
0
48


စက်တင်ဘာလ ၉ ရက်ေန့က အာဆီယံ အပေါင်း – ၃၊ အရေးပေါ်အရန်ဆန် ရိက္ခာအစီအစဉ် ၃ အရ တောင်ကိုရီးယားနိုင်ငံက ထောက်ပံ့လှူဒါန်းတဲ့ ဆန်တန်ချိန် ၈၂ ဒသမ ၂တန်ကို သဘာဝဘေးသင့် ပြည်သူတွေထံ ထောက်ပံ့နိုင်ဖို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့တာပါ။


တောင်ကိုရီးယားက လှူဒါန်းတဲ့ ဆန်ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်


တောင်ကိုရီးယားနိုင်ငံက လှူဒါန်းတဲ့ ဆန်တန်ချိန် ၈၂ ဒသမ ၂ တန်ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
စက်တင်ဘာလ ၉ ရကေ်န့က အာဆီယံ အပေါင်း – ၃၊ အရေးပေါ်အရန်ဆန် ရိက္ခာအစီအစဉ် ၃ အရ တောင်ကိုရီးယားနိုင်ငံက ထောက်ပံ့လှူဒါန်းတဲ့ ဆန်တန်ချိန် ၈၂ ဒသမ ၂တန်ကို သဘာဝဘေးသင့် ပြည်သူတွေထံ ထောက်ပံ့နိုင်ဖို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့တာပါ။


အခမ်းအနားမှာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးအောင်ဇော်နိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ APTERR အတွင်းရေးမှူး အကြီးအကဲ မစ္စတာ ချမ်ပီသီယာ၊ စိုက်ပျိုးရေးဦးစီးဌာန APTERR ကောင်စီဝင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ ညွှန်ကြားရေးမှူး ဦးကိုကိုကြီးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။