ေတာင္ကိုရီးယား သမၼတ ေနျပည္ေတာ္မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ေတြ႔ဆံု

0
61

ထိုင္း၊ ျမန္မာ၊ လာအို အေရွ႕ေတာင္အာရွ သံုးႏိုင္ငံ ခရီးစဥ္ ထြက္ခြာလာတဲ့ ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းဟာ ဒီေန႔ စက္တင္ဘာလ ၃ ရက္ေန႔မွာ ေနျပည္ေတာ္ကို ေရာက္ရွိၿပီး ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အရင္ဆံုး ေတြ႔ဆံုမွာ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ေတြ႔ဆံုစဥ္ ႏွစ္ႏိုင္ငံ ပူးတြဲေဆာင္ရြက္မယ့္ ကိစၥေတြ၊ ေတာင္ကိုရီးယားနဲ႔ အာဆီယံၾကား ပူးေပါင္းေဆာင္ရြက္ေရး၊ ကိုရီးယားကြ်န္းဆြယ္မွာ ျဖစ္ေပၚေနတဲ့ ကိစၥေတြကို ေဆြးေႏြးမွာ ျဖစ္တဲ့အျပင္ ဘဂၤါလီ အေရးနဲ႔ ပတ္သက္လို႔လည္း ေဆြေႏြးဖို႔ ရွိတယ္လို႔ အာရီရန္ ကိုရီးယားသတင္းမွာ ေဖာ္ျပထားပါတယ္။

အဲဒီေနာက္ သမၼတ ဦးဝင္းျမင့္နဲ႔လည္း ေတြ႔ဆံုမွာျဖစ္ၿပီး ေတာင္ကိုရီးယားရဲ႕ ‘ေတာင္ပိုင္း မူဝါဒသစ္’ ကို အေထာက္အကူျဖစ္ေစမယ့္ ႏွစ္ႏိုင္ငံ လုပ္ေဆာင္မယ့္ကိစၥေတြ၊ ေတာင္ကိုရီးယား ကုမၸဏီေတြ ျမန္မာေစ်းကြက္ကို ဝင္ေရာက္ေရးေတြကို ေဆြးေႏြးမွာ ျဖစ္ပါတယ္။ မနက္ျဖန္ စက္တင္ဘာလ ၄ ရက္ေန႔မွာေတာ့ ေတာင္ကိုရီးယား သမၼတဟာ ရန္ကုန္ၿမိဳ႕ကို လာေရာက္ၿပီး စီးပြားေရးဖိုရမ္မွာ မိန္႔ခြန္းေျပာမွာ ျဖစ္ပါတယ္။  

တောင်ကိုရီးယား သမ္မတ နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံ


ထိုင်း၊ မြန်မာ၊ လာအို အရှေ့တောင်အာရှ သုံးနိုင်ငံ ခရီးစဉ် ထွက်ခွာလာတဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းဟာ ဒီနေ့ စက်တင်ဘာလ ၃ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်ဆုံး တွေ့ဆုံမှာ ဖြစ်ပါတယ်။


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မယ့် ကိစ္စတွေ၊ တောင်ကိုရီးယားနဲ့ အာဆီယံကြား ပူးပေါင်းဆောင်ရွက်ရေး၊ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်တဲ့အပြင် ဘင်္ဂါလီ အရေးနဲ့ ပတ်သက်လို့လည်း ဆွေနွေးဖို့ ရှိတယ်လို့ အာရီရန် ကိုရီးယားသတင်းမှာ ဖော်ပြထားပါတယ်။


အဲဒီနောက် သမ္မတ ဦးဝင်းမြင့်နဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး တောင်ကိုရီးယားရဲ့ ‘တောင်ပိုင်း မူဝါဒသစ်’ ကို အထောက်အကူဖြစ်စေမယ့် နှစ်နိုင်ငံ လုပ်ဆောင်မယ့်ကိစ္စတွေ၊ တောင်ကိုရီးယား ကုမ္ပဏီတွေ မြန်မာဈေးကွက်ကို ဝင်ရောက်ရေးတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ မနက်ဖြန် စက်တင်ဘာလ ၄ ရက်နေ့မှာတော့ တောင်ကိုရီးယား သမ္မတဟာ ရန်ကုန်မြို့ကို လာရောက်ပြီး စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။