ေနစၾကဝဠာ ျပင္ပက ၿဂိဳဟ္တစ္လံုးရဲ႕ ေလထုထဲမွာ ေရေတြ႔ရွိ

0
48

ေနစၾကဝဠာ ျပင္ပက ၿဂိဳဟ္တစ္လံုးရဲ႕ ေလထုထဲမွာ ေရရွွိေနတာကို ပထမဆုံးအႀကိမ္ ရွာေဖြေတြ႔ရွိခဲ့တယ္လို႔ ၿဗိတိသွ် သိပၸံပညာရွင္ေတြက စက္တင္ဘာလ ၁၁ ရ္ကေန႔က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ 

ကမၻာကေန အလင္းႏွစ္ ၁၁၀ အကြာအေဝးမွာ ရွိၿပီး ကမာၻေျမလိုမ်ိဳး အပူခ်ိန္ရွိတဲ့ ၿဂိဳဟ္တစ္လုံးမွာ ေရေငြ႔ရိပ္ေတြ ရွိေနတာကို ရွာေဖြေတြ႔ရွိတာ ျဖစ္တယ္လို႔ လန္ဒန္ ေကာလိပ္ တကၠသိုလ္က သုေတသန ပညာရွင္ေတြက ေျပာခဲ့တာ ျဖစ္ပါတယ္။

ေနစၾကဝဠာ ျပင္ပမွာ ေတြ႔ရွိသမွ် ၿဂိဳဟ္ ၄၀၀၀ ေက်ာ္အနက္ ဒီၿဂိဳဟ္မွာသာ သက္ရွိေတြအတြက္ လိုအပ္တဲ့ ေရ၊ မွ်တတဲ့ အပူခ်ိန္နဲ႔ မာေက်ာတဲ့ မ်က္ႏွာျပင္ ရွိတာလို႔လည္း သိပၸံ ပညာရွင္ေတြက ေျပာပါတယ္။ K2-18b လို႔ အမည္ ေပးထားတဲ့ အဲဒီၿဂိဳဟ္ကို အေမရိကန္ အမ်ိဳးသား ေလေၾကာင္းႏွင့္ အာကာသ အုပ္ခ်ဳပ္ေရးအဖြဲ႔က ၂၀၁၅ ခုႏွစ္မွာ ရွာေဖြ ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

နေစကြဝဠာ ပြင်ပက ဂြိုဟ်တစ်လုံးရဲ့ လေထုထဲမှာ ရေတွေ့ရှိ

နေစကြဝဠာ ပြင်ပက ဂြိုဟ်တစ်လုံးရဲ့ လေထုထဲမှာ ရေရှိနေတာကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဗြိတိသျှ သိပ္ပံပညာရှင်တွေက စက်တင်ဘာလ ၁၁ ရ်ကနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကမ္ဘာကနေ အလင်းနှစ် ၁၁၀ အကွာအဝေးမှာ ရှိပြီး ကမ္ဘာမြေလိုမျိုး အပူချိန်ရှိတဲ့ ဂြိုဟ်တစ်လုံးမှာ ရေငွေ့ရိပ်တွေ ရှိနေတာကို ရှာဖွေတွေ့ရှိတာ ဖြစ်တယ်လို့ လန်ဒန် ကောလိပ် တက္ကသိုလ်က သုတေသန ပညာရှင်တွေက ပြောခဲ့တာ ဖြစ်ပါတယ်။

နေစကြဝဠာ ပြင်ပမှာ တွေ့ရှိသမျှ ဂြိုဟ် ၄၀ဝ၀ ကျော်အနက် ဒီဂြိုဟ်မှာသာ သက်ရှိတွေအတွက် လိုအပ်တဲ့ ရေ၊ မျှတတဲ့ အပူချိန်နဲ့ မာကျောတဲ့ မျက်နှာပြင် ရှိတာလို့လည်း သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။ K2-18b လို့ အမည် ပေးထားတဲ့ အဲဒီဂြိုဟ်ကို အမေရိကန် အမျိုးသား လေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေးအဖွဲ့က ၂၀၁၅ ခုနှစ်မှာ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။