ေတးသံရွင္ ၿဖိဳးျပည့္စံုနဲ႔ ေတးေရး ႏွစ္ဦး ျပန္လည္ လြတ္ေျမာက္

0
55

မူးယစ္ေဆးဝါး သံသယမႈနဲ႔ ေခၚယူစစ္ေဆးေနတဲ့ ေတးသံရွင္ ၿဖိဳးျပည့္စံုနဲ႔ ေတးေရးေတြ ျဖစ္တဲ့ ၿငိမ္းခ်မ္းကိုနဲ႔ ေရာ္နီစန္းလြင္တို႔ သံုးဦးကို ျပစ္မႈ မေျမာက္တဲ့အတြက္ ဒီေန႔ ေအာက္တိုဘာလ ၉ ရက္ေန႔ ညေနပိုင္းမွာ ျပန္လႊတ္ေပးလိုက္ပါတယ္။

သူတို႔သံုးဦးနဲ႔ ပတ္သက္လို႔ ဓာတုေဗဒဝန္႐ံုးက စစ္ေဆးၿပီး ျပစ္မႈ မျဖစ္တဲ့အတြက္ ဗဟန္းၿမိဳ႕မရဲစခန္းက ျပန္လႊတ္ေပးလိုက္တာ ျဖစ္ပါတယ္။

တိုင္ၾကားခ်က္ေၾကာင့္ ေအာက္တိုဘာလ ၇ ရက္ေန႔က ဗဟန္းၿမိဳ႕နယ္၊ ဆရာစံ ရပ္ကြက္၊ ကမာၻေအးဘုရားလမ္း၊ ျမန္မာပလာဇာရွိ ေကာ္ဖီဆိုင္တစ္ဆိုင္ကို ေရာက္ရွိလာသူ ေတးသံရွင္ ၿဖိဳးျပည့္စံု (၃၂ ႏွစ္)၊ ၿငိမ္းခ်မ္းကို (၂၄ ႏွစ္) နဲ႔ ေရာ္နီစန္းလြင္ (၃၂ ႏွစ္) တို႔ စီးလာတဲ့ ယာဥ္ေနာက္ခန္း ထိုင္ခံုေပၚရွိ ေက်ာပိုးအိတ္အတြင္းက ပလတ္စတစ္ဘူးနဲ႔ ထည့္ထားတဲ့ မူးယစ္ေဆးျပားလို႔ မသကၤာတာ ေတြ႔ရွိလို႔ ေခၚယူစစ္ေဆးခဲ့တာပါ။

တေးသံရှင် ဖြိုးပြည့်စုံနဲ့ တေးရေး နှစ်ဦး ပြန်လည် လွတ်မြောက်

မူးယစ်ဆေးဝါး သံသယမှုနဲ့ ခေါ်ယူစစ်ဆေးနေတဲ့ တေးသံရှင် ဖြိုးပြည့်စုံနဲ့ တေးရေးတွေ ဖြစ်တဲ့ ငြိမ်းချမ်းကိုနဲ့ ရော်နီစန်းလွင်တို့ သုံးဦးကို ပြစ်မှု မမြောက်တဲ့အတွက် ဒီနေ့ အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

သူတို့သုံးဦးနဲ့ ပတ်သက်လို့ ဓာတုဗေဒဝန်ရုံးက စစ်ဆေးပြီး ပြစ်မှု မဖြစ်တဲ့အတွက် ဗဟန်းမြို့မရဲစခန်းက ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

တိုင်ကြားချက်ကြောင့် အောက်တိုဘာလ ၇ ရက်နေ့က ဗဟန်းမြို့နယ်၊ ဆရာစံ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာရှိ ကော်ဖီဆိုင်တစ်ဆိုင်ကို ရောက်ရှိလာသူ တေးသံရှင် ဖြိုးပြည့်စုံ (၃၂ နှစ်)၊ ငြိမ်းချမ်းကို (၂၄ နှစ်) နဲ့ ရော်နီစန်းလွင် (၃၂ နှစ်) တို့ စီးလာတဲ့ ယာဉ်နောက်ခန်း ထိုင်ခုံပေါ်ရှိ ကျောပိုးအိတ်အတွင်းက ပလတ်စတစ်ဘူးနဲ့ ထည့်ထားတဲ့ မူးယစ်ဆေးပြားလို့ မသင်္ကာတာ တွေ့ရှိလို့ ခေါ်ယူစစ်ဆေးခဲ့တာပါ။