ေဒါက္တာ ခါလမ္ ဆမ္ဆြန္ကို တရားစြဲဆိုမႈ ႐ုပ္သိမ္းတာကို အေမရိကန္ ႀကိဳဆို

0
45

ျပစ္မႈဆိုင္ရာ ဥပေဒ ပုဒ္မ ၂၀၀ နဲ႔ တရားစြဲခံရဲတဲ့ ကခ်င္ႏွစ္ခ်င္း ခရစ္ယာန္အဖြဲ႔ခ်ဳပ္ (KBC) ဥကၠ႒ ေဒါက္တာ ခါလမ္ ဆမ္ဆြန္ကို တရားစြဲဆိုမႈ တပ္မေတာ္က ျပန္လည္ ႐ုပ္သိမ္းလိုက္တဲ့အေပၚ ႀကိဳဆိုေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ သံ႐ံုးက ႀကိဳဆိုေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။

ဒီဆုံးျဖတ္ခ်က္ဟာ ျမန္မာႏိုင္ငံအတြင္း ၿငိမ္းခ်မ္းေရးနဲ႔ ေတြ႔ဆုံေဆြးေႏြးေရးအတြက္ အေပါင္းလကၡဏာ ေဆာင္တဲ့အက်ိဳးကို ျဖစ္ေစမယ္လို႔လည္း ေမွ်ာ္လင့္ေၾကာင္း၊ ျပည္သူအားလုံးရဲ႕ လူ႔အခြင့္အေရးနဲ႔ အေျခခံ လြတ္လပ္ခြင့္ကို ေလးစားတန္ဖိုးထားၿပီး ေအးခ်မ္းကာ သာယာဝေျပာတဲ့ ဒီမိုကရက္တစ္ႏိုင္ငံ တစ္ခုအျဖစ္သို႔ ေရာက္ရွိေအာင္ျမင္ရန္ ႀကိဳးပမ္းအားထုတ္ေနတဲ့ ျမန္မာျပည္သူ အားလုံးကို အေမရိကန္ ျပည္ေထာင္စုက ဆက္လက္ အားေပးေထာက္ခံေနေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၇ ရက္ေန႔မွာ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ႏိုင္ငံ ၁၇ ႏိုင္ငံက ဘာသာေရး ဖိႏွိပ္ခံရသူေတြကို ဖိတ္ေခၚရာမွာ ေဒါက္တာ ခါလမ္ ဆမ္ဆြန္လည္း တက္ေရာက္ခဲ့ပါတယ္။ ကခ်င္ျပည္နယ္မွာ တိုက္ပြဲေတြျဖစ္ေနၿပီး တပ္မေတာ္က လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိေၾကာင္း၊ တပ္မေတာ္ ထိပ္တန္း အရာရွိႀကီး ေလးဦးကို ပိတ္ဆို႔အေရးယူမႈ အသစ္ ခ်မွတ္တဲ့အေပၚ ေက်းဇူးတင္ေၾကာင္း ေဒါက္တာ ခါလမ္ ဆမ္ဆြန္က သမၼတ ထရမ့္ကို ေျပာခဲ့ပါတယ္။

ဒေါက်တာ ခါလမ် ဆမ်ဆွန်ကို တရားစွဲဆိုမှု ရုပ်သိမ်းတာကို အမေရိကန် ကြိုဆို


ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀ဝ နဲ့ တရားစွဲခံရဲတဲ့ ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခါလမ် ဆမ်ဆွန်ကို တရားစွဲဆိုမှု တပ်မတော်က ပြန်လည် ရုပ်သိမ်းလိုက်တဲ့အပေါ် ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ကြိုဆိုကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။


ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အပေါင်းလက္ခဏာ ဆောင်တဲ့အကျိုးကို ဖြစ်စေမယ်လို့လည်း မျှော်လင့်ကြောင်း၊ ပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်ကို လေးစားတန်ဖိုးထားပြီး အေးချမ်းကာ သာယာဝပြောတဲ့ ဒီမိုကရက်တစ်နိုင်ငံ တစ်ခုအဖြစ်သို့ ရောက်ရှိအောင်မြင်ရန် ကြိုးပမ်းအားထုတ်နေတဲ့ မြန်မာပြည်သူ အားလုံးကို အမေရိကန် ပြည်ထောင်စုက ဆက်လက် အားပေးထောက်ခံနေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က နိုင်ငံ ၁၇ နိုင်ငံက ဘာသာရေး ဖိနှိပ်ခံရသူတွေကို ဖိတ်ခေါ်ရာမှာ ဒေါက်တာ ခါလမ် ဆမ်ဆွန်လည်း တက်ရောက်ခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိကြောင်း၊ တပ်မတော် ထိပ်တန်း အရာရှိကြီး လေးဦးကို ပိတ်ဆို့အရေးယူမှု အသစ် ချမှတ်တဲ့အပေါ် ကျေးဇူးတင်ကြောင်း ဒေါက်တာ ခါလမ် ဆမ်ဆွန်က သမ္မတ ထရမ့်ကို ပြောခဲ့ပါတယ်။