ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို လွှတ်တော်ဝန်ထမ်းတွေနဲ့အတူ ကျင်းပ

0
351

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၁)နှစ်မြောက်မွေးနေ့ကို ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့မှာ နေပြည်တော်က လွှတ်တော်ကော်မတီရုံးမှာ လွှတ်တော်ဝန်ထမ်းတွေနဲ့အတူကျင်းပခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးမှာကျင်းပတဲ့ ဒီမွေးနေ့ပွဲကို လွှတ်တော်ဝန်ထမ်းတွေနဲ့အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ တက်ရောက်ခဲ့ကြပါတယ်။