
0
36




တေလဂူ သတင်းဝက်ဘ်ဆိုဒ် တည်ထောင်သူကို လွှတ်ပေးဖို့ CPJ တောင်းဆို

တေလဂူ သတင်းဝက်ဘ်ဆိုဒ်ဖြစ်တဲ့ တိုလီဗေလူဂူကို တည်ထောင်သူ ရာဗီ ပရာကက်ရှ်ကို ဖမ်းဆီးထားတာကနေ အမြန်ဆုံး လွှတ်ပေးဖို့ အိန္ဒိယနိုင်ငံ၊ တေလန်ဂါနာပြည်နယ် အစိုးရကို ဂျာနယ်လစ်များအား ကာကွယ်ရေး ကော်မတီ (CPJ) က တောင်းဆိုလိုက်ပါတယ်။

သူ့ရဲ့ မီဒီယာအလုပ်ကြောင့် ထိခိုက်အန္တရာယ်ဖြစ်တာမိုး မရှိစေဖို့ သေချာစေလိုကြောင်းလည်း CPJ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပရာကက်ရှ်ဟာ TV9 သတင်းဌာနမှာ တာဝန်ယူစဉ် သတင်းမှားတွေကို ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲပြီး ဟိုက်ဒရာဘတ် ရဲတပ်ဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။ ပရာကက်ရှ်ဟာ ပြီးခဲ့တဲ့ မေလက TV9 သတင်းဌာနကနေ အလုပ်ထွက်ခဲ့သူ ဖြစ်ပါတယ်။