
0
438




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောမီးဘေး ဒုက္ခသည်တွေအတွက် ကိုရီးယားအနုပညာရှင်တွေ ကူညီ

တောင်ကိုရီးယား တောမီးလောင်ကျွမ်းမှုကြောင့် ဘေးဒုက္ခခံရသူတွေကို တောင်ကိုရီးယား အနုပညာရှင်တွေ ကူညီလှူဒါန်းမှုတွေ လုပ်ခဲ့ကြပါတယ်။

တောင်ကိုရီးယား အမျိုးသမီးအဆိုတော် IU က တောမီးကြောင့် ဘေးဒုက္ခရောက်ခဲ့တဲ့ ကလေးငယ်တွေ အတွက် ဝမ်ငွေ သန်း ၁၀ဝ လှူဒါန်းခဲ့ပါတယ်။ မင်းသား ဆောင်ဂျွန်ကီကလည်း ဝမ် သန်း ၃၀ ကူညီ လှူဒါန်းခဲ့ပါတယ်။ အခုလို ကူညီလှူဒါန်းမှုတွေက  တောမီးကြောင့် ဘေးဒုက္ခ ခံရသူတွေအတွက် စာနာမှုကို ပြသတာဖြစ်တယ်လို့ မင်းသား ဆောင်ဂျွန်ကီက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဂမ်ဝမ်ဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက တောမီး ပြင်းထန်စွာ လောင်ကျွမ်းခဲ့လို့ လူထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ တောမီးကြောင့် ၆၁၈ ဧကနဲ့ အိမ်ပေါင်း ၁၂၅ လုံး ပျက်စီးသွားခဲ့ရပါတယ်။