ဒေါက်တာ သန်းထွဋ်အောင်ကို နိုင်/ကျဉ်းအဖြစ် AAPP မသတ်မှတ်နိုင်သေး

0
349

Eleven Media Group က CEO ဒေါက်တာ သန်းထွဋ်အောင်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် မသတ်မှတ်နိုင်သေးဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

MCN သတင်းဌာနရဲ့ Streamiz Show အစီအစဉ်ကနေ ထိုင်းနိုင်ငံမှာ မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ (AAPP) ရဲ့ အတွင်းရေးမှူး ဦးဘိုကြည်ကို ဆက်သွယ်မေးမြန်းစဉ်မှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

အဲ့ဒီလိုပြောကြားရာမှာတော့ AAPP အနေနဲ့ Eleven Media Group က CEO ဒေါက်တာ သန်းထွဋ်အောင်အပါဝင် ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆) (ဃ) နဲ့ အရေးယူ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံရေးအကျဉ်းသားတွေအဖြစ် သတ်မှတ်နိုင်ဖို့ စုံစမ်း ဆွေးနွေးမှုတွေကို ပြုလုပ်ရဦးမယ်လို့လည်း ပြောဆိုထားတာဖြစ်ပါတယ်။

အပြည့်အစုံကို Streamiz Show အစီအစဉ်မှာ ရှုစားကြရမှာဖြစ်ပါတယ်။