ေတာင္ကုိရီးယားနုိင္ငံကုိ ျမန္မာေရလုပ္သားေတြ စတင္ေစလႊတ္

0
39

ေတာင္ကုိရီးယားႏုိင္ငံရွိ ေရလုပ္ငန္းေတြမွာ လုပ္ကိုင္ႏုိ္င္ဖုိ႔အတြက္ ျမန္မာလုပ္သား ၁၁ ဦးကုိ စတင္ ေစလႊတ္ေနၿပီျဖစ္ေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးမ်ဳိးေအာင္က ေျပာပါတယ္။

ၾသဂုတ္လ ၁၆ ရက္ေန႔က ေနျပည္ေတာ္ရွိ သဂၤဟဟိုတယ္မွာ ျပဳလုပ္တဲ့ ၁၂ ႀကိမ္ေျမာက္ ေရႊ႕ေျပာင္း အလုပ္သမားဆိုင္ရာ အာဆီယံဖိုရမ္အတြက္ ႏိုင္ငံအဆင့္ သုံးပြင့္ဆိုင္ အႀကိဳလုပ္ငန္းညိႈနိႈင္း အစည္းအေဝး ရပ္နားခ်ိန္မွာ မီဒီယာေတြကုိ ေျပာၾကားခဲ့တာပါ။ လုပ္သား၁၁ ဦးကုိ ကနဦး ေစလႊတ္တာျဖစ္ၿပီး လုပ္ခလစာအေနနဲ႔ ျမန္မာေငြက်ပ္ ၆ သိန္းဝန္းက်င္ခန္႔ ရရွိမွာျဖစ္ေၾကာင္းနဲ႔ ကာကြယ္ေစာင့္ေရွာက္မႈ အပိုင္းေတြမွာလည္း အျပည့္အဝ ခံစားခြင့္ ရရွိမွာျဖစ္တယ္လုိ႔ ဦးမ်ဳိးေအာင္က ေျပာပါတယ္။

ကိုရီးယား ငါးဖမ္းသေဘာၤေတြမွာ အလုပ္လုပ္ကိုင္မယ့္ ျမန္မာလုပ္သားေတြကုိ E-10 Visa (ႏွစ္ႏိုင္ငံ နားလည္မႈျဖင့္ ေစလႊတ္သည့္ဗီဇာ) နဲ႔  တရားဝင္ ေစလႊတ္ခြင့္ျပဳေနတာ ျဖစ္ပါတယ္။ EC contract ၊ အက်ိဳးခံစားခြင့္၊ ကာကြယ္ ေစာင့္ေရွာက္မႈ၊ သင္တန္းေတြေပးၿပီးသာ ေစလႊတ္သြားမွာျဖစ္ၿပီး ကိုရီးယားဘာသာ စကား က်ြမ္းက်င္ရမွာလည္း ျဖစ္ပါတယ္။

တောင်ကိုရီးယားနိုင်ငံကို မြန်မာရေလုပ်သားတွေ စတင်စေလွှတ်


တောင်ကိုရီးယားနိုင်ငံရှိ ရေလုပ်ငန်းတွေမှာ လုပ်ကိုင်နိ်ုင်ဖို့အတွက် မြန်မာလုပ်သား ၁၁ ဦးကို စတင် စေလွှတ်နေပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။


သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ပြုလုပ်တဲ့ ၁၂ ကြိမ်မြောက် ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်အတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုပ်ငန်းညှိုနှိုင်း အစည်းအဝေး ရပ်နားချိန်မှာ မီဒီယာတွေကို ပြောကြားခဲ့တာပါ။ လုပ်သား၁၁ ဦးကို ကနဦး စေလွှတ်တာဖြစ်ပြီး လုပ်ခလစာအနေနဲ့ မြန်မာငွေကျပ် ၆ သိန်းဝန်းကျင်ခန့် ရရှိမှာဖြစ်ကြောင်းနဲ့ ကာကွယ်စောင့်ရှောက်မှု အပိုင်းတွေမှာလည်း အပြည့်အဝ ခံစားခွင့် ရရှိမှာဖြစ်တယ်လို့ ဦးမျိုးအောင်က ပြောပါတယ်။


ကိုရီးယား ငါးဖမ်းသင်္ဘောတွေမှာ အလုပ်လုပ်ကိုင်မယ့် မြန်မာလုပ်သားတွေကို E-10 Visa (နှစ်နိုင်ငံ နားလည်မှုဖြင့် စေလွှတ်သည့်ဗီဇာ) နဲ့ တရားဝင် စေလွှတ်ခွင့်ပြုနေတာ ဖြစ်ပါတယ်။ EC contract ၊ အကျိုးခံစားခွင့်၊ ကာကွယ် စောင့်ရှောက်မှု၊ သင်တန်းတွေပေးပြီးသာ စေလွှတ်သွားမှာဖြစ်ပြီး ကိုရီးယားဘာသာ စကား ကျွမ်းကျင်ရမှာလည်း ဖြစ်ပါတယ်။