ေတာင္ကိုရီးယား စစ္ေရးေလက်င့္မႈအေပၚ ဂ်ပန္ ကန္႔ကြက္

0
39

ဂ်ပန႔္ပင္လယ္ထဲက တာကဲရွီမားကြၽန္းစုမွာ ေတာင္ကိုရီးယားက ျပဳလုပ္ေနတဲ့ စစ္ေရးေလ့က်င့္မႈေတြအေပၚ ဂ်ပန္ဘက္က ကန္႔ကြက္ခဲ့ပါတယ္။ 

အဲဒီကြၽန္းစုကို ေတာင္ကိုရီးယားက ထိန္းခ်ဳပ္ထားၿပီး ဒီကြၽန္းေတြဟာ ဂ်ပန္ပိုင္နက္နယ္ေျမ ျဖစ္တယ္လို႔ ဂ်ပန္က ေျပာပါတယ္။ အဲဒီကြၽန္းစုနဲ႔ အနီးပတ္ဝန္းက်င္မွာ ေတာင္ကိုရီးယား ေရတပ္က ေတာင္ကိုရီးယား စစ္တပ္၊ ေလတပ္၊ ကမ္းေျခေစာင့္တပ္ေတြနဲ႔အတူ ႏွစ္ရက္ၾကာ စစ္ေရးေလ့က်င့္မႈေတြ ျပဳလုပ္သြားမယ္လို႔ ေျပာခဲ့ပါတယ္။

အဲဒီ ကြၽန္းေတြေပၚမွာ ေျခကုပ္ယူဖို႔ ႀကိဳးပမ္းေနတာကို ဟန္႔တားတဲ့အေနနဲ႔ ေတာင္ကိုရီးယားဟာ တစ္ႏွစ္ကို ႏွစ္ႀကိမ္ စစ္ေရးေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ႏွစ္ႏိုင္ငံရဲ႕ ဆက္ဆံေရးေတြဟာ ကုန္သြယ္ေရး၊ စစ္အတြင္းက အလုပ္သမားေတြကို အတင္းအက်ပ္ အလုပ္ခိုင္းေစခဲ့တဲ့အေရးနဲ႔ တျခားအေရး ကိစၥေတြေၾကာင့္ တင္းမာလာေနပါတယ္။ အဲဒီလို တင္းမာမႈေတြေၾကာင့္ ႏွစ္ႏိုင္ငံအၾကား ေထာက္လွမ္းေရးဆိုင္ရာ သတင္းအခ်က္အလက္ မွ်ေဝေရး သေဘာတူညီခ်က္ကို အဆုံးသတ္ဖို႔ ေတာင္ကိုရီးယားဘက္က ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

တောင်ကိုရီးယား စစ်ရေးလေကျင့်မှုအပေါ် ဂျပန် ကန့်ကွက်

ဂျပန့်ပင်လယ်ထဲက တာကဲရှီမားကျွန်းစုမှာ တောင်ကိုရီးယားက ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေအပေါ် ဂျပန်ဘက်က ကန့်ကွက်ခဲ့ပါတယ်။

အဲဒီကျွန်းစုကို တောင်ကိုရီးယားက ထိန်းချုပ်ထားပြီး ဒီကျွန်းတွေဟာ ဂျပန်ပိုင်နက်နယ်မြေ ဖြစ်တယ်လို့ ဂျပန်က ပြောပါတယ်။ အဲဒီကျွန်းစုနဲ့ အနီးပတ်ဝန်းကျင်မှာ တောင်ကိုရီးယား ရေတပ်က တောင်ကိုရီးယား စစ်တပ်၊ လေတပ်၊ ကမ်းခြေစောင့်တပ်တွေနဲ့အတူ နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီ ကျွန်းတွေပေါ်မှာ ခြေကုပ်ယူဖို့ ကြိုးပမ်းနေတာကို ဟန့်တားတဲ့အနေနဲ့ တောင်ကိုရီးယားဟာ တစ်နှစ်ကို နှစ်ကြိမ် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးတွေဟာ ကုန်သွယ်ရေး၊ စစ်အတွင်းက အလုပ်သမားတွေကို အတင်းအကျပ် အလုပ်ခိုင်းစေခဲ့တဲ့အရေးနဲ့ တခြားအရေး ကိစ္စတွေကြောင့် တင်းမာလာနေပါတယ်။ အဲဒီလို တင်းမာမှုတွေကြောင့် နှစ်နိုင်ငံအကြား ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက် မျှဝေရေး သဘောတူညီချက်ကို အဆုံးသတ်ဖို့ တောင်ကိုရီးယားဘက်က ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။