
0
80




နေတိုးတပ်ဖွဲ့ စောစီးစွာဆုတ်ခွာပါက အမျိုးသမီးတွေ တာလီဘန်သူပုန်အန္တရယ် ရင်ဆိုင်ရမယ်

အာဖန်ဂန်နစ္စတန်နိုင်ငံအတွင်းကနေ နေတိုးတပ်ဖွဲ့တွေ စောစီးစွာ ဆုတ်ခွာသွားမယ်ဆိုရင် နိုင်ငံဟာ တာလီဘန် သူပုန် အဖွဲ့ ရဲ့ အစ္စာလမ်မစ် စည်းကမ်းအတိုင်း အုပ်ချုပ်တဲ့ လက်အောက် ရောက် ပြန်ကျရောက်သွားမယ်လို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

အာဖန်ဂန်နစ္စတန်နိုင်ငံအတွင်းက နိုင်ငံခြားတပ်ဖွဲ့တွေ စောစီးစွာဆုတ်ခွာမယ်ဆိုရင် နိုင်ငံအတွင်းရှိ အမျိုးသမီးတွေ ပိုမိုခက်ခဲမှုတွေ နဲ့ ရင်ဆိုင်ရမယ်လို့ သူကဆိုပါတယ်။ နိုင်ငံထဲက အမျိုးသမီးတွေ ၊ မိန်းကလေး တွေဟာ ကျောင်းမတက်ရတာ၊ လက်ထပ်ဖို့ အတားအဆီးတွေ အပြင် အခြားအခက်ခဲတွေ နဲ့ ရင်ဆိုင်ရပြီး အမျိုးသမီးတွေကို ကျောက်တုံးနဲ့ ထုတာ ၊ ကြိုးဆွဲချသေခိုင်းတာမျိုးတွေ ထပ်မံဖြစ်လာနိုင်တယ်လို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီးက သုံးသပ်ထားပါတယ်။

အမေရိကန် နဲ့ တာလီဘန်တို့ ဟာ ၁၈ နှစ်ကြာဖြစ်နေတဲ့ အာဖန်ဂန်နစ္စတန် ပဋိပက္ခတွေကိုအဆုံးသတ်ဖို့ ကြိုးပမ်းပေမယ့် အပြီးသတ်သဘောတူညီမှု မရဘဲ တာလီဘန်သူပုန်အဖွဲ့က ပြန်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။