာ္တင္ က ေျပာၾကားလိုက္ပါတယ္။

ၾသဂုတ္လ ၂၃ ရက္ေန႔က ေနျပည္ေတာ္မွာ  အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ ႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးေက်ာ္တင္ နဲ႔ ျမန္မာ ႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံ သံအမတ္ႀကီး မစၥတာ ခ်န္းဟိုင္  တုိ႔ေတြ႔ဆုံစဥ္ ျပည္ေထာင္စု၀န္ႀကီးက အခုလုိ ေျပာၾကားခဲ့တာပါ။

ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံဆက္ဆံေရး ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ေရး ကိစၥ၊ ရပ္ဝန္းႏွင့္ ပိုးလမ္းမစီမံကိန္း မူေဘာင္ေအာက္မွ ျမန္မာ-တ႐ုတ္ နယ္စပ္ေဒသစီးပြားေရး ပူးေပါင္း ေဆာင္႐ြက္မႈဇုန္ ေဆာလ်င္စြာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ ေရးကိစၥ၊ ရခိုင္ျပည္နယ္ႏွင့္ ေဟာင္ေကာင္ အထူးအုပ္ခ်ဳပ္ေရး ေဒသတို႔မွာ ေနာက္ဆုံးျဖစ္ေပၚ တိုးတက္မႈ အေျခအေနေတြနဲ ႔ ပတ္သက္ၿပီးေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး အထမမြောက်ခဲ့


ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပက်သက်ပြီး နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို သြဂုတ်လ ၂၂ ရက်နေ့က စတင်ဖို့ မြန်မာဘက်က အသင့်ပြင်ထားခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ပြန်လည် ပို့ဆောင်နိုင်မှုမရှိခဲ့တဲ့ အတွက် ပြန်လည်လက်ခံရေး အစီအစဉ် အထမမြောက်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် က ပြောကြားလိုက်ပါတယ်။


သြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် နဲ့ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် တို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။


တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စ၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း မူဘောင်အောက်မှ မြန်မာ-တရုတ် နယ်စပ်ဒေသစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန် ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက် ရေးကိစ္စ၊ ရခိုင်ပြည်နယ်နှင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသတို့မှာ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေတွေနဲ ့ ပတ်သက်ပြီးဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ် ။