
0
58




ထောင်တာဝန်ခံ အရာရှိတစ်ဦးနဲ့ ဝန်ထမ်း ၈ ဦး ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ ရက်ကျခံဖို့ အမိန့်ချ


၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဘားအံအကျဉ်းထောင်ဖောက်မှု မှာ တာဝန်ရှိသူတွေကို တရား ရုံးတင် စစ်ဆေးပြီးနောက် ထောင်တာဝန်ခံအရာရှိတစ်ဦး နဲ့ အကျဉ်းထောင်ဝန်ထမ်း ရှစ်ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခုနစ်ရက်စီ ကျခံစေဖို့ အမိန့်ချခဲ့ပါတယ်။


ဖြစ်စဉ်မှာ ထောင်တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူးတစ်ဦးနဲ့ ညွှန်ကြားရေးမှူးရှစ်ဦးကို အကျဉ်း ထောင်အက်ဥပဒေပုဒ်မ ၅၄ (၁) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး သြဂုတ် ၂၆ရက်နေ့က ဘားအံမြို့နယ် တရားရုံးက အမိန့်ချခဲ့တာဖြစ်ပါတယ်။


၂၀၁၈ စက်တင်ဘာ ၁၆ ရက် က ဘားအံအကျဉ်းထောင်က အကျဉ်းသား ၄၂ ဦး ထွက်ပြေးလွတ် မြောက်ခဲ့တာ ဖြစ်ပါတယ်။