ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းကို လူႀကိဳက္ႏႈန္း က်ဆင္း

0
39

ေတာင္ကိုရီးယား လူထုစစ္တမ္းတစ္ခုမွာ လက္ရွိ သမၼတ မြန္ေဂ်အင္းကို မေထာက္ခံတဲ့ႏႈန္းဟာ ဆက္လက္ ျမင့္မားေနေသးတာကို ျပသေနပါတယ္။

Gallup Korea က ေကာက္ယူထားတဲ့ စစ္တမ္းမွာ လူေပါင္း ၁၀၀၀ ေလာက္က ေျဖၾကားခဲ့ၾကပါတယ္။ သမၼတ မြန္ေဂ်အင္းကို ေထာက္ခံမႈႏႈန္းဟာ ၄၄ ရာခုိင္ႏႈန္းပဲရွိၿပီး မေထာက္ခံတဲ့ႏႈန္းဟာ ၄၉ ရာခိုင္ႏႈန္းမွာ မေျပာင္းမလဲ တည္ရွိေနပါတယ္။ သမၼတ မြန္ေဂ်အင္းရဲ႕ အနီးကပ္ လက္ေထာက္ ခ်ိဳကုကို တရားေရးဝန္ႀကီးအျဖစ္ ခန္႔ထားဖို႔ ေ႐ြးခ်ယ္ခဲ့တာနဲ႔ ပတ္သက္ၿပီးေတာ့လည္း စစ္တမ္းေျဖဆိုသူေတြကို ေမးျမန္းခဲ့ပါတယ္။ မစၥတာ ခ်ိဳနဲ႔ သူ႔မိသားစုဟာ အက်င့္ပ်က္ျခစားမႈ အရႈပ္ေတာ္ပုံမွာ ပါဝင္ပတ္သက္တယ္လို႔ စြပ္စြဲခံထားရပါတယ္။

ေျဖၾကားသူေတြရဲ႕ ၅၇ ရာခိုင္ႏႈန္းက မစၥတာ ခ်ိဳဟာ အဲဒီ ရာထူးနဲ႔ မသင့္ေတာ္ဘူးလို႔ ေျဖၾကားခဲ့ၾကၿပီး ၂၇ ရာခိုင္ႏႈန္းကသာ သင့္ေတာ္တယ္လို႔ ေျဖခဲ့ပါတယ္။ ဂ်ပန္နဲ႔ ကုန္သြယ္ေရး၊ ႏိုင္ငံေရးနဲ႔ သမိုင္းေရးဆိုင္ရာ အျငင္းပြားမႈေတြအေပၚ သမၼတ မြန္ေဂ်အင္းရဲ႕ ကိုင္တြယ္ေျဖရွင္းပုံနဲ႔ ပတ္သက္ၿပီး ေမးျမန္းရာမွာ ေျဖဆိုသူေတြရဲ႕ ၅၅ ရာခိုင္ႏႈန္းက သူေကာင္းေကာင္း လုပ္ေဆာင္ေနတယ္လို႔ ေျဖၾကားၿပီး ၃၄ ရာခိုင္ႏႈန္းက မလုပ္ေဆာင္ဘူးလို႔ ေျဖၾကပါတယ္။

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းကို လူကြိုက်နှုန်း ကျဆင်း

တောင်ကိုရီးယား လူထုစစ်တမ်းတစ်ခုမှာ လက်ရှိ သမ္မတ မွန်ဂျေအင်းကို မထောက်ခံတဲ့နှုန်းဟာ ဆက်လက် မြင့်မားနေသေးတာကို ပြသနေပါတယ်။

Gallup Korea က ကောက်ယူထားတဲ့ စစ်တမ်းမှာ လူပေါင်း ၁၀ဝ၀ လောက်က ဖြေကြားခဲ့ကြပါတယ်။ သမ္မတ မွန်ဂျေအင်းကို ထောက်ခံမှုနှုန်းဟာ ၄၄ ရာခိုင်နှုန်းပဲရှိပြီး မထောက်ခံတဲ့နှုန်းဟာ ၄၉ ရာခိုင်နှုန်းမှာ မပြောင်းမလဲ တည်ရှိနေပါတယ်။ သမ္မတ မွန်ဂျေအင်းရဲ့ အနီးကပ် လက်ထောက် ချိုကုကို တရားရေးဝန်ကြီးအဖြစ် ခန့်ထားဖို့ ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း စစ်တမ်းဖြေဆိုသူတွေကို မေးမြန်းခဲ့ပါတယ်။ မစ္စတာ ချိုနဲ့ သူ့မိသားစုဟာ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဖြေကြားသူတွေရဲ့ ၅၇ ရာခိုင်နှုန်းက မစ္စတာ ချိုဟာ အဲဒီ ရာထူးနဲ့ မသင့်တော်ဘူးလို့ ဖြေကြားခဲ့ကြပြီး ၂၇ ရာခိုင်နှုန်းကသာ သင့်တော်တယ်လို့ ဖြေခဲ့ပါတယ်။ ဂျပန်နဲ့ ကုန်သွယ်ရေး၊ နိုင်ငံရေးနဲ့ သမိုင်းရေးဆိုင်ရာ အငြင်းပွားမှုတွေအပေါ် သမ္မတ မွန်ဂျေအင်းရဲ့ ကိုင်တွယ်ဖြေရှင်းပုံနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဖြေဆိုသူတွေရဲ့ ၅၅ ရာခိုင်နှုန်းက သူကောင်းကောင်း လုပ်ဆောင်နေတယ်လို့ ဖြေကြားပြီး ၃၄ ရာခိုင်နှုန်းက မလုပ်ဆောင်ဘူးလို့ ဖြေကြပါတယ်။